App Experience Update

ယာဉ်မောင်းမိတ်ဆွေများမင်္ဂလာပါ။

သင့်ရဲ့ Grab Driver app သုံးစွဲမှု ပိုမို အဆင်ပြေကောင်းမွန်စေရန် အောက်ပါ ပြောင်းလဲမှုအချို့ကို ပြုလုပ်ထားပါတယ်။

Passenger က ခရီးစဉ်အတွက် ခေါ်လာတဲ့အခါ အရင်အတိုင်းတွေ့ရမှာပါ။ Accept Job ကိုနှိပ်ပြီး ခရီးသည်ထံသွားရောက် Pick-up လုပ်တဲ့ အခါကျရင် App ဗားရှင်းအသစ်ရဲ့ ပုံစံကို တွေ့ရမှာပါ။

 ပိုမိုကြီးမားလာသော in-app map ကို ထည့်သွင်းထားခြင်း

ဗားရှင်းအသစ်မှာ မိတ်ဆွေတို့ဟာ ပိုမိုကျယ်ပြန့်လာတဲ့ မြေပုံနဲ့ ရှင်းလင်းတဲ့ မျက်နှာပြင်ကို တွေ့ရမှာပါ။

ဗားရှင်းအသစ်နှင့်အဟောင်း ကွာခြားမှု

ဗားရှင်းအဟောင်းက အောက်ဖက်က Menu တွေမှာ Call, Chat, Cancel စသည်ဖြင့်တွေ့နိုင်မှာ ဖြစ်ပေမယ့် အသစ်မှာတော့ Call, Chat, Available တို့နဲ့အတူ Pickup, More စတဲ့ ရှင်းလင်းတဲ့ Menu Key တွေကို တွေ့ရမှာပါ။

 အသေးစိတ်အချက်အလက်နှင့် ရွေးချယ်မှုများအတွက် ‘More’ ခလုပ်ကို ထည့်သွင်းပေးထားခြင်း

တကယ်လို့ Cancel လုပ်ချင်ရင် ဘယ်မှာ သွားလုပ်ရမလဲ? Pick Up Button ဘေးနားက More ကိုနှိပ်လိုက်ရင် အထဲမှာ Cancel Button ကို X သင်္ကေတနှင့်အတူ တွေ့မြင်ရမှာပါ။

မကြာမီအနာဂါတ်မှာ ဒီထက်ကောင်းမွန်တဲ့ အဆင့်မြှင့်မှုတွေကို မိတ်ဆက်ပေးသွားမှာပါ။ Grab နဲ့အတူ အကြောင်းရေ များစွာရရှိစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။