ခရီးလမ်းကြောင်းပေါင်း ၃ ဘီလျံ ရှိခဲ့ပြီ

အရှေ့တောင်အာရှနိုင်ငံသားများခင်ဗျာ၊

မိတ်ဆွေတို့နဲ့ ကျွန်တော်တို့အတူ သွားလာခဲ့တာဆိုရင် တော်တော်ကို ခရီးရောက်ခဲ့ပြီပြောရမှာပါ။ ၂၀၁၂ ခုနှစ်က ကျွန်တော်တို့နဲ့ ပထမဆုံးခရီးစဉ်စခဲ့တဲ့အချိန်ကို ပြန်လှည့်ကြည့်ရင် ကျွန်တော်တို့ဟာ စုစုပေါင်း ၂၁ ၀၆၅ ၃၃၆ ၈၅၉ ကီလိုမီတာကျော် အတူ သွားခဲ့ပြီးကြပြီပေါ့။ ဒီလောက်မိုင်ခရီးအကွာနဲ့ဆိုရင် လ ဆီကိုတောင် ကျွန်တော်တို့ အကြိမ်ပေါင်း ၂၇၄၀၀ ကြိမ်လောက်ထိ အတူတူ ရောက်ခဲ့နိုင်တာအမှန်ပဲ။

မိတ်ဆွေရဲ့ ပထမဆုံး ချိန်းဆိုမှုတွေအတွက် ကျွန်တော်တို့ လိုက်ပို့ခဲ့ရတယ်။ မိတ်ဆွေတို့ရဲ့ သားသမီးတွေရဲ့ မင်္ဂလာပွဲတွေကို ကျွန်တော်တို့နဲ့ သွားလာခဲ့ကြတယ်။ ၇ နှစ်လုံးလုံး ကျွန်တော်တို့ဟာ တစ်ယောက်ဘေးမှာ တစ်ယောက်အတူ ခရီးဆက်ခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ ထူးခြားတဲ့အမှတ်တရတွေ ရှိခဲ့ကြတယ်။ Grab ခရီးစဉ်တစ်ခုမှာ ချစ်ခြင်းကို တွေ့ရှိခဲ့တာတွေ မှတ်မိသေးလား။ ဒီခရီးလမ်းကြောင်းတွေပေါ်မှာပဲ မိတ်ဆွေတို့လို ခရီးသည်တွေထဲက ၂၁ ယောက်ဟာ ကားထဲမှာ မီးဖွားခဲ့တာတွေ ကျွန်တော်တို့ ဘယ်လိုမေ့နိုင်ပါ့မလဲ။

ဒီလိုပါပဲ၊ တချို့ ကြီးမားတဲ့အောင်မြင်မှုမိုင်တိုင်တချို့ကိုလည်း အတူတူ ဆင်နွှဲခဲ့ကြဖူးတယ်လေ။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာမှာ ခရီးစဉ်ပေါင်း တစ်ဘီလျံပြည့်သွားခဲ့တယ်။ နောက် ၉ လအတွင်းမှာ ခရီးစဉ်ပေါင်း ၂ ဘီလျံ။ အဲဒီကနေ ၆ လပဲ ရှိပါသေးတယ်။ တိတိကျကျပြောရရင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ ၂၁ နာရီ၊ ၃၄ မိနစ်၊ ၃၂ စက္ကန့် ( စင်ကာပူအချိန်)၊ မြန်မာစံတော်ချိန် ညနေ ၈ နာရီ၊ ၄ မိနစ်၊ ၃၂ စက္ကန့်မှာ ခရီးစဉ်ပေါင်း ၃ ဘီလျံကို ပြည့်မီသွားခဲ့တာပါ။

အခုလို ၃ ဘီလျံကို ရောက်သွားတဲ့အချိန်မှာ နိုင်ငံပေါင်း ၆ နိုင်ငံအတွင်း၊ ၂၁ မြို့မှာ စုစုပေါင်း ခရီးစဉ် ၆၁ ခုဟာ တူညီတဲ့အချိန်တစ်ချိန်တည်းကပဲ စတင်ထွက်ခွာနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီခရီးစဉ်တွေထဲက အတိုဆုံးက ၃၆၂ မီတာခရီးစဉ်ဖြစ်ပြီး ( အဲဒီညက Cirebon မှာ သည်းသည်းမဲမဲ မိုးရွာနေတဲ့အချိန်ဖြစ်ပြီး ဒါကြောင့်ပဲ ဒီခရီးစဉ်က ဒီမှာ ပါဝင်လာတာပါ)၊ အဝေးဆုံးကတော့ ဂျာကာတာက ၂၆.၅ ကီလိုမီတာခရီးစဉ်ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံက ဂျူနီယာကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ရှောင်န်က သူ့ရဲ့ Grab နဲ့ပထမဆုံးအကြိမ် စစီးတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး သူဟာ ကျွန်တော်တို့ရဲ့ ၃ ဘီလျံပြည့်စီးနင်းသူတွေထဲက တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ သူကတော့ ခါတိုင်းဆို အများပြည်သူသုံးဘတ်စ်ကိုပဲ စီးတဲ့သူပါ။ အဲဒီနေ့က ဘတ်မင်တန်ကစားအပြီး အိမ်ကို ပြန်တဲ့အချိန်က နည်းနည်းနောက်ကျနေပြီမို့ Grab ကို ငှားစီးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါတဲ့။ သူဟာ ခရီးစဉ် ၃ ဘီလျံပြည့်အမှတ်တရထဲ ၂၀၁၄ ခုနှစ်ကစပြီး Grab နဲ့ စီးနင်းခဲ့တဲ့ခရီးသည်တွေ (ကွာလာလမ်ပူဆီမှ)၊ ၂၀၁၅ ခုနှစ်လောက်ကစပြီး ကျွန်တော်တို့နဲ့ လက်တွဲခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်းတွေ (မနီလာကနေ တက္ကစီတွေ)ကနေ သိပ်မကြာခင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ( ဘာလီကနေ ခရီးလမ်းတစ်လျှောက်)တွေထဲ တကယ့်မိုင်တိုင်ဆီ ရောက်ဖို့ ၄ ရက်အလိုမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရှောင်န်နဲ့ တခြား ခရီးသည် ၆၀ လောက်ဟာ ကျွန်တော်တို့ရဲ့ ၃ ဘီလျံခရီးစဉ်ပြည့်မီတဲ့အချိန်မှာ ကားထဲမှာ ထိုင်ရင်း ထူးခြားတဲ့အချိန်နာရီကို ဖြတ်ကျော်နေရတာဖြစ်ရင် ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ အဲဒီအချိန်မတိုင်မီနဲ့ အဲဒီအချိန်အပြီး ရှိနေခဲ့တဲ့ ခရီးစဉ်တိုင်းဟာ တကယ့်ကို အရေးကြီးပါတယ်။

မိတ်ဆွေတွေအနေနဲ့ ကျွန်တော်တို့နဲ့ စီးနင်းတဲ့အချိန်တိုင်း၊ ကျွန်တော်တို့နဲ့ အစားအသောက်မှာတဲ့အချိန်တိုင်း၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ အထုပ်အပိုးပို့ဆောင်တဲ့အချိန်တိုင်း မိတ်ဆွေဟာ ကျွန်တော်တို့ကို ယုံကြည်တဲ့စိတ်နဲ့ ရွေးချယ်အသုံးပြုနေတယ်ဆိုတာ သိပါတယ်။

တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အခါ မိတ်ဆွေ လိုလားတဲ့အရာက စိတ်ချလုံခြုံရပြီး သက်သောင့်သက်သာနဲ့ အားကိုးအားထားပြုနိုင်တဲ့အရာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အရာအားလုံံးကို အမြဲတမ်း အတိအကျ လုပ်ဆောင်ဖြည့်ဆည်းနိုင်ပြီလို့တော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် မိတ်ဆွေရဲ့ ယုံကြည်မှုထက်ပိုပြီး ကျွန်တော်တို့ လိုလားတဲ့အရာ မရှိပါဘူး။ မိတ်ဆွေအတွက် ကျွန်တော်တို့ဝန်ဆောင်မှုကို ဆက်လက်မြှင့်တင်နေဖို့ထက်ပိုပြီး အရေးကြီးတဲ့အရာမရှိပါဘူး။ နေ့စဉ်တိုင်းဟာ ပိုပြီး ကောင်းမွန်သထက် ကောင်းမွန်လာဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်လုပ်ဆောင်နေပါတယ်။

အခုဆို ကျွန်တော်တို့ ခရီးစဉ် ၃ ဘီလျံပြည့်ကနေ ရှေ့ကို ခရီးစဉ် ၄၊ ၅ ဘီလျံ၊ ၁၀ ဘီလျံ မိုင်တိုင်တွေဆီ ဆက်သွားတဲ့ခရီးလမ်းမှာ မိတ်ဆွေတို့လည်း ကျွန်တော်တို့နဲ့အတူ လမ်းတစ်လျှောက် ပိုများတဲ့ အမှတ်တရတွေ ဖန်တီးရင်း ဆက်ပါဝင်လာဦးမယ်လို့ ယုံကြည်ပါတယ်။

ခရီးစဉ် ၃ ဘီလျံပြည့်ဆီက အောင်မြင်မှုမိုင်တိုင်တွေနဲ့ အခြားစိတ်ဝင်စားစရာအချက်တွေကို လေ့လာဖို့အတွက် အောက်က ပုံကို ကြည့်လိုက်ပါ။