၂၀၂၄၊ နှစ်သစ် ဇန်နဝါရီ ကစပြီး မိတ်ဖက် အကူအညီ ရန်ပုံငွေအဖြစ် ကျပ် ၁၀,၀၀၀,၀၀၀ ထပ်မံ မတည်လိုက်ပြီနော်

မိတ်ဖက်အားလုံးရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘဝ အဆင်ပြေချော့မွေ့စေဖို့အတွက်ကို  Grab က အစဉ်အမြဲ ဦးစားပေး စဉ်းစားပေးလျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ က စတင်တဲ့ မိတ်ဖက်အကူအညီ ရန်ပုံငွေ အစီအစဉ်အနေနဲ့ ၂၀၂၃ နှစ်ကုန် ဒီဇင်ဘာအတွင်းမှာ မတည်ရန်ပုံငွေ စုစုပေါင်း ကျပ် ၈၀၀ သိန်းနဲ့ မိတ်ဖက်စုစုပေါင်း ၉၁၉ ဦးကို ပံ့ပိုးကူညီပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

အခု အခါမှာလည်း မိတ်ဖက်အားလုံးကို အဘက်ဘက်ကနေ အကူအညီပေးနိုင်ဖို့အတွက် ၂၀၂၄ နှစ်သစ် ဇန်နဝါရီကစပြီး မိတ်ဖက် အကူအညီ ရန်ပုံငွေအဖြစ် ကျပ် ၁၀,၀၀၀,၀၀၀ ထပ်မံ မတည်ထားပါတယ်။

အဆိုပါ  မိတ်ဖက် အကူအညီ ရန်ပုံငွေကို အောက်ဖော်ပြပါ ကိစ္စရပ်တွေအတွက် မိတ်ဖက်တစ်ဦးလျှင် အများဆုံး ၁၀၀,၀၀၀ ကျပ်အထိ အကူအညီ ရယူနိုင်ပါတယ်။ 

  •  ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ
  •  ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် (ဇနီးနဲ့ သားသမီး)
  •  အသက်ဆုံးပါးမှုနဲ့ နာတာရှည်မသန်စွမ်းမှုများ
  •  သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ
  •  အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု
  •  အသက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)

အလုပ်လုပ်နေချိန် Grab ခရီးစဉ်အတွင်း ဖြစ်တဲ့ ကိစ္စရပ်တွေအတွက် မတော် တဆထိခိုက်မှုအာမခံကိုလည်း ပုံမှန်အတိုင်း ဆက်လက်ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။

သတ်မှတ်ချက်အနေနဲ့ကတော့

ပလက်ဖောင်းပေါ်မှာ  လက်ရှိမောင်းနှင်နေတဲ့ မိတ်ဖက်များအားလုံး (ယာဉ်မောင်း နဲ့ ပို့ဆောင်သူများ)အနေနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း တစ်လလျှင် အနည်းဆုံး Grab ခရီးစဉ်/ အော်ဒါ ၁ကြောင်း ရှိရုံနဲ့    လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ပို့ဆောင်သူများအတွက် သီးသန့် အထွေထွေ အကူအညီအနေနဲ့ကတော့ 

 ပြီးခဲ့တဲ့ ၃ လအတွင်း တစ်လမှာ အော်ဒါတစ်ကြောင်းအနည်းဆုံးရှိသူ ဖြစ်ရပါမယ်။  ပံ့ပိုးငွေကတော့ ကျပ် ၃၀၀၀၀ ကနေ ၅၀၀၀၀ အတွင်းဖြစ်ပါတယ်။ ( လိုအပ်တဲ့ အထောက်အထား၊ လက်ခံစာရွက် စတာတွေကိုတော့ ပေးအပ်ရမှာပါ။)


မိတ်ဖက်အကူအညီ ရန်ပုံငွေကို ဖော်ပြပါ Help Center မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။

 မိတ်ဖက် အကူအညီ ရန်ပုံငွေလျှောက်ထားလိုတဲ့အခါ 

ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ

  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် (ဇနီးနဲ့ သားသမီး)
ကိုယ်တိုင်

  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

ဇနီးနှင့် သားသမီး

  • အိမ်ထောင်စုစာရင်း
  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

အသက်ဆုံးပါးမှု

  • နာရေးဖိတ်စာ (သို့မဟုတ်) သေစာရင်း

နာတာရှည်မသန်စွမ်းမှုများ

  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ

  • ကားပျက်စီးသွားသည့်ပုံ ( ကားနံပါတ် သို့မဟုတ် City Taxi နံပါတ်ပေါ်အောင်ရိုက်ထားသည့်ပုံ)
  • ဘောက်ချာ ( Workshop ဆိုင်နာမည်၊ လိပ်စာပါသောဘောက်ချာ သို့မဟုတ် ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု

  • ကားပျက်စီးသွားသည့်ပုံ ( ကားနံပါတ် သို့မဟုတ် City Taxi နံပါတ်ပေါ်အောင်ရိုက်ထားသည့်ပုံ)
  • ဘောက်ချာ ( Workshop ဆိုင်နာမည်၊ လိပ်စာပါသောဘောက်ချာ သို့မဟုတ် ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

သက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)
ကိုယ်တိုင်

  • ဘောက်ချာ (သင်တန်း နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) သင်တန်းတံဆိပ်တုံးပါသော ဘောက်ချာ)

သားသမီး

  • အိမ်ထောင်စုစာရင်း
  • ဘောက်ချာ (သင်တန်း နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) သင်တန်းတံဆိပ်တုံးပါသော ဘောက်ချာ)

စီးတီးတက်စီ လိုင်စင်လျှောက်ခြင်းနဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) အသင်းဝင်ခြင်း ကုန်ကျစရိတ်

  • ကုန်ကျစရိတ်ဘောက်ချာ လိုအပ်ပါတယ်။