အောင်မင်္ဂလာအဝေးပြေးကားဝင်းဧရိယာအတွင်း Grab ခရီးစဉ် ဘိုကင်တွေကို စောင့်ဆိုင်းလက်ခံနိုင်တဲ့ တန်းစီစနစ်နဲ့ ပြေးဆွဲတဲ့အစီအစဉ်ကို  ဩဂုတ် ၂၈ ရက်မှာ စမ်းသပ်စတင်တော့မှာ ဖြစ်ပါတယ်။  

ခရီးစဉ်တွေကို ဘယ်လိုစောင့်ဆိုင်းလက်ခံမလဲ

 မိတ်ဆွေအနေနဲ့ အဝေးပြေးကားဝင်းရဲ့ အောက်ပါ ဧရိယာထဲ ဝင်ရောက်လာတာနဲ့  အဝင်နှုတ်ဆက်မက်ဆေ့ချ်နဲ့အတူ တန်းစီနံပါတ်ကို အသိပေးတဲ့စာကို Grab app က တစ်ဆင့် လက်ခံရရှိမှာပါ။ 

တန်းစီ နံပါတ် ၁ မှ ၂၀ အတွင်း ဝင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ အောက်ပါ သတ်မှတ်စောင့်ဆိုင်းကားပါကင်နေရာမှာ ခရီးသည်တင်ဆောင်ဖို့ အသင့်စောင့်ဆိုင်းပေးရမှာပါ။

သတ်မှတ်ချက်များ

  • တန်းစီနံပါတ်ရထားပြီး အဝေးပြေးဝင်းပြင်ပ ရောက်ရှိသွားပါက အက်ပ်ကတစ်ဆင့် သတိပေးစာတွေကို မိနစ်ခြားပြီး ပေးပို့နေမှာပါ။  ပေးပို့စာတွေ ရရှိပါက အချိန်မီ သတ်မှတ်ဝင်းနေရာထဲ ပြန်လာရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန် မိနစ်ကျော်လွန်တာနဲ့ မိမိရထားတဲ့ တန်းစီနံပါတ်က ပျက်ပြယ်သွားမှာဖြစ်ပြီး အစကနေ ပြန်တန်းစီရမှာဖြစ်ပါတယ်။
  • တန်းစီနံပါတ် ယူထားပြီး ခရီးစဉ်ကို  ၃ ကြိမ် တိုင်တိုင် ပယ်ဖျက်ပါက နောင် အဝေးပြေးဝင်းအတွင်း ခရီးစဉ်ရရှိမှုကို ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။
  • ခရီးသည်လက်ခံနိုင်ဖို့ Credit Wallet ထဲမှာ ငွေကြေးလုံလောက်မှုရှိမရှိ မကြာမကြာစစ်ဆေးပေးပါ။ လုံလောက်မှုမရှိပါက ခရီးစဉ်အော်ဒါ ရရှိမှာ မဟုတ်ပါဘူး။

အကူအညီ

  • ယာဉ်မောင်းတွေ တန်းစီစနစ်နဲ့ အဆင်ပြေစေဖို့နဲ့ ဘိုကင်တွေ ရရှိနေစေဖို့ Grab ဝန်ထမ်းများနဲ့ ဘိုကင်ကောင်တာတွေ ထားရှိပေးထားပါတယ်။  လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ သိလိုတာ ရှိပါက မေးမြန်းအကူအညီတောင်းခံနိုင်ပါတယ်။