ဘိုကင်လက်ခံပြီး ၅ မိနစ်အကျော်မှာ ခရီးစဉ်ပယ်ဖျက်ခံရရင်
လျော်ကြေးငွေ ၁၀၀၀ ကျပ် ရရှိမှာပါ

မိတ်ဖက်ယာဉ်မောင်းများအနေနဲ့  ဒီနေ့  အောက်တိုဘာ ၁ ရက် ကစပြီး  ခရီးစဉ် ဘိုကင်လက်ခံပြီး သတ်မှတ်နေရာဆီ သွားရောက်စဉ် ၅ မိနစ်အကျော်မှာ ခရီးသည်ဘက်က ခရီးစဉ်ပယ်ဖျက်ပါက လျော်ကြေးငွေ ၁၀၀၀ ကျပ်ကို ရရှိမှာ ဖြစ်ပါတယ်။  ခရီးသည်ဘက်က ခရီးစဉ်ပယ်ဖျက်အပြီး လျော်ကြေးငွေကို Credit Wallet ကတစ်ဆင့်  ချက်ချင်း ရရှိမှာဖြစ်တဲ့အတွက် နောင် ခရီးသည်သွားကြိုနေစဉ်အတွင်း ခရီးစဉ်ပယ်ဖျက်ခံရမှုအပေါ်  စိတ်ပူစရာမလိုတော့တာမို့ စိတ်လက်ချမ်းသာစွာ မောင်းနှင်နိုင်ပါပြီ။ 

ခရီးသည်ဘက်က အရင် ခရီးစဉ်အတွင်း နောက်ကျကြေးပေးရန် အကြွေးကျန်နေပါက လက်ရှိခရီးစဉ်အပြီးမှာ  အက်ပ်မှာ ဖော်ပြတဲ့အတိုင်း မိတ်ဆွေ ရရှိမဲ့ခရီးစဉ်ကြေးအပြင် ကြွေးကျန် နောက်ကျကြေးကိုပါ ကောက်ခံထားလိုက်ရမှာပါ။ Grab က ခရီးစဉ်ကြေးကော်မရှင်နဲ့အတူ နောက်ကျကြေးကိုပါ မိတ်ဆွေရဲ့  Credit Wallet ထဲက နှုတ်ယူလိုက်မှာ ဖြစ်ပါတယ်။

အကယ်၍ ခရီးသည်ဘက်က နောက်ကျကြေးပေးဖို့ ငြင်းပယ်ပါက Grab ယာဉ်မောင်းအက်ပ်ထဲရှိ Help Center ကတစ်ဆင့် Live Chat သုံးကာ ဆက်သွယ်ပေးစေလိုပါတယ်။  နှုတ်ယူလိုက်တဲ့ပမာဏကို ၂ ရက်အတွင်း မိတ်ဆွေရဲ့ Cash Wallet ထဲ ပြန်လည်ထည့်သွင်းပေးမှာပါ။