Booking.com ရဲ့ ပရိုမိုးရှင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ 

Grab App အတွင်းကတစ်ဆင့် Booking.com ထဲရှိ ဟိုတယ်ခန်းများကို ငှားရမ်းတဲ့အခါ ရရှိတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်လေးတွေ ရှိပါတယ်။

ခံစားခွင့်။ ။ ဟိုတယ်ဘွတ်တင်များတွင် ၁၀% အထိ Cashback ပြန်လည်ရရှိခွင့် 

ပရိုမိုးရှင်းကာလ။ ။ ဒီဇင်ဘာ ၃၁၊ ၂၀၁၉ အထိ 

အသုံးပြုနိုင်သောကတ်များ။ ။ Mastercard နဲ့  Visa Credit Cards ကတ်များ 

စည်းကမ်းသတ်မှတ်ချက်များ 

၁။ ယခုပေးထားသော ခံစားခွင့်မှာ Grab မှ Booking.com သို့ ဝင်ရောက်၍ အခန်းဘွတ်ကင်တင်မှုများအတွက်သာ ရရှိမှာ ဖြစ်ပါတယ်။ Booking.com အက်ပ်ပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုက်မှ ဝင်၍ အခန်းဘွတ်ကင်ယူမှုများအတွက် cashback လျှော့ဈေး ပြန်လည်ရရှိနိုင်မည် မဟုတ်ပါ။ 

၂။ Booking.com သို့ တိုက်ရိုက်ပေးချေမှု (“Pay Now”) ကို အသုံးပြု၍သော်လည်းကောင်း၊ နေရာရောက်မှ ပေးချေမည်ဆိုသော လုပ်ဆောင်မှု (“Pay at Property”) ကို အသုံးပြု၍သော်လည်းကောင်း အခန်းဘွတ်ကင်ပေးချေမှုအတွက် လက်ရှိအသုံးပြုနိုင်သော သက်တမ်းရှိ Credit Card နဲ့သာ ပေးချေရမှာ ဖြစ်ပါတယ်။

၃။ Credit Card ဖြင့် ပေးချေမှုအား လက်မခံသော တည်းခိုနေရာများအတွက် ယခုခံစားခွင့်ကို ရရှိနိုင်မည် မဟုတ်ပါ။

၄။ အခန်းဘွတ်ကင်ပယ်ဖျက်မှု၊  ငှားပြီး မရောက်ရှိလာမှု “no show” များအတွက် Cashback ရရှိတော့မည် မဟုတ်ပါ။ 

၅။ Cashback ကို တည်းခိုနေထိုင်ခဲ့တဲ့ နောက်ဆုံးရက်မှ နောက်ထပ် ရက် ၃၀ မှ ရက် ၆၀ အတွင်း သုံးစွဲသူ အကောင့်ရဲ့ ‘My Rewards’ ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။

၆။ Cashback မှာ Booking.com ရဲ့ cashback partner မှ တိုက်ရိုက်ပေးချေမှာ ဖြစ်ပြီး ပမာဏမှာ သင့်ဘွတ်ကင် တန်ဖိုးရဲ့ ၁၀% အပေါ်နဲ့ တည်းခိုနေထိုင်တဲ့ ဟိုတယ်ရဲ့ ပြည်တွင်းသုံးငွေကြေးအပေါ်မူတည်ပြီး တွက်ချက်မှာ ဖြစ်ပါတယ်။

၇။ အခွန်များ (VAT ၊ အရောင်းခွန်များ၊ ဧည့်ခရီးသွားခွန်များ အပါအဝင်) နဲ့ အခြား ကျသင့်ငွေများ (ဝန်ဆောင်မှု ကုန်ကျစရိတ်များ၊ စားစရာ သောက်စရာများ၊ အခန်းတွင်း စားသောက်စရာ မှာစားခြင်း စသဖြင့်) ကို cashback ထဲတွင် ထည့်တွက်ပေးမည် မဟုတ်ပါ။ ပေးချေတဲ့အချိန်ရဲ့ ငွေလဲနှုန်း အပြောင်းအလဲကလည်း cashback ပမာဏကို ပြောင်းလဲစေမှာ မဟုတ်ပါ။

၈။ Cashback ကို “Pay at Property” ဘွတ်ကင်များအားလုံးအတွက် အသုံးပြုပါက Credit Card ထဲသို့ credit ပြန်ထည့်ပေးရန် ရွေးနိုင်သလို နောက်တစ်ကြိမ် အခန်းဘွတ်ကင်လုပ်ရာမှာလည်း ပြန်သုံးလို့ ရနိုင်မှာပါ။

၉။ Cashback ကို “Pay Now” ဘွတ်ကင်များအတွက် အသုံးပြုပါက Credit Card ထဲသို့သာ credit ပြန်ထည့်ပေးမှာပါ။ 

၁၀။ Cashback မှာ ရရှိပြီး ၂ နှစ်အကြာမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

၁၁။ ရရှိသော ခံစားခွင့်ကို အခြားသူကို လွှဲပြောင်းပေးခြင်း၊ ငွေသားဖြင့် လဲလှယ်ခြင်း၊ အခြားတစ်ခုခုဖြင့် လဲလှယ်ခြင်းနဲ့ (ခံစားခွင့်တွဲသုံးခွင့် ရှိပါတယ်ဟု မဖော်ပြထားမချင်း) အခြား လျှော့ဈေးများ၊ ပရိုမိုးရှင်းများနဲ့ တွဲသုံးလို့မရပါ။ 

၁၂။ ယခုခံစားခွင့်မှာ Booking.com ရဲ့ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဖြစ်ပြီး အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက Booking.com နဲ့ Grab ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။

၁၃။ ခံစားခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိပါက အောက်ဖော်ပြပါ Booking.com သုံးစွဲသူ ဝန်ဆောင်မှုဌာနများကို ခေါ်ဆိုနိုင်ပါတယ်။ 

    • နိုင်ငံတကာ (အင်္ဂလိပ်စကားပြော) ။ ။ +442033202609
    • စင်ကာပူ  (အင်္ဂလိပ်စကားပြော) ။ ။ +6564155410
    • အကူအညီ စင်တာ  (Link: secure.booking.com/content/cs.en-gb.html?aid=1719224)

သင့် Reward (Cashback) ကို ပြန်လည်စစ်ဆေးခြင်း 

၁။ သင့် Grab အက်ပ်ပလီကေးရှင်းထဲက Hotels ထဲမှတစ်ဆင့် Booking.com ကို ဝင်ပါ။ 

၂။ Account ကို နှိပ်ပြီး Bookings ကို နှိပ်ပါ။ 

၃။ My Rewards ကို နှိပ်ပါ။