Driver Help Centre လုပ်ဆောင်ချက်ကို မိတ်ဆက်ခြင်း

Driver Help Centre ဆိုတာဟာ မိတ်ဆွေတို့အနေနဲ့ Grab နဲ့ လက်တွဲခဲ့တဲ့ ခရီးစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့တဲ့ အခက်အခဲ၊ အကြောင်းကြားလိုမှုတွေကို Grab ထံ အလွယ်တကူ ပြန်လည်တင်ပြနိုင်မယ့် နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် Help Centre ကို ဘယ်လိုသုံးကြမလဲ ဆိုတာ လေ့လာကြည့်ရအောင်..

အရင်ဆုံး Driver App ရဲ့ညာဘက် Menu ကိုနှိပ်ပြီး ထဲက Support ထဲကို ဝင်ရောက်ရမှာပါ။

Support ထဲမှတော့ မိတ်ဆွေတို့အနေနဲ့ Help Centre ဆိုတာကိုတွေ့ရမှာ ဖြစ်ပြီး Help Centre ထဲကို ဝင်ရောက်ပါ။

Help Centre ထဲမှာ အကြောင်းအရာ အမျိုးမျိုး ခွဲထားတဲ့အထဲက မိတ်ဆွေတို့အနေနဲ့ အပေါ်ဆုံးက ပြီးခဲ့သော ခရီးစဉ်ကို ဝင်ရောက်ရင်

အခုလိုအကြောင်းအရာ အမျိုးမျိုး ခွဲထားတာကို တွေ့ရမှာပါ။ မိမိပြောကြားလိုတဲ့ အခက်အခဲ၊ ပြသနာ တစ်ခုကို ရွေးချယ်ရမှာပါ။

ဥပမာ မိတ်ဆွေအနေနဲ့ “ငွေပေးချေမှု (သို့) ခရီးစဉ်အခက်အခဲများ” ထဲကို ဝင်လိုက်ရင် အထဲမှာ ငွေပေးချေမှုနဲ့ ခရီးစဉ်ဆိုင်ရာ ပြသနာခေါင်းစဉ်တွေကို တွေ့ရမှာပါ။

မိမိပြသနာနဲ့ ကိုက်ညီမှု အရှိဆုံး ခေါင်းစဉ် တစ်ခုကို ရွေးချယ်လိုက်ရင် အကြောင်းအရာအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို ဖော်ပြထားမှာ ဖြစ်ပါတယ်။

အောက်နားက အသေးစိတ်အကြောင်းအရာ ဆိုတဲ့ အကွက်မှာ မိတ်ဆွေရဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ရေးသားပေးပို့ပြီး Grab ထံ တိုက်ရိုက် အသိပေးအကြောင်းကြားနိုင်မှာပါ။

အလားတူပဲ ငွေကြေးဆိုင်ရာ အခြားအကြောင်းအရာတွေဖြစ်တဲ့ “GrabPay ခရီးစဉ်အတွက် ယာဉ်စီးခ မရရှိခြင်း၊ ခရီးသည်အား ကျသင့်ငွေထက်ပိုမိုကောက်ခံမိခြင်း၊ အခြားခရီးသည်အား မှားယွင်းတင်ဆောင်ခြင်း၊ လမ်းတံတားကြေးခများ မကောက်ခံမိခြင်း၊ ငွေပေးချေမှုနှင့် အခက်အခဲများ” စတဲ့ ခေါင်းစဉ်တွေအောက်ကနေလည်း မိတ်ဆွေတို့ဟာ ဖော်ပြပါအတိုင်း Grab ထံအသိပေး ဖြေရှင်းနိုင်ပါတယ်။

အကယ်၍ ခရီးသည်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး Grab ရုံးကို Report လုပ်လိုတယ်ဆိုရင် ပထမဆုံး Menu ထဲက ခရီးသည်၏ အပြုအမူနဲ့ ပတ်သက်၍ Feedback ပေးခြင်းဆိုတဲ့ နေရာကို နှိပ်ပြီး

အတွင်းက အကြောင်းအရာတစ်ခုစီကို ထပ်မံရွေးချယ်ပြီး Report လုပ်နိုင်ပါတယ်။

Menu မှာ ဖော်ပြထားတဲ့ အခြားအကြောင်းအရာ တွေဖြစ်တဲ့ ပစ္စည်းပျောက်ဆုံးခြင်းနှင့် ပြန်လည်အပ်နှံခြင်း၊ မတော်တဆထိခိုက်မှု ဖြစ်ပွားခြင်း၊ မိမိ လုံခြုံမှုအတွက် အန္တရာယ် ရှိခြင်းတို့ လိုအကြောင်းအရာတွေမှာတော့ အကြောင်းအရာ အသေးစိတ်ကို ဖတ်ရှုပြီး အောက်မှာ ဖော်ပြထားတဲ့ ဖြစ်ပွားရာ၊ ရက်စွဲ၊ အချိန်၊ ဖြစ်ရပ် အသေးစိတ် စတဲ့ အချက်တွေကို ထည့်သွင်း ရေးသားပြီး Grab ထံ တိုက်ရိုက်အကြောင်း ကြား နိုင်ပါတယ်။

Driver Help Centre လုပ်ဆောင်ချက်ဟာ မိတ်ဆွေတို့အနေနဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့ရင် Hotline ကို ဆက်သွယ်အကြောင်းကြားရမယ့် အစား မိတ်ဆွေတို့ရဲ့ Grab Driver App ထဲမှာတင် ပြသနာတွေကို အလွယ်တကူ အဖြေရှာနိုင်ဖို့အတွက် တန်ဖိုးရှိတဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်လာတော့မှာပါ။