ပို့ဆောင်သူများအနေနဲ့ အော်ဒါလက်ခံပြီး ဆိုင်ရောက်တဲ့အခါမှ ဆိုင်ပိတ်ထားတာနဲ့ ကြုံတဲ့အခါ ဘယ်သူ့အကူအညီမှ ယူစရာမလိုဘဲ မိမိတို့ကိုယ်တိုင် Grab အက်ပလီကေးရှင်းရဲ့ Chatbot က တစ်ဆင့် အော်ဒါပယ်ဖျက်နိုင်ပါတယ်။  

Chatbot ကတစ်ဆင့် အော်ဒါပယ်ဖျက်ဖို့အတွက် ပို့ဆောင်သူက ဆိုင်တည်နေရာရဲ့ မီတာ ၂၀၀ အတွင်း ရောက်ရှိဖို့ လိုပါတယ်။ မဟုတ်ရင် အော်ဒါကို ပယ်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ 

အော်ဒါ ပယ်ဖျက်ပြီးတဲ့အခါ ပို့‌ဆောင်သူအနေနဲ့ အဆိုပါအော်ဒါအတွက် ဆိုင်ကို သွားခဲ့တဲ့  ခရီးစဉ်အကွာအဝေးက မီတာ ၂၀၀  အထက်ရှိတယ်ဆိုရင် သွားရောက်ခ အနေနဲ့  ၈၀၀ ကျပ်ကို Credit Wallet ထဲ ပြန်လည် ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ 

ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ Grab Chatbot အသုံးပြုလိုက်ပါ။