Biker Shift လုပ်ဆောင်ချက်နဲ့အတူ သတ်မှတ်ဇုံအတွင်း သီးသန့်ပို့ဆောင်ဖို့ ရွေးချယ်နိုင်ပါပြီ

Biker Shift လုပ်ဆောင်ချက်ဆိုတာ သီးသန့် သတ်မှတ်ဇုံ အတွင်း အစားအသောက်အော်ဒါပို့ဆောင်ဖို့အတွက် မိမိ စိတ်ကြိုက် သတ်မှတ်ဇုံနဲ့ အချိန်ကို သီးသန့် ဝန်ဆောင်မှုပေးဖို့ ရွေးချယ်ရတာ ဖြစ်ပါတယ်။ 

အောက်ဖော်ပြပါဇုံ ၃ ဇုံထဲက မိမိပို့ဆောင်လိုတဲ့ မြို့နယ်ဇုံနဲ့ အချိန်ကို တစ်ရက် ကြိုတင်ရွေးချယ်ပြီး အော်ဒါတွေကို လက်ခံနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဇုံတွင်း အော်ဒါများအတွက် အပိုဆုကြေးနဲ့ ပို့ဆောင်ခ အထူးဆုကြေးအစီအစဉ်

  • ဇုံအတွင်း အော်ဒါတစ်ကြောင်းစီတိုင်းအတွက် Spot Bonus ဆုကြေး ကျပ် ၃၀၀ 
  • ဇုံအတွင်းရှိ Ocean ( လှိုင်သာယာ) ၊ City Mart ( တောင်ဒဂုံ)  နဲ့  Terminal M ရှော့ပင်းမောလ် ၃ ခုက အော်ဒါတွေအတွက် ပို့ဆောင်ခ အထူးဆုကြေး ၂၀၀ ကျပ်စီ 
  • ပုံမှန်ရနေကျ အပိုဆုကြေးတွေဖြစ်တဲ့ ( ညနေပိုင်း အပိုဆုကြေး၊ အကွာအဝေးအလိုက် ပေးအပ်သော အပိုဆုကြေး) စသဖြင့် ကိုလည်း ဆက်လက်ရရှိမှာပါ။

ဆုကြေးတွေ ခံစားနိုင်ဖို့ သတ်မှတ်ချက်များ

  • shift အချိန် အတွင်း အွန်လိုင်းဖွင့် အလုပ်လုပ်ချိန် ၈၀%
  • အော်ဒါပယ်ဖျက်နှုန်း ၁၀% အောက် 

မိမိရွေးချယ်ထားတဲ့ Shift အချိန်အပြီးမှာ ဖော်ပြပါ သတ်မှတ်ချက်နဲ့ကိုက်ညီပါက မိတ်ဆွေတို့ရဲ့ Cash Wallet ထဲကို အပိုဆုကြေးများ တိုက်ရိုက် ဝင်လာမှာ ဖြစ်ပါတယ်။

သတိပြုရန် 

  • Biker Shift ကို အနည်းဆုံး တစ်ရက်ကြိုတင်ရွေးချယ်ပေးဖို့ လိုပါတယ်။
  • ရွေးချယ်ထားတဲ့ အချိန်၊ နေ့ရက်အတွင်း ရွေးထားတဲ့ ဇုံအတွင်းမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ အော်ဒါတွေ လက်ခံရရှိမှာပါ။  
  • Shift ကိုရွေးချယ်ပြီး အော်ဒါတွေမပို့ဆောင်ရင်တော့ အရေးယူဆောင်ရွက်သွားဖို့ရှိလို့ မိမိ Shift အချိန်အတွင်း အော်ဒါတွေကို မလွတ်တမ်းပို့ဆောင်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။ 

 Biker Shift လုပ်ဆောင်ချက်နဲ့အတူ ‌မိမိစိတ်ကြိုက် ဇုံရွေးပြီး အပိုဆုကြေးတွေ ရယူလိုက်ပါ။