ပို့ဆောင်သူတွေအနေနဲ့ စားသုံးသူကို လုံးဝဆက်သွယ်မရတဲ့ အော်ဒါတွေ ကြုံလာတဲ့အခါ Grab အက်ပလီကေးရှင်းရဲ့ Chatbot က တစ်ဆင့် ကိုယ်တိုင်ကိုယ်ကျ အော်ဒါပြီးဆုံးအောင် ဆောင်ရွက်နိုင်ပါတယ်နော်။
Grab Chatbot မှ ဆက်သွယ်ပြီး အော်ဒါပြီးဆုံးအောင် ဆောင်ရွက်မှ အော်ဒါတန်ဖိုးငွေကို ပြန်လည် ရရှိမှာပါ။





➤ မိတ်ဖက်ပို့ဆောင်သူက စားသုံးသူတည်နေရာကို ရောက်ရှိနေရမှာဖြစ်ပြီး မှာယူသူအား ၃ ကြိမ်အထိ GrabCall (သို့မဟုတ်) ဖုန်းမှတစ်ဆင့် ဖုန်းခေါ်ဆိုကာ အနည်းဆုံး ၁၀ မိနစ် စောင့်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။ မိတ်ဖက်ဘက်က ဖုန်း(သို့မဟုတ်) GrabChat စာဖြင့် ဆက်သွယ်ထားသော အထောက်အ ထားများအား Screenshot ရိုက်ပေးထားပါ။
➤ ပို့ဆောင်ရမဲ့နေရာသို့ ရောက်ရှိနေကြောင်းကိုပါ တည်နေရာကို ပုံရိုက်ပြီး GrabChat ကတစ်ဆင့် မှာယူသူအား ပို့ထားပေးပါ။ ၁၀ မိနစ်စောင့်ပြီး ပေါ်မလာပါက မှာယူသူနေရာမှာပဲ အော်ဒါကို Complete လုပ်ပေးပါ။
➤ မိတ်ဖက်အနေနဲ့ အဆိုပါအော်ဒါကို တစ်နာရီကြာတဲ့အထိ သိမ်းထားပေးရမှာ ဖြစ်ပြီး အကယ်၍ ၁ နာရီအတွင်း မှာယူသူ ( သို့မဟုတ်) Grab Support ဘက်က ဆက်သွယ်လာပါက အော်ဒါကို မှာယူသူထံ ပြန်လည်ပေးပို့ပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ပို့ဆောင်ခကို ထပ်မံရရှိမှာပါ။
➤မှာယူသူအား ရှာမတွေ့ခြင်းကြောင့် ရရှိမည့်ငွေအား တောင်းခံနိုင်ရန်အတွက် အော်ဒါ Complete လုပ်ပြီး ၁ နာရီ ပြည့်ပြီးချိန်တွင် Help Center မှတစ်ဆင့် “မှာယူသူအား ရှာမတွေ့ခြင်းကြောင့် ငွေပြန်လည်တောင်းခံခြင်း” ခေါင်းစဉ်အောက်မှာ ပြန်လည်တောင်းခံနိုင်ပါတယ်။
➤ ၁ နာရီအတွင်း ဘာမှထူးခြားမှုမရှိပါက GF-XXX နဲ့စတဲ့ GrabFood အော်ဒါဖြစ်ပါက မိမိနှစ်သက်သလိုစီစဉ်နိုင်ပါတယ်။
GM-xxx နဲ့စတဲ့ GrabMart Order ဖြစ်ပါက ဆိုင်မှာပဲ ပြန်အပ်ပေးပါ။
ဒီတော့ စားသုံးသူနဲ့ အဆက်အသွယ်မရတဲ့အခါ စိတ်ပူစရာမလိုဘဲ အော်ဒါပြီးဆုံးအောင်လုပ်ပြီး လျော်ကြေးပြန်လည်ရယူဖို့ Grab Chatbot ကိုပဲ အသုံးပြုလိုက်တော့နော်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar