ခရီးစဉ်တိုင်း AudioProtect နဲ့ ပိုစိတ်ချရပြီနော်

ပိုမိုလုံခြုံမှုရှိစွာ စီးနင်းဖို့ AudioProtect ဝန်ဆောင်မှုကိုသုံးကြည့်ပါ။

လေးစားအပ်ပါသော Grab အသုံးပြုသူများခင်ဗျာ..

သင့်အတွက် ပိုမိုလုံခြုံသောခရီးစဉ်ကို ရရှိဖို့ ခရီးစဉ်အတွင်း သင့်အသံကို မှတ်တမ်းတင်နိုင်သည့် ဘေးကင်းတဲ့ ဝန်ဆောင်မှုအသစ် AudioProtect ကို မိတ်ဆက်ပေးလိုက်ပါတယ်။  AudioProtect ဟာ Grab ခရီးစဉ်အတွင်း မိတ်ဆွေတို့နဲ့ ယာဉ်မောင်းတို့ကြား ပြောဆိုမှုများကို နှစ်ဦးနှစ်ဘက်လုံး သဘောတူညီ ဖွင့်ထားမှသာ မှတ်တမ်းတင်အသံသွင်းပေးထားမည့် ဝန်ဆောင်မှုဖြစ်ပါတယ်။ 

အသံမှတ်တမ်းများကို ကုဒ်စနစ်ဖြင့်ဝှက်ထားပြီး ဘေးကင်းလုံခြုံရေးဖြစ်ရပ်တစ်ခု ဖြစ်ပွားပါက Grab သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်များကသာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေရော ယာဉ်မောင်းပါ ဝင်ရောက်ကြည့်ရှုခွင့်မရှိပါ။ ခရီးစဉ်စတင်တာနှင့်  အသံအလိုအ‌လျောက်မှတ်တမ်းတင်နေမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးသွားလျှင် ရပ်သွားမှာပါ။ မတော်တဆ လုံခြုံရေး အဖြစ်အပျက်များမဖြစ်ခဲ့ခြင်း၊ ဖြစ်ခဲ့သော်လည်း Grab သုံးစွဲသူဝန်ဆောင်မှုဌာနသို့ report တင်ခြင်း မရှိပါက ၅ ရက်အကြာတွင် ဖိုင်များကို အလိုအလျောက် ဖျက်သွားမှာပါ။

AudioProtect ကို ဘယ်လိုဖွင့်ရမလဲ။

၁။ ခရီးစဉ်အတွင်း Pop-up မှတစ်ဆင့်ပြုလုပ်ခြင်း

  • မိတ်ဆွေတို့ တက္ကစီဘိုကင်လုပ်တဲ့အခါ ‌pop-up message တစ်ခုပေါ်လာပါလိမ့်မယ်။ ထိုမှတစ်ဆင့် AudioProtect ဖွင့်နိုင်ပါတယ်။

၂။ Setting မှတစ်ဆင့်ပြုလုပ်ခြင်း 

  • Account ထဲသို့ဝင်ပါ၊ ပြီးလျှင် “safety setting” ကိုရွေးပါ၊ ပြီးလျှင် “Enable AudioProtect” ကို ဖွင့်ပြီး “Enable” ကိုနိုပ်ကာဖွင့်နိုင်ပါတယ်။ 

AudioProtect အသုံးပြုပြီး ပိုမိုလုံခြုံဘေးကင်းတဲ့ ခရီးစဉ်များ ဖန်တီးလိုက်ပါ။