ယာဉ်မောင်းအဆင့် မန်ဘာသတ်မှတ်ချက် ပုံစံအသစ် စတင်ပါပြီ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက စပြီး ယာဉ်မောင်း မန်ဘာအဆင့် တွက်ချက်တဲ့အခါ ခရီးစဉ်အကြောင်းရေအစား ပွိုင့်နဲ့ အစားထိုးတွက်ချက်ဖော်ပြသွားမှာ ဖြစ်ပြီး သတ်မှတ်အချိန်အလိုက် ပွိုင့်ရရှိနှုန်းကိုလည်း အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

သတ်မှတ်ချိန်အတွင်း ဆွဲတဲ့အတွက် ၁.၅ ပွိုင့် ရရှိတဲ့ခရီးစဉ်ကြောင်းတွေကို Tier Booster လို့ ခေါ်ပါတယ်။

အထက်ပါ သတ်မှတ်အချိန်အတွင်းမှာ ပြီးစီးတဲ့ ခရီးစဉ် ၂ ကြောင်းကို ၃ ပွိုင့် ရရှိမှာ ဖြစ်လို့  မိမိရည်ရွယ်တဲ့ မန်ဘာအဆင့် သတ်မှတ်ပွိုင့်ကို မြန်မြန်ပြည့်မီဖို့ အထောက်အကူပြုနိုင်မှာပါ။

မကြာခဏမေးလေ့ရှိသော မေးခွန်းများ

 
 
  1. Tier Booster ဆိုတာ ဘာလဲ?

Tier Booster ဆိုတာ ယာဉ်မောင်းမန်ဘာအဆင့်သတ်မှတ်ချက် မြှင့်တင်တဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။

 

  1. Tier Booster က Multiplier  ဘယ်နှပွိုင့်ရမှာလဲ?

 သတ်မှတ်အချိန်အတွင်း ဆွဲထားတဲ့ ခရီးစဉ်ကြောင်းရေတွေအတွက် တစ်ကြောင်းလျှင် ၁.၅ ဆ ကို ပွိုင့်အဖြစ် ပေးမှာ ဖြစ်ပါတယ်။

 

  1. Points လို့ပြောထားပြီး Dax App မှာ ရော ဘယ်နေရာမှာ သွားကြည့်လို့ရမှာလဲ?

Tiers and Progress စာမျက်နှာအောက်က No of Jobs မှာ မိမိ ရရှိထားတဲ့ ပွိုင့်အရေအတွက်ကို ကြည့်ရှုနိုင်ပါတယ်။

 

  1. Peak Hour အချိန်တွေမှာရော Tier Booster Point ရမှာလား?

သတ်မှတ်ထားတဲ့ Peak Hour အချိန်တွေမှာ ပြီးစဉ်တဲ့ ခရီးစဉ်တိုင်းအတွက် Tier Booster Point တွေ ရရှိမှာ ဖြစ်ပါတယ်။

 

  1. Tier Booster ရဲ့ အားသာချက်က ဘာလဲ?

  • သတ်မှတ်အချိန်ထားပေးထားတဲ့အတွက် မိမိမန်ဘာအဆင့် သတ်မှတ်ချက် ပြည့်မီစေရန် အချိန်ကို ချိန်ဆပြီး စီမံခန့်ခွဲနိုင်ခြင်း

  • ယာဉ်မောင်းတွေအတွက် မန်ဘာအဆင့်သတ်မှတ်ချက်တွေကို လျင်လျင်မြန်မြန် ပြည့်မီစေဖို့အတွက် သတ်မှတ်အချိန်တွင်း ခရီးစဉ်များကို တစ်ကြောင်းလျှင် ၁.၅ ဆနှုန်းဖြင့် ပွိုင့်သတ်မှတ်ပေးထားခြင်း

 
  1. Tier Booster မှာ ရမယ့် Point တွေက Real Time ရမှာလား?

Tier Booster မှာ ရမဲ့ ပွိုင့်တွေကို ခရီးစဉ်တစ်ခု ပြီးစီးတိုင်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

  1. Tier Booster Break Down ကို Turn On မလုပ်ရင် ဘာဖြစ်နိုင်လဲ?

Tier Booster Break Down ကို Turn on မလုပ်ရင် Tier Booster အတွက် ရရှိတဲ့ ပွိုင့်တွေနဲ့ မိမိရဲ့ လုပ်ဆောင်ချက် တိုးတက်မှုတွေကို မြင်ရမှာ မဟုတ်ပါဘူး။

 

  1. ဒီ Trip က Tier Booster ရ/မရကို ဘယ်မှာကြည့်လို့ရလဲ?

ခရီးစဉ်ရဲ့  Job details စာမျက်နှာမှာ Tier Booster ကို နှိပ်ကြည့်လိုက်ရင် မြင်ရမှာ ဖြစ်ပါတယ်။  Tier Booster ရတယ်ဆိုရင် ဒီ ခရီးစဉ်ဟာ ၁.၅ ဆ x ရရှိတယ်ဆိုတဲ့ မက်ဆေ့ချ်ကို တွေ့ရမှာ ဖြစ်ပါတယ်။