အငြင်းပွားဖွယ်တွေကို ရှောင်ရှားနိုင်ဖို့ အော်ဒါပို့ဆောင်တဲ့အခါ
ဓာတ်ပုံရိုက်ပေးပါ

ဆိုင်က အော်ဒါတွေကို သွားယူတဲ့အခါမှာရော၊ မှာယူသူများထံ ပို့ဆောင်တဲ့အခါမှာ ကြုံရနိုင်တဲ့ အမှားအယွင်းတွေနဲ့ အငြင်းပွားမှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အက်ပ်ထဲမှာ ဓာတ်ပုံတွဲတင်ပေးရတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုတဲ့အခါမှာ အောက်ပါအတိုင်း အဆင့်ဆင့်ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒီဓာတ်ပုံတွဲတင်မှုဟာ အော်ဒါ ID မှန်ကန်စေဖို့နဲ့ ပစ္စည်းအစုံအလင် ပါဝင်ကြောင်း သက်သေပြနိုင်ဖို့အတွက် မဖြစ်မနေ အရေးပါပါတယ်။ အကယ်၍ ပုံရိုက်ပို့ဖို့ ပျက်ကွက်ခဲ့ရင် အော်ဒါအဆင့်တွေကို အပြီးသတ်နိုင်မှာ မဟုတ်ဘဲ နောက်ထပ် အော်ဒါအသစ်ဝင်လာမှုကို အဟန့်အတား ဖြစ်စေမှာပါ။

အက်ပ်ပလီကေးရှင်းမှာ ဓာတ်ပုံရိုက်ပြီး အော်ဒါလက်ခံယူနိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။  ( သတိပြုဖို့က ဆိုင်က အော်ဒါ ယူတာပဲ ဖြစ်ဖြစ်၊  မှာယူသူနေရာမှာ ထားခဲ့တာပဲဖြစ်ဖြစ်  အခြေအနေ ၂ မျိုးစလုံးမှာ ရှင်းလင်းတဲ့ အော်ဒါ ID ပါတဲ့ ပြေစာအပါ အော်ဒါ အနီးကပ်နဲ့ အော်ဒါအမျိုးအမည်အားလုံးပါတဲ့ မြင်ကွင်းကျယ်ပုံ နှစ်မျိုးလိုအပ်ပါတယ်)။

မှာယူသူထံ အော်ဒါပို့ဆောင်တဲ့အခါ  အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဓာတ်ပုံရိုက်တဲ့အခါ သတိထားရမယ့်အချက်တွေ 

📱 အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာရိုက်ပါ။ အရိပ်နှင့် အလင်းပြန်မှုများကို ရှောင်ပါ။ 

📱 ပြေစာပေါ်ရှိ Order ID ကို ရှင်းလင်းစွာ မြင်သာစေရန် ရိုက်ပါ။ 

📱 ဆိုင်က ပြေစာမပေးခဲ့ရင်လည်း ပုံသေချာရိုက်ပြီး အော်ဒါလက်ခံ/ပို့ဆောင်နိုင်ပါတယ်။ 

📱 မှာယူသူ ပြောထားသည့်အတိုင်း (ဥပမာ- တံခါးဝ၊ စားပွဲမှာ) ပစ္စည်းကို ထားရှိပြီး ပတ်ဝန်းကျင်ပါအောင် ရိုက်ပေးပါ။

အော်ဒါများစွာဝင်ပြီး ဝင်ငွေတိုးတဲ့နေ့လေးဖြစ်ပါစေ။ 😊