Better 365 အစီအစဉ်အား မိတ်ဆက်ခြင်း

မင်္ဂလာပါ။ Grab အနေနဲ့ မိတ်ဆွေယာဉ်မောင်းတို့ကို Grab နဲ့ လက်တွဲရတာ ပိုမို အဆင်ပြေပြီး၊ မိတ်ဆွေတို့ရဲ့ ဘဝမှာ Grab အနေနဲ့ တစ်စိတ်တစ်ပိုင်း ကူညီနိုင်ဖို့ဟာ Grab ရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ Driver Benefit Program, Grab Bursary Program, Grab Platinum Member Reward နဲ့  On The Spot bonus စတဲ့ အစီအစဉ် လေးမျိုးပါဝင်တဲ့ Better 365 အစီအစဉ်နဲ့ မိတ်ဆွေတို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

Driver Benefit Program

ပထမဆုံးတစ်ခုကတော့ Driver Benefit Program (ယာဉ်မောင်းအကျိုးအမြတ်အစီအစဉ်) ကိုစတင်မိတ်ဆက်ပေးလိုပါတယ်။

Driver Benefit Program ဆိုတာ Grab ရဲ့ လက်တွဲဖော် မိတ်ဆွေယာဉ်မောင်း တို့အတွက် Grab မှ သီးသန့်ပြုလုပ်ထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပြီး Grab နဲ့ ချိတ်ဆက်ထားတဲ့ Partnership Brand တွေမှာ ဈေးဝယ်ရင်၊ ဝန်ဆောင်မှုတစ်ခုခုကိုရယူရင် မိတ်ဆွေတို့အနေနဲ့ အထူးဈေးနှုန်း၊ အထူးခံစားခွင့် တွေရရှိနိုင်မယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ရည်ရွယ်ချက်

မိတ်ဆွေတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ပိုမိုမြှင့်တင်မှုပေးနိုင်ဖို့ Grab အနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ဖို့ ပြုလုပ်ထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ခံစားခွင့်နှင့်အကျိုးအမြတ်များ

Grab ယာဉ်မောင်း မိတ်ဆွေတို့အနေနဲ့ မြန်မာနိုင်ငံတွင် Grab ယာဉ်မောင်းမှလွဲပြီး အခြား မည်သည့်ယာဉ်မောင်းမျှမရရှိနိုင်သော အကျိုးအမြတ်များကို ရရှိခံစားခွင့် ရရှိနိုင်မှာပါ။

Grab Bursary

Grab Bursary ဆိုတာ မိတ်ဆွေတို့နဲ့ ချစ်ခင်ရတဲ့ မိသားစုဝင်များရဲ့ အရေးကိစ္စများကို တစ်ထောင့် တစ်နေရာမှ ပါဝင်ကူညီနိုင်ဖို့ဟာ Grab ရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတိုင်း Grab အနေနဲ့ Grab Bursary (Grab ပညာရေးထောက်ပံ့မှု အစီအစဉ်) ကို မိတ်ဆက်ပေးလိုက်ပါပြီ။

၂၀၁၈ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ မိတ်ဆွေတို့ရဲ့ သားသမီး စုစုပေါင်း ၅၀ ဦးအတွက် Grab အနေနဲ့ ပညာသင်ထူးချွန်ဆုကြေးတွေ စတင် ထောက်ပံ့ပေးသွားမှာပါ။ မိတ်ဆွေတို့ တန်ဖိုးထားရတဲ့ သားသမီးတွေဟာ ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး ၃ခုနဲ့အထက် အောင်မြင်ခဲ့တယ်ဆိုရင် ဒီအစီအစဉ်မှာ ပါဝင်နိုင်ပါပြီ။

ဂုဏ်ထူး ၃ခုနဲ့ ၄ခုပါဝင်ခဲ့တဲ့ မိတ်ဆွေတို့ သားသမီးတွေဟာ ကျပ် ၅၀၀၀၀ ထူးချွန်ဆုကြေးရရှိမှာ ဖြစ်ပြီး ဂုဏ်ထူး ၅နဲ့ ပါဝင်အောင်မြင်ခဲ့တယ်ဆိုရင် ကျပ် ၈၀၀၀၀၊ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ရင် ကျပ် ၁၀၀၀၀၀ အထိ ရရှိမှာ ဖြစ်တာကြောင့် ဒါဟာ မိတ်ဆွေတို့နဲ့ မိသားစုတွေကို Grab အနေနဲ့ အထောက်အပံ့ တစ်စုံတစ်ရာ ဖြစ်လာမယ်လို့ Grab က ယုံကြည်ပါတယ်။

 Grab Taxi Platinum Partner

Grab နဲ့ အတူ တစိုက်မတ်မတ် လက်တွဲလုပ်ကိုင်နေတဲ့ မိတ်ဆွေ ယာဉ်မောင်း အားလုံးကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ Grab ရဲ့ Grab Taxi Platinum Partner အစီအစဉ်ကို မိတ်ဆက်ပေးချင်ပါတယ်။ Platinum Partner ဆိုတဲ့အတိုင်း Grab နဲ့ အစဉ်အမြဲလက်တွဲပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးထားနိုင်တဲ့ မိတ်ဆွေတို့အတွက် သီးသန့် အစီအစဉ်တစ်ခု ပဲ ဖြစ်ပါတယ်။

ရရှိမည့် ဆုများနှင့် သတ်မှတ်ချက်များ

ဤအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် မိတ်ဆွေတို့အနေနဲ့ လိုအပ်တဲ့ သတ်မှတ်ချက်အရည်အသွေးများ ကတော့

  • အနည်းဆုံး တစ်လအတွင်း ခရီးစဉ်အကြောင်းရေ ၃၅၀ ပြည့်မှီရပါမယ်။
  • ခရီးစဉ်အားလုံးရဲ့ Acceptance Rate 90% နှင့်အထက် ရှိရပါမယ်။
  • Cancellation Rate ကတော့ 5% နှင့်အောက် ဖြစ်ရပါမယ်။
  • Driver Rating ဟာ အနည်းဆုံး 4.7 ရှိရပါမယ်။
  • မမှန်ကန် မရိုးသားသော ခရီးစဉ်များနှင့် အထူးဆိုးရွားသော ပြသနာများမပါဝင်အောင် Grab စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမှာ ဖြစ်ပါတယ်။

ဒီအတွက် Grab ပလက်တီနမ်ယာဉ်မောင်း တစ်ယောက်အနေနဲ့ ရရှိမယ့် ခံစားခွင့် ရရှိမယ့် အရာတွေကတော့ Cash back program (ဆုငွေပြန်ပေးခြင်း)၊ ဆီထည့်သွင်းခွင့်အထူးလက်မှတ်နှင့် သီးသန့်အထူး Hotline ဖုန်းလိုင်းတွေပဲ ဖြစ်ပါတယ်။

Cash Back Program (ဆုငွေပေးအစီအစဉ်) မှာ ပါဝင်မယ့် အချက်တွေကတော့-

  • ပထမ တစ်လအတွက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး ဝ.၅ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ဒုတိယမြောက်လအတွက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံးတန်ဖိုး ၂ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၃လဆက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံး၏ တန်ဖိုး ၃ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၄လဆက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင် ထိုလအတွက် ရရှိထားသော ခရီးစဉ်အားလုံး၏ တန်ဖိုး ၄ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း
  • ၅လ နဲ့အထက် ပလက်တီနမ် အရည်အချင်းပြည့်မှီခဲ့ရင်တော့ ထိုလတွေအတွက် ရရှိထားသော ခရီးစဉ်အားလုံး၏ တန်ဖိုး ၅ ရာခိုင်နှုန်း ဆုငွေ ပြန်ပေးခြင်း

တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအပြင် မိတ်ဆွေတို့အတွက် ဆီထည့်သွင်းနိုင်ဖို့ ဆုလက်မှတ်တွေနဲ့ ပလက်တီနမ်ယာဉ်မောင်းတွေ အထူးသီးသန့်ခေါ်ဆိုနိုင်မယ့် Hotline တွေကိုပါ Grab က ပြုလုပ် စီစဉ်ပေးသွားဦးမှာပါ။

 On The Spot bonus

မိတ်ဆွေတို့အနေနဲ့ ခရီးသည်တစ်ဦးရဲ့ Pick Up Point ကို သွားရောက်ကြိုဆိုရာမှာ Pick Up ပွိုင့်တွေ အလွန်ဝေးကွာတာတွေ၊ ကားလမ်းကြောကြပ်တဲ့ အခြေအနေတွေအတွက် မိတ်ဆွေတို့ရဲ့ ပြောကြားအကြံပြုချက်တွေအတိုင်း  On The Spot bonus ကို မိတ်ဆက်ပေးလိုက်ပါပြီ။  On The Spot bonus ဆိုတာ ခရီးသည်ကို Pick Up လုပ်ရာမှာ ၁၀ မိနစ်ထက် ပိုခဲ့ရင် ပိုတဲ့မိနစ်တိုင်းအတွက် (တစ်မိနစ် ၈၀ကျပ်နှုန်း) တွက်ချက်ပြီး ပြန်လည်ထည့်သွင်းပေးသွားမှာပါ။ (ဥပမာ ရောက်ချိန် ၁၁ မိနစ် = အပိုဆုကြေး ၈၀ ကျပ် ၊ ရောက်ချိန် ၁၂ မိနစ် = အပိုဆုကြေး ၁၆၀ ကျပ်)

On The Spot bonus ကို ရရှိခံစားနိုင်မယ့် အချိန်တွေကတော့ Peak Hour နှင့် Offpeak Hour အချိန်များ ပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့အားလုံးကို အကောင်းဆုံး တွေ ယူဆောင်လာပေးမယ့် ဒီအစီအစဉ်တွေအားလုံးပါဝင်တဲ့ Grab Better 365 Program ကို လာမယ့် ဇူလိုင်လ ပထမအပတ်မှာ ထုတ်ဖော် မိတ်ဆက်သွားတော့မှာ ဖြစ်ကြောင်း Grab ယာဉ်မောင်း မိတ်ဆွေအားလုံးထံ သတင်းကောင်း ပါလိုက်ရပါတယ်။