ပို့ဆောင်သူတွေအတွက် အော်ဒါလမ်းကြောင်းတစ်ကြောတည်းမှာ မတူညီတဲ့ ဆိုင်တွေက အော်ဒါတွေ လက်ခံပြီး ဝင်ငွေတိုးစေမယ့် လုပ်ဆောင်ချက်ကို လာမယ့် မေလအတွင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။
မတူညီတဲ့ ဆိုင်တွေက အော်ဒါတွေ ဘယ်လို လက်ခံရမလဲ
၁။ ပုံမှန်အတိုင်း အော်ဒါတစ်ကြောင်းကို လက်ခံပြီး မှာယူသူထံ အော်ဒါ မပို့ဆောင်ခင် နောက်ထပ် ဆိုင်တစ်ဆိုင်ဆီက အော်ဒါ တစ်ခု ဝင်လာနိုင်ပါတယ်။ ဒါကြောင့် မိမိ ရရှိတဲ့ နောက်ထပ် အော်ဒါကို မလွတ်သွားစေဖို့ အက်ပ်တွင်း အသိပေးချက်ကို သတိထားကြည့်ဖို့ လိုပါတယ်။
၂။ မတူညီတဲ့ဆိုင် ၂ ဆိုင် ဖြစ်ပေမယ့် တူညီတဲ့လမ်းကြောအတွင်း ချိတ်ဆက်ပေးမှာ ဖြစ်လို့ အော်ဒါလမ်းကြောင်းတစ်လျှောက် အဆင်ပြေပြေ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။
၃။ တစ်ဆိုင်ထက် ပိုတဲ့ အော်ဒါလမ်းကြောင်းတွေအတွက် အထူး အပိုဆုကြေးတွေ ရှိမှာ ဖြစ်ပါတယ်။
စုစုပေါင်း ရရှိမယ့် ပို့ဆောင်ခ
တစ်ဆိုင်ထက် များတဲ့ ဆိုင်အော်ဒါတွေဖြစ်တဲ့အတွက် ပို့ဆောင်ရတဲ့အကွာအဝေးအလိုက်နဲ့ အပိုဆုကြေးတွေ ရရှိမှာဖြစ်လို့ စုစုပေါင်း အော်ဒါလမ်းကြောင်းတစ်ကြောစာအတွက် ပို့ဆောင်ခကို ထိုက်တန်စွာ ရရှိမှာ ဖြစ်ပါတယ်။
အော်ဒါပေးပို့မှု မှန်ကန်စေဖို့ သတိပြုရန်အချက်များ
တစ်ဆိုင်ထက် များတဲ့ဆိုင်အော်ဒါတွေကို ပို့ဆောင်ရင်း ထိုက်တန်တဲ့ ဝင်ငွေဖန်တီးလိုက်ပါ။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar