
အခုဆိုရင် ရန်ကုန်တစ်မြို့လုံးအတွက် အချိန်အလိုက် ရွေးချယ်လုပ်ကိုင်နိုင်တဲ့ Biker Shift အစီအစဉ်ကို စတင်ထားပြီ ဖြစ်ပြီး မိမိရွေးချယ်ထားတဲ့ Shift အချိန်အတိုင်း အော်ဒါလက်ခံရယူရမှာဖြစ်ပါတယ်။
Shift အချိန် မရွေးချယ်ထားရသေးဘူးဆိုရင်တော့ သတ်မှတ်အချိန်ရဲ့ ၂ နာရီ မတိုင်ခင်အထိ ရွေးလို့ ရတဲ့အတွက် အခုပဲ ရွေးချယ်လိုက်ပါ။ ရွေးချယ်ထားတာ ပယ်ဖျက်လိုရင်လည်း Shift မစတင်ခင် ၂ နာရီအလိုမှာ ပယ်ဖျက်နိုင်ပါတယ်။
Shift အချိန်အလိုက် ပယ်ဖျက်နှုန်း သတ်မှတ်ချက်
မနက် ၇ နာရီ မှ ညနေ ၄ နာရီအထိ ( အော်ဒါပယ်ဖျက်နှုန်း ၁၀ % အောက်)
ညနေ ၄ နာရီ မှ ညနေ ၈ နာရီအထိ ( အော်ဒါပယ်ဖျက်နှုန်း ၁၅ % အောက်)
ပို့ဆောင်ခနဲ့ အပိုဆုကြေးဆိုင်ရာ သတ်မှတ်ချက်များ
Shift ရွေးချယ်ထားပြီး သတ်မှတ်အော်ဒါပယ်ဖျက်နှုန်း ပြည့်မီရင်
အခုလက်ရှိ Grab က ပေးနေတဲ့ နေ့စဉ် အချိန်နာရီအလိုက် ပေးတဲ့ အပိုဆုကြေး ( peak hour incentive ) နဲ့ လျှပ်တပြက် အပိုဆုကြေး ( spot bonus) တွေကို ပုံမှန်အတိုင်း အော်ဒါပြီးဆုံးပြီး နေ့တွင်းချင်း ရရှိမှာဖြစ်ပါတယ်။
Shift ရွေးချယ်ထားပြီး သတ်မှတ်အော်ဒါပယ်ဖျက်နှုန်း မပြည့်မီရင်
အပိုဆုကြေးတွေကို ခံစားခွင့်ရှိပေမဲ့ ပုံမှန်ရနေကျ ပို့ဆောင်ခကို ကျပ် ၁၀၀ လျော့ပြီး ရမှာ ဖြစ်ပါတယ်။
ပို့ဆောင်သူမှ ဆိုင်သို့ သွားရတဲ့ အကွာအဝေးပေါ် မူတည်ပေးတဲ့ အပိုဆုကြေးကို ၂ ကီလိုမီတာနှင့် အထက် အော်ဒါတွေအတွက် အော်ဒါတစ်ကြောင်းလျှင် ကျပ် ၂၀၀ နှုန်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီအကွာအဝေးကို System က တစ်ဆင့် အတိကျဆုံး တွက်ချက်ပေးအပ်သွားမှာပါ။
အော်ဒါပို့ဆောင်ခနဲ့အတူ ရရှိမဲ့ အထက်ပါ အပိုဆုကြေးတွေကို အရင်လို အပတ်စဉ် စောင့်ဆိုင်းစရာမလိုတော့ဘဲ အက်ပလီကေးရှင်းထဲက Wallet ထဲ နေ့တွင်းချင်း လက်ခံရရှိမှာဖြစ်သလို အက်ပ်ရဲ့ earning history မှာ တစ်စုတစ်စည်းတည်း လုံးပေါင်းအနေနဲ့ တိတိကျကျ မြင်ရမှာ ဖြစ်ပါတယ်။
Biker Shift ကို မရွေးချယ်ထားရင် ..
Biker Shift မရွေးချယ်တဲ့သူတွေအနေနဲ့ အော်ဒါ ဆက်လက်လက်ခံရရှိနေမှာ ဖြစ်ပေမဲ့ Grab ဘက်က ပေးအပ်ထားတဲ့ အပိုဆုကြေးတွေကို ခံစားခွင့် ရရှိမှာ မဟုတ်သလို ပုံမှန်ရနေကျ ပို့ဆောင်ခကို ကျပ် ၁၀၀ လျော့ပြီး ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေ ကျပ်ငွေ ၁၆၀၀၀ ခန့်ကို အပတ်စဉ် ဆုံးရှုံးနေမှာ ဖြစ်ပါတယ်။
ခံစားခွင့်တွေ ပုံမှန်အတိုင်း ဆက်လက်ရရှိနေဖို့ Shift ရွေးချယ်ပြီး အော်ဒါလက်ခံရယူလိုက်ပါ။
Biker Shift ရွေးချယ်ပုံနည်းလမ်း





