မိတ်ဖက်တို့ရဲ့ပတ်ဝန်းကျင်က မိတ်ဆွေတွေကို GrabTaxi ယာဉ်မောင်းအဖြစ် စာရင်းသွင်းဖို့ ညွှန်းပေးရင်း ညွှန်းပေးသူ ဆုကြေးတွေကို ရယူနိုင်ပါတယ်။
မိတ်ဆွေတို့ရဲ့ အသိ မိတ်ဆွေတွေကို GrabTaxi ယာဉ်မောင်းအဖြစ် စာရင်းသွင်းဖို့ ညွှန်းပေးတဲ့အခါ မိတ်ဆွေရဲ့ အညွှန်းကုတ်ကို မဖြစ်မနေ မျှဝေပေးဖို့ လိုပါတယ်။ မိမိ ညွှန်းပေးလိုက်တဲ့
ယာဉ်မောင်းအသစ်အနေနဲ့ မိတ်ဆွေရဲ့ အညွှန်းကုတ်ကို အသုံးပြုပြီး စာရင်းသွင်းမှသာ ညွှန်းပေးသူ သတ်မှတ်ဆုကြေး ပမာဏကို Cash Wallet ထဲ ချက်ချင်း လက်ခံရရှိမှာပါ။
ညွှန်းပေးသူ နဲ့ ယာဉ်မောင်းအသစ် ဆုကြေး အသေးစိတ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
မှတ်ချက် – Grab နဲ့ လုံးဝမချိတ်ဆက်ဖူးသေးတဲ့ ယာဉ်မောင်းအသစ်အတွက်ကိုသာ ၎င်းရဲ့ မောင်းနှင်ပြီးစီးမှုအခြေအနေကို မိမိ အက်ပ်အတွင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ခေါ်ဆောင်လာသူ ယာဉ်မောင်းအသစ်ဟာ အရင်က Grab နဲ့ ချိတ်ဆက်ခဲ့ဖူးသူ ဖြစ်ပါက အက်ပ်တွင်း အဆိုပါမှတ်တမ်းကို တိုက်ရိုက်ကြည့်ရှုနိုင်မှာ မဟုတ်ဘဲ ယာဉ်မောင်းစင်တာက ၎င်းရဲ့ မောင်းနှင်ပြီးစီးမှုအလိုက် ညွှန်းဆိုကြေးကို Cash Wallet ထဲ ထည့်ပေးမှာ ဖြစ်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar