ငလျင်ဘေးဒဏ်မှာ သက်ရောက်မှုရှိခဲ့တဲ့ မိတ်ဖက်များအတွက် မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေ ကျပ် ၅၀,၀၀၀,၀၀၀ မတည်လိုက်ပါပြီ

မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် အဓိက သက်ရောက်မှု ရှိခဲ့တဲ့ မန္တလေးမြို့နဲ့ နေပြည်တော်ရှိ Grab ပလက်ဖောင်းပေါ်က မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ပို့ဆောင်သူတွေအတွက် ရည်ရွယ်ပြီး  မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေအဖြစ် Grab Myanmar က ကျပ်ငွေ သိန်း ၅၀၀ ကို သီးသန့် မတည်လိုက်ပါတယ်။  

ဒီပလက်ဖောင်းပေါ် မှီတင်းလုပ်ကိုင်နေတဲ့ မိတ်ဖက်တွေရဲ့ ကျန်းမာရေးနဲ့ လူမှုဘဝအခြေအနေ ချောမွေ့စေရေးက Grab အလေးထားရတဲ့ အရာဖြစ်ပါတယ်။  အခု ရန်ပုံငွေက ငလျင်ဒဏ်အတွက် သီးသန့်ဖြစ်ပြီး ပုံမှန်ပေးအပ်နေတဲ့ အထွေထွေကိစ္စတွေအတွက် မိတ်ဖက်ရန်ပုံငွေအစီအစဉ်ကလည်း ဆက်လက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ 

ယခုရန်ပုံငွေလျှောက်ထားရန် လိုအပ်ချက်အနေနဲ့ ပြီးခဲ့တဲ့ ၃ လအတွင်း တစ်လလျှင် အနည်းဆုံး Grab ခရီးစဉ်/ အော်ဒါ ၁ကြောင်း ရှိရမှာဖြစ်ပြီး Grab ပလက်ဖောင်းပေါ်မှာ  လက်ရှိမောင်းနှင်နေတဲ့ မန္တလေးမြို့နဲ့ နေပြည်တော်ရှိ မိတ်ဖက်များအားလုံး (ယာဉ်မောင်း နဲ့ ပို့ဆောင်သူများ) လျှောက်ထားနိုင်ပါတယ်။

ဒီရန်ပုံငွေကို အောက်ပါအကြောင်းအရာနှစ်မျိုးအတွက် လျှောက်ထားနိုင်ပါတယ်။ 

၁) မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိနဲ့ အနီးစပ်ဆုံးမိသားစုဝင်ဖြစ်စေ ထိခိုက်ဒဏ်ရာရမှု၊ ဆေးကုသခံယူရမှု 

၂) အိမ်အပျက်အစီးကြီးကြီးမားမား ဖြစ်ပြီး နေအိမ်တွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိမှု

အထက်ပါအကြောင်းအရာ ၂ မျိုးအတွက် လူ ( သို့မဟုတ်) အိမ်ခြေ ထိခိုက်မှုအခြေအနေဓာတ်ပုံ၊ ဆေးမှတ်တမ်း ( ရှိလျှင်) စတဲ့ သက်ဆိုင်ရာ အထောက်အထားတွေနဲ့အတူ အောက်ဖော်ပြပါ Help Center လင့်မှတစ်ဆင့် လျှောက်ထားနိုင်ပြီး လူကိုယ်တိုင် ထိခိုက်မှုအတွက် ပံ့ပိုးငွေ ကျပ် ၂၀၀,၀၀၀ ၊  အိမ်အပျက်အစီးအတွက် ပံ့ပိုးငွေ ကျပ် ၁၀၀,၀၀၀ ရယူနိုင်မှာပါ။

 အရင် လျှောက်ထားသူတွေကို အရင် ပေးအပ်တဲ့ စနစ်နဲ့  သတ်မှတ်ရန်ပုံငွေ ကုန်ဆုံးသည်အထိ သုံးစွဲသွားမှာ ဖြစ်တဲ့အတွက် အချိန်နဲ့ တစ်ပြေးညီ လျှောက်ထားဖို့ တိုက်တွန်းလိုပါတယ်။  မိတ်ဖက်တစ်ဦးကို ယခုရန်ပုံငွေအကူအညီအတွက် တစ်ကြိမ်သာ လျှောက်ထားခွင့် ရှိမှာ ဖြစ်ပါတယ်။

ပံ့ပိုးမှုကို လျှောက်ထားပြီး အလုပ်လုပ်ရက် ၅ ရက်အတွင်း ပြန်လည်အကြောင်းပြန်ပေးသွားမှာပါ။ 

နေ့စဉ် Grab ပလက်ဖောင်းပေါ်မှာ သုံးစွဲသူတွေကို လုံခြုံစိတ်ချရတဲ့ ခရီးစဉ်တွေ၊  အစားအသောက်ပို့ဆောင်မှုတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှု ပေးနေတဲ့ မိတ်ဖက်တွေအားလုံး ဘေးရန်ကင်းရှင်းပြီး အဆင်ပြေကြပါစေ။

အမေးများသော မေးခွန်းများ

မေး။  ။ ဒီနှစ်အတွင်းမှာပဲ မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို တစ်ခါ လျှောက်ထားဖူးပါတယ်။  ထပ်လျှောက်လို့ ရပါသလား။

ဒီ ငလျင်နဲ့ ပတ်သက်တဲ့လျှောက်ထားမှုတွေအတွက် အရင် လျှောက်ထားဖူးတဲ့ မှတ်တမ်းကို ပြန်ကြည့်မှာ မဟုတ်ပါဘူး။  မန္တလေးမြို့နဲ့ နေပြည်တော်ရှိ မိတ်ဖက်တွေအတွက် ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတဲ့ ရန်ပုံငွေဖြစ်တဲ့အတွက် သတ်မှတ်ချက်နဲ့ ညီတဲ့ မည်သူမဆို လျှောက်ထားလို့ ရမှာ ဖြစ်ပါတယ်။

မေး။  ။  ငလျင်ဘေးဒဏ်မှာ သက်ရောက်မှု ရှိခဲ့တဲ့ မိတ်ဖက်တွေတိုင်း လျှောက်ထားတာနဲ့ တခါတည်းရမှာလား? ဘာသတ်မှတ်ချက်တွေ ရှိသေးလဲ?

သတ်မှတ်ချက်နဲ့အညီ  အထောက်အထားတွေကို ပေးပို့လျှောက်ထားပြီးနောက် အလုပ်လုပ်ရက် ၅ ရက်အတွင်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

မေး။  ။ ရန်ပုံငွေက အများဆုံး ဘယ်လောက်ထိ လျှောက်လို့ရမှာလဲ?

မိတ်ဖက်တစ်ဦးလျှင် လူ ထိခိုက်မှုအတွက် ကျပ် ၂၀၀,၀၀၀ နဲ့ အိမ်အပျက်အစီးအတွက် ကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပါတယ်။

မေး။  ။ ဘယ်နှကြိမ်လျှောက်ထားခွင့်ရှိလဲ?

မိတ်ဖက်တစ်ဦးလျှင် တစ်ကြိမ်သာ လျှောက်ထားခွင့် ရှိပါတယ်။

မေးး။  ။ ငလျင်အတွက် လျှောက်ထားပြီး နောက်မှ ပုံမှန် မိတ်ဖက်ရန်ပုံငွေ ထပ်လျှောက်လို့ရော ရပါသလား?

လက်ရှိတော့ ၂၀၂၅ ခုနှစ်အတွက် တစ်ကြိမ်သာ လျှောက်ထားလို့ ရမှာ ဖြစ်ပါတယ်။