အော်ဒါတွေကို မှန်မှန်နဲ့ မြန်မြန် အချိန်မီပို့ဆောင်ပေးနိုင်ဖို့က ပို့ဆောင်သူတိုင်းရဲ့အဓိက စံနှုန်းအရည်အသွေးဖြစ်ပါတယ်။
ဒါကြောင့် အော်ဒါပို့ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှုမရှိစေဖို့
၁။ အက်ပ်မှာ အော်ဒါလက်ခံပြီးတာနဲ့ အော်ဒါရယူရန် ဆိုင်ကို တန်းတန်းမတ်မတ်သွားပါ
၂။ အော်ဒါရတာနဲ့ မှာယူသူထံ အချိန်နဲ့တစ်ပြေးညီ အမြန်ဆုံးသွားရောက်ပို့ဆောင်ပေးပါ
ပို့ဆောင်မှုအရည်အသွေး ကောင်းမွန်စေဖို့အတွက် မှာယူသူဆီ အော်ဒါရောက်သင့်တဲ့အချိန် ရောက်ရှိမှု ရှိမရှိ၊ နှောင့်နှေးကြန့်ကြာမှုရှိမရှိ စတာတွေကို system က ကြည့်ရှုပြီး ကြန့်ကြာတဲ့ အော်ဒါပို့ဆောင်မှုတွေ များလာရင် မိတ်ဖက်တွေရဲ့အကောင့်ကို ယာယီဆိုင်းငံ့တာမျိုး ဖြစ်နိုင်တာမို့ သေချာဂရုစိုက်ပေးစေလိုပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar