Grab ယာဉ်မောင်း အက်ပလီကေးရှင်း အတွင်းမှ Credit Wallet ထဲသို့   Grab ရဲ့ ငွေဖြည့်ကဒ် အသုံးပြုပြီး တိုက်ရိုက်ငွေဖြည့်နိုင်ပါပြီ

မိတ်ဖက်ယာဉ်မောင်းများ စိတ်ကျေနပ်မှုရရှိစေရေးနှင့် Grab အက်ပလီကေးရှင်း အသုံးပြုတဲ့အခါ ပိုမို  အဆင်ပြေ လွယ်ကူဖို့ အတွက် Grab မှ အကောင်းဆုံး စဉ်းစားပြီး နည်းပညာ အသစ်များ တီထွင်ဖန်တီး လျက်ရှိပါတယ်။ ယခုအခါမှာ မိတ်ဆွေတို့အတွက် အစီအစဉ်ကောင်းတစ်ခုလည်းဖြစ်၊ ငွေဖြည့်သွင်းရတာလဲ ပိုမို လွယ်ကူစေမယ့်  Grab ငွေဖြည့်ကဒ် (Grab Credit Top Up Card) ဖြင့် Credit Wallet အတွင်း ငွေဖြည့်နိုင်သည့် လုပ်ဆောင်ချက်ကို ဖော်ဆောင်နိုင်ခဲ့ပါပြီ။ 

Grab ရဲ့  ငွေဖြည့်ကဒ်များပေါ်တွင် ခဲခြစ်ပြီး ကုဒ်နံပါတ်များ ရိုက်ထည့်လိုက်ရုံနဲ့  မိတ်ဆွေတို့ရဲ့ Credit Wallet အတွင်း ဖုန်းငွေဖြည့်သလို လွယ်ကူစွာ ငွေဖြည့်နိုင်မှာ ဖြစ်ပါတယ်။ Grab ရဲ့  ငွေဖြည့်ကဒ်များကို လက်ရှိအချိန်တွင် ၁၀၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်အဖြစ် ထုတ်လုပ်ထားပြီး များမကြာမီအချိန်တွင်  ၃၀၀၀ ကျပ်တန်နှင့် ၅၀၀၀ ကျပ်တန်ငွေဖြည့် ကဒ်များကိုပါ ဆက်လက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

 ခဲခြစ်ငွေဖြည့်ကဒ် နမူနာပုံစံ

Credit Wallet ထဲသို့ ငွေဖြည့်သွင်းတဲ့ အချိန်တိုင်း ရုံးကို လာရတာ အခက်အခဲရှိတယ်ဆိုတဲ့ မိတ်ဆွေ ယာဉ်မောင်းများရဲ့  အခက်အခဲကို Grab မှ ငွေဖြည့်ကဒ်လေးများဖန်တီးပြီး ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။ Grab ရဲ့   ငွေဖြည့်ကဒ်များကို  Grab ရုံးချုပ်၊ Crystal Tower ကားပါကင်နှင့် Junction Mawtin ရှိ Grab ကောင်တာတို့မှာ ၀ယ်ယူရရှိ နိုင်ပါတယ်။ခရီးစဉ်များစွာ ပို့ဆောင်နေရင်းနဲ့ပဲ လွယ်ကူ မြန်ဆန်စွာနဲ့  ငွေဖြည့်သွင်းခြင်းများ ဆောင်ရွက်နိုင်မှာမို့ မိတ်ဆွေယာဉ်မောင်းများ စိတ်တိုင်းကျမယ်လို့ လည်း မျှော်လင့်မိပါတယ်။ 

Grab ရဲ့ ငွေဖြည့်ကဒ် အသုံးပြုပြီး  ငွေဖြည့်မယ်ဆိုရင် အကျိုးကျေးဇူးများအနေနဲ့ 

  • ကဒ်ဝယ်ယူထားပြီး အချိန်၊ နေရာမရွေး ငွေဖြည့်သွင်းနိုင်ခြင်း
  • ယခင်ငွေဖြည့်ခြင်း လုပ်ငန်းစဉ်ထက် ပိုမိုမြန်ဆန်ခြင်း
  • ခရီးစဉ်များစွာ ပို့ဆောင်နေရင်းပင် ရုံးသို့ လာစရာမလိုဘဲ ချက်ချင်း ငွေဖြည့်သွင်းနိုင်ခြင်း
  • ပိတ်ရက်များတွင်တောင် သက်သောင့်သက်သာ ငွေဖြည့်သွင်းနိုင်ခြင်း

Grab ငွေဖြည့်ကဒ် အသုံးပြုပြီး Credit Wallet ထဲသို့ ငွေဖြည့်ပုံအဆင့်ဆင့်ကို အောက်တွင် လေ့လာနိုင်ပါတယ်။

အဆင့် (၁) Grab Driver App ကို ဖွင့်ပြီး Wallet ကို နှိပ်ပါ

အဆင့် (၂) Credit Wallet ကိုနှိပ်ပါ

အဆင့် (၃) Top up with pin ကို ရွေးပါ

အဆင့် (၄) ကုဒ်နံပါတ်ရိုက်ထည့်ဖို့ ကွက်လပ်ကို နှိပ်ပါ

အဆင့် (၅) ဘောင်ချာပေါ်မှ ခဲခြစ်ကုဒ် ၁၆ လုံးကို ကူးယူ ရိုက်ထည့်ပြီး OK နှိပ်ပါ

အဆင့် (၆) ကုဒ်နံပါတ်မှားနေပါက ယခုကဲ့သို ပေါ်လာပါမည်

အဆင့် (၇) ကုဒ်နံပါတ်မှန်ပါက Successful ဟူ၍ ပြပါမည်

အဆင့် (၈) အသုံးပြုပြီးသား ကုဒ်ကို ရိုက်ထည့်မိပါက ယခုကဲ့သို့ Error ပေါ်လာပါမည်

အထက်ပါ ဖော်ပြချက်များကို တစ်ဆင့်ချင်း လေ့လာပြီး မိတ်ဆွေများအားလုံး Grab ရဲ့  ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်ခြင်း လုပ်ငန်းစဉ်များ အဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

 Grab ရဲ့ မိတ်ဖက် ယာဉ်မောင်းများ အားလုံး အဆင်ပြေလွယ်ကူစေရေးက Grab ရဲ့ ရည်ရွယ်ချက်  တစ်ခုဖြစ်တာကြောင့် ယခုကဲ့သို့ မိတ်ဆွေများအားလုံး အဆင်ပြေစေမယ့် လုပ်ဆောင်ချက်များကို အနာဂတ်မှာ ဆက်လိက် ဖန်တီးသွားခြင်းဖြင့် Grab ဟာ မိတ်ဖက်ယာဉ်မောင်းများအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ကြောင်း ဆက်လက်သက်သေပြသွားဦးမှာ ဖြစ်ပါတယ်။ လွယ်ကူချော့မွေ့စွာ ငွေဖြည့်သွင်းနိုင်ကြပါစေ…