ပုဂံမြေကို Grab ရောက်လာပါပြီ

ပုဂံမြို့အတွင်း ပထမဆုံး သုံးဘီးဝန်ဆောင်မှုတွေအဖြစ် GrabThoneBane ဝန်ဆောင်မှုနဲ့အတူ ပုဂံမြေကို Grab က စတင်အခြေချခဲ့ပါပြီ။ ဒီအတွက် ပုဂံမြို့မှာရှိတဲ့ မိတ်ဆွေယာဉ်မောင်းတွေနဲ့အတူ ခရီးသွားတွေလည်း အရင်ကထက် သွားလာဆက်သွယ်မှုတွေ ပိုမိုမြန်ဆန်သွားစေဖို့အတွက် Grab က အဓိက ရည်ရွယ်ထားပါတယ်။

ဈေးနှုန်းများ

Grab အနေနဲ့ မိတ်ဆွေတို့အားလုံး အဆင်ပြေစေနိုင်ဖို့ ခရီးစဉ်တွေကို နာရီအပိုင်းအခြားနဲ့ သတ်မှတ်ပေးထားပါတယ်။ ခရီးစဉ်တွေရဲ့ ဈေးနှုန်းတွေကို အောက်မှာလေ့လာ ကြည့်ရှုနိုင်ပါတယ်။

ယာဉ်မောင်း စာရင်းသွင်းရန်အတွက်

မိတ်ဆွေအနေနဲ့ Grab နဲ့ ချိတ်ဆက်မောင်းနှင်ဖို့ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဝှီးတက်၊ လုပ်ငန်းလိုင်စင်နဲ့ CB ဘဏ်အကောင့်တွေပဲ လိုအပ်ပါတယ်။ သင့်အနေနဲ့ အထောက်အထား ပြည့်စုံပြီဆိုရင်တော့ Grab ရဲ့ Hotline နံပါတ်ဖြစ်တဲ့ 01-2399900 ကိုဆက်သွယ်လိုက်ပါ။

ဘာကြောင့် Grab နဲ့ ချိတ်ဆက်မောင်းနှင်သင့်လဲ

Grab ဟာ ရန်ကုန်၊ မန္တလေးမြို့တွေမှာ မိတ်ဆွေယာဉ်မောင်းတွေကို အချိန်တိုအတွင်း ခရီးသည်နဲ့ ချိတ်ဆက်ပေးပြီး ယာဉ်မောင်းတွေရဲ့ ဝင်ငွေတိုးပွားစေဖို့ အဓိကထားလုပ်ဆောင်လျှက်ရှိနေပါတယ်။ ပုဂံဒေသတွင်းမှာလည်း မိတ်ဆွေတို့အတွက် အကောင်းဆုံး အစီအစဉ်တွေနဲ့ မိတ်ဆွေနဲ့ ခရီးသည်တွေအကြားချိတ်ဆက်ပေးပြီး ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အကောင်းမွန်ဆုံးခရီးသည်တွေ၊ သတ်မှတ်ချက်တွေနဲ့ Grab ကို အခုပဲ ချိတ်ဆက်မောင်းနှင်လိုက်ပါနော်။

အမေး/အဖြေ

မေး : ကျွန်တော်က ယာဉ်မောင်းတစ်ယောက်ပါ။ Grab နဲ့ ချိတ်ဆက်မောင်းချင်လို့ပါ။ ဘယ်လို စာရင်းသွင်းရပါမလဲ?

ဖြေ : ကျေးဇူးပြုပြီး ၀၁-၂၃၉၉၉၀၀ ကို ခေါ်ဆိုပြီး နာမည်နဲ့ ဖုန်းနံပါတ်ပေးပေးပါ။ ကျွန်တော်တို့ဝန်ထမ်းတွေ ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

မေး : ဘယ်လိုစာရွက်စာတမ်းတွေ ပို့ဖို့ လိုပါသလဲ။

ဖြေ : မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဝှီးတက်၊ လုပ်ငန်းလိုင်စင်၊ CB ဘဏ်အကောင့် တွေလိုအပ်ပါတယ်။

မေး : Grab နဲ့ အလုပ်လုပ်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိမလဲ။

ဖြေ : ယာဉ်မောင်းတွေဟာ ဝင်ငွေပိုမိုတိုးလာစေဖို့ အခွင့်အလမ်းတွေ ရလာနိုင်မှာပါ။ ဒါ့အပြင် အသေးစားလုပ်ငန်ရှင် ၇သန်းကျော် ပါဝင်တဲ့ကွန်ရက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမှာပါ။

မေး : ( My Destination, Auto Accept နဲ့ Passenger No Show တို့လို ) Grab App မှာ ပါတဲ့ လုပ်ဆောင်ချက်တွေဟာ Call Center က ခေါ်ဆိုတဲ့ဘွတ်ကင်ခရီးစဉ်တွေမှာရော ရရှိပါသလား။

ဖြေ : ဟုတ်ကဲ့။ ပုဂံခရီးစဉ်ဘွတ်ကင်တွေအတွက်လည်း ယာဉ်မောင်း အက်ပလီကေးရှင်းတွေက ပုံစံအတူတူပဲ လုပ်ဆောင်မှာဖြစ်ပါတယ်။