Auto Accept: Grab နှင့်ပိုမိုလွယ်ကူစွာ လက်တွဲမောင်းနှင်ကြစို့

Auto Accept ဆိုတာဟာ Grab ကနေ အသစ်ထပ်မံမိတ်ဆက်ပေးလိုက်တဲ့ သင့်ထံဝင်ရောက်လာတဲ့ အလုပ်တွေကို အလို အလျောက်လက်ခံပေးသွားမယ့် လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်ပါတယ်။ အသစ်ထည့်သွင်းလိုက်တဲ့ လုပ်ဆောင်ချက်ကြောင့် မိတ်ဆွေတို့အနေနဲ့ အလုပ်တွေလွတ်သွားမှာကို စိုးရိမ်စရာမလိုပဲ အာရုံစူးစိုက်ပြီး လုပ်နိုင်မှာပါ။ ဒါကြောင့် Auto Accept နဲ့ မောင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ သင့်အနေနဲ့ ယာဉ်ကိုပဲ ပိုမိုထိန်းချုပ်လာနိုင်မှာ အသေအချာပါပဲ။

မိတ်ဆွေတို့အနေနဲ့ သိချင်တဲ့ အမေးများတဲ့ မေးခွန်းတွေကို အောက်မှာဖော်ပြထားတာကြောင့် Auto Accept ကိုဘယ်လိုဖွင့်လို့ရတယ်ဆိုတာ အရင်ဆုံးကြည့်လိုက်ရအောင်။

Auto Accept ဖွင့်ထား၊ မထားကို မိတ်ဆွေတို့ Job Accept Button ဘေးနားက မိုးကြိုးသွားပုံစံ Logo လေးက မီးစိမ်းလေးလင်းနေတာ မလင်းတာနဲ့ ကြည့်ရှုနိုင်ပါတယ်။ အခုလိုမဖွင့်ထားရသေးဘူးဆိုရင်တော့..

Auto Accept ကိုဖွင့်ဖို့အတွက် Settings ထဲက..

Auto Accept (အော်တိုလက်ခံရန်) ကို ဖွင့်ထားပေးရမှာပါ။

ဒါဆိုရင်တော့ ပုံပါအတိုင်း မိုးကြိုးသွားပုံစံလေးက အစိမ်းရောင် လင်းသွားပြီဆိုရင်တော့ Auto Accept ပွင့်သွားပါပြီ။

ဒါကတော့ မိတ်ဆွေတို့ရဲ့ Auto Accept လုပ်ဆောင်ချက် အလုပ်လုပ်ပြီး အလိုအလျောက် အလုပ်လက်ခံပေးထားတဲ့ပုံစံပါ။

သတိပြုရမှာ တစ်ချက်က မိတ်ဆွေတို့အနေနဲ့ Auto Accept နဲ့ ခရီးစဉ်ကို ရရှိရင် ရချင်းပဲ ဖုန်းမျက်နှာပြင်ရဲ့ တစ်နေရာကိုထိလိုက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမလုပ်မိရင် မိတ်ဆွေတို့ဟာ Auto Accept ခရီးစဉ်ဟာ ၃မိနစ်ကြာတဲ့အခါ အလိုအလျောက် Cancel ဖြစ်သွားနိုင်တာမျိုးတွေ ဖြစ်နိုင်လို့ပါ။

အောက်ပါပုံကတော့ မိတ်ဆွေတို့အနေနဲ့ ခရီးစဉ်တစ်ခုရရှိလို့ ခရီးသည်ရှိနေတဲ့နေရာသွားနေတုန်းမှာ မြင်ရတဲ့ပုံစံပါ။ Chat ဘေးနားက (Second Job အတွက်) Available ကို ပိတ်ထားလိုက်ရင် Auto Accept လဲ ပိတ်ထားသလိုဖြစ်သွားမှာ ဖြစ်တာကြောင့် ခရီးစဉ်လိုက်လံပို့ဆောင်နေတုန်း အလုပ်နောက်တစ်ခုကို အလိုအလျောက် လက်ခံမိတာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူး။

အမေးများသောမေးခွန်းများ Frequently Asked Questions

Q: Auto Accept နဲ့ မောင်းနှင်ဖို့ ရွေးချယ်နိုင်သလား?

A: ဟုတ်ပါတယ်!  သင့်ကိုယ်တိုင် Auto Accept ကိုထိန်းချုပ်နိုင်အောင် ရွေးချယ်နိုင်ပါတယ်။ သင်ကိုယ်တိုင် Auto Accept ကို ဖွင့်၊ ပိတ်လုပ်နိုင်ပါတယ်။ Auto Accept ကို ဖွင့်ထားမယ် (On လုပ်ထားမယ်) ဆိုရင်တော့ အလုပ်တွေက သင့်ထံ အလိုအလျောက်ရောက်ရှိလာမှာပါ။

Q: Auto Accept လုပ်ဆောင်ချက်ကို ဘယ်လို ဖွင့်၊ ပိတ် လုပ်ရမလဲ?

A: Android အသုံးပြုတဲ့ မိတ်ဆွေတွေအနေနဲ့  ဒီလုပ်ဆောင်ချက်ကို Settings အောက်မှာ တွေ့ရှိနိုင်မှာပါ။ iOS အသုံးပြုတဲ့ မိတ်ဆွေတွေအနေနဲ့ကတော့ ဒီ လုပ်ဆောင်ချက်ကို Driver Profile page ထဲမှာ တွေ့ရှိနိုင်မှာပါ။

Q: Auto Accept ဖွင့်ထား (On ထား) ကြောင်း ဘယ်လိုသိနိုင်မလဲ?

A: တကယ်လို့ Auto Accept ကို On လုပ်ထားတယ်ဆိုရင် သင့်ရဲ့ Availability Button ဘေးနားမှာရှိတဲ့ ပုံစံ (Icon) လေးက မီးစိမ်းနေမှာ ဖြစ်ပါတယ်။ သတိပြုရမှာတစ်ခုက အဲ့ဒီမီးလေးဟာ သင့်ရဲ့ Auto Accept ဖွင့်၊ ပိတ်လုပ်တာကို ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။

Q: Auto Accept ကနေ ဘယ်လိုအလုပ်မျိုးတွေကို လက်ခံရရှိနိုင်မှာလဲ?

A: Auto Accept  မှာ သင်လက်ခံနေကျ အလုပ်တွေအတိုင်းပဲ လက်ခံနိုင်မှာပါ။

Q: ယာဉ်အမျိုးအစားမှားပြီး Passenger က ဘွတ်ကင်လုပ်မိရင် ဘာဖြစ်မလဲ?

A: တကယ်လို့ ခရီးသည်က ယာဉ်အမျိုးအစားမှားယွင်းပြီး Book လုပ်လိုက်မိတယ်ဆိုရင် Passenger ဘက်ကိုယဉ်ကျေးစွာနဲ့ Cancel လုပ်ခိုင်းပြီး မှန်ကန်တဲ့ ယာဉ်အမျိုးအစားကို ပြန်လည် Booking လုပ်ခိုင်းပါ။ အကယ်၍ အခက်အခဲဖြစ်နေတယ်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Grab ရဲ့ ၂၄ နာရီ Hotline ဖြစ်တဲ့ 012399900 ကို တိုက်ရိုက်ဆက်သွယ်ပြီး Cancel လုပ်နိုင်ပါတယ်။

Q: Auto Accept နဲ့ ဆိုရင် ကျွန်တော့်အတွက် အလုပ်တွေ ဆက်တိုက်ဝင်ရောက်နိုင်လား?

A: ဝင်ရောက်နိုင်ပါတယ်။ သင့်အနေနဲ့ Auto Accept ကိုဖွင့်ထားရင် Second Job တွေကိုလည်း အလိုအလျောက်လက်ခံပြီး သင့်ရဲ့ ခရီးစဉ်ထဲကိုထည့်သွင်းပေးသွားမှာပါ။

Q: အလုပ်လက်ခံဖို့အဆင်မပြေပဲ Auto Accept ဖွင့်ထားလို့ အလုပ်တစ်ခုလက်ခံမိသွားရင် ဘယ်လိုလုပ်မလဲ?

A: Grab ရဲ့ မိတ်ဆွေယာဉ်မောင်းတွေဟာ ဝင်လာပြီးသား အလုပ်အားလုံးကို လက်ခံသွားရောက်ရမှာပါ။ တကယ်လို့ ထပ်ပြီး လက်မခံလိုပဲ Auto Accept ကပေးတဲ့ အလုပ်က ဝင်သွားပြီဆိုရင်တော့ Passenger ဘက်ကိုဆက်သွယ်ပြီး Cancel လုပ်ရမှာဖြစ်ပါတယ်။ သတိထားရမှာက အနားယူတော့မယ်ဆိုရင် အလုပ်လက်ခံနိုင်တဲ့ Job Availability ကိုပိတ်ထားဖို့ပါပဲ။

Q: Auto Accept နဲ့ အလုပ်ရကြောင်း အကြောင်းကြားသံကြားတယ်။ ပြီးတော့ Operator က Cancel လုပ်သွားတယ် ဘာလို့လဲ?

A: အလုပ်ရလျင်ရချင်း မျက်နှာပြင်တစ်နေရာကို ထိတွေ့ဖို့လိုအပ်ပါတယ်။ တကယ်လို့ မထိတွေ့မိဘူးဆိုရင်တော့ အဆိုပါ Auto Accept ဘွတ်ကင်ဟာ ၃မိနစ်အတွင်း Cancel ဖြစ်သွားနိုင်ပါတယ်။