မိတ်ဆွေတို့အတွက် ပိုထိုက်တန်တဲ့ ဝင်ငွေခံစားခွင့် ရရှိနိုင်တဲ့ အစီအစဉ်သစ်တစ်ခုကို မတ် ၂၁ ရက်မှာ ရန်ကုန်မြို့ရှိ မိတ်ဖက်ယာဉ်မောင်းအနည်းငယ်နဲ့ အရင်ဆုံး စတင်စမ်းသပ်အကောင်အထည်ဖော်ခဲ့ပြီး၊ ဧပြီလ ၈ ရက်နေ့မှာ မိတ်ဖက်ယာဉ်မောင်းအားလုံးနဲ့ စတင်လိုက်ပြီဖြစ်ပါတယ်။
ဒီအစီအစဉ်အသစ်မှာ ဘာအပြောင်းအလဲတွေ ပါဝင်မလဲ။
ရရှိမဲ့ ဝင်ငွေခံစားခွင့်ပုံစံအသစ်ကို မိတ်ဆွေတို့ရဲ့ အက်ပ်အတွင်း Earnings History ထဲက ခရီးစဉ်တစ်ကြောင်းစီတိုင်းရဲ့ Job details မှာ အောက်ပါအတိုင်း ရှင်းလင်းစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဝင်ငွေခံစားခွင့်ပုံစံအသစ်ဆိုတာ ဘာလဲ။
မိတ်ဆွေတို့အတွက် ခရီးသည်ကြိုရတဲ့ အကွာအဝေးနဲ့ ကြာမြင့်ချိန် အလိုက် မိမိအားစိုက်ထုတ်ထားတဲ့အတိုင်း ထိုက်တန်တဲ့ ခံစားခွင့်ရရှိနိုင်ဖို့ ပြောင်းလဲလိုက်တဲ့ ပိုမိုမျှတတဲ့ ဝင်ငွေခံစားခွင့်ပုံစံအသစ် ဖြစ်ပါတယ်။
ဘာတွေ ပြောင်းလဲသွားမလဲ။
အရင်တွက်ချက်မှုပုံစံမှာ ယာဉ်မောင်းဝင်ငွေကို ခရီးသည် စမှတ်ကနေ ခရီးသည် ဆင်းတဲ့ နေရာအထိ အကွာအဝေးကိုပဲ ထည့်တွက်ပေးအပ်တာဖြစ်ပြီး အခုဝင်ငွေတွက်ချက်မှုပုံစံအသစ်မှာ ခရီးစဉ်လက်ခံတဲ့အချိန်ကစလို့ သွားရတဲ့ ခရီးသည်ကြိုရတဲ့အကွာအဝေးနဲ့ ကြာချိန် နဲ့အတူ ခရီးစဉ်အဆုံးအထိ အကွာအဝေးအတွက်ပါ ပေါင်းထည့်ထားတာမို့ မိမိ မောင်းနှင်ရတဲ့ခရီးစဉ်တစ်ခုလုံးအတွက် ထိုက်တန်တဲ့ ခရီးစဉ်ခကို ရရှိမှာ ဖြစ်ပါတယ်။
ဘာလို့ ဒီဝင်ငွေခံစားခွင့်ပုံစံအသစ်ကို ပြောင်းရတာလဲ။
ကျွန်တော်တို့ ရရှိခဲ့တဲ့ မိတ်ဖက်တွေဆီက အဆင်မပြေတဲ့အချက်တွေထဲမှာ ခရီးသည်ကြိုရတာ ဝေးတဲ့အတွက် ခရီးစဉ်တွေ ပယ်ဖျက်နေရတဲ့အကြောင်းအရာက အချက်တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။ ဒီလို ခရီးစဉ်ပယ်ဖျက်ရတာဟာ ယာဉ်မောင်းတွေအတွက် ဝင်ငွေထိခိုက်စေသလို ခရီးသည်တွေအတွက်လည်း သွားလာရတဲ့အတွေ့အကြုံကို ထိခိုက်အဆင်မပြေဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ဖက်ယာဉ်မောင်းတွေကို ခရီးစဉ်လက်ခံတဲ့အချိန်ကစပြီး မိမိ သွားလာရတဲ့ခရီးအကွာအဝေးတစ်လျှောက်လုံး ( ခရီးသည်ကြိုတဲ့အကွာအဝေးနဲ့ ကြာချိန် အပါအဝင်) အတွက် ထိုက်တန်တဲ့ခံစားခွင့် ရရှိအောင် ဝင်ငွေခံစားခွင့်ပုံစံအသစ်ကို ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။
ဝင်ငွေခံစားခွင့်ပုံစံအသစ်ပြောင်းလိုက်တာက ဘယ်လို အကျိုးကျေးဇူးတွေရှိမလဲ?
ခရီးစဉ်ကို လက်ခံလိုက်တဲ့အချိန်ကစပြီး အဆုံးအထိ မိမိမောင်းနှင်ရတဲ့ ခရီးအကွာအဝေးတစ်ခုလုံးအတွက် ခံစားခွင့်ရှိမှာဖြစ်လို့ ပိုမိုမျှတပြီး ထိုက်တန်တဲ့ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။
Grab ကော်မရှင်ကရော အပြောင်းအလဲရှိမှာလား။
အရင်လို တသမတ်တည်း ပေးရတဲ့ Grab ကော်မရှင်ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား ခရီးသည်ကြိုရတဲ့အကွာအဝေးနဲ့ ကြာမြင့်တဲ့အချိန်အပေါ် မူတည်ကောက်ခံတဲ့ Grab ဝန်ဆောင်မှုကြေးသာ ရှိတော့မှာ ဖြစ်ပါတယ်။ ခရီးသည်ကြိုရတဲ့အကွာအဝေး ဝေးတာနဲ့အမျှ အားထုတ်ရမှုပိုများတာမို့ Grab က ကောက်ခံမဲ့ ဝန်ဆောင်မှုကြေး နည်းလေ ဖြစ်မှာပါ။
Credit Wallet ထဲ ငွေအလုံအလောက် မရှိရင် ခရီးစဉ်အော်ဒါ မရနိုင်ဘူးလား။
အခုအသစ်ပြောင်းလဲလိုက်တဲ့ ပုံစံအရ မိတ်ဆွေတို့ရဲ့ Credit Wallet ထဲဖြစ်ဖြစ်၊ Cash Wallet ထဲပဲ ဖြစ်ဖြစ်၊ နှစ်ခုပေါင်းမှာပဲ ဖြစ်ဖြစ် ခရီးစဉ်အတွက် Grab ဝန်ဆောင်မှုကြေး အလုံအလောက်ရှိနေသရွေ့ ခရီးစဉ်ဘိုကင်တွေ လက်ခံနိုင်မှာဖြစ်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar