ဆိုင်ပိတ်ထားလို့ အော်ဒါပယ်ဖျက်ချင်တဲ့အခါ Grab Chatbot ကို အသုံးပြုလိုက်ပါ

ပို့ဆောင်သူများအနေနဲ့ အော်ဒါလက်ခံပြီးမှ ဆိုင်ပိတ်ထားလို့ အော်ဒါပယ်ဖျက်ချင်တဲ့အခါ Grab Hotline ကို ဖုန်းခေါ်စရာမလိုတော့ဘဲ မိမိတို့ကိုယ်တိုင် Grab အက်ပလီကေးရှင်းရဲ့ Chatbot မှ တစ်ဆင့် အော်ဒါပယ်ဖျက်နိုင်ပြီ ဖြစ်ပါတယ်။ 

သတ်မှတ်ချက်အနေနဲ့ကတော့ 

  • ပို့ဆောင်သူက ဆိုင်တည်နေရာရဲ့ မီတာ ၂၀၀ အတွင်း ရောက်ရှိဖို့ လိုပါတယ်။ မဟုတ်ရင် အော်ဒါကို ပယ်ဖျက်ပေးမှာ မဟုတ်ပါဘူး။ 
  • အော်ဒါ ပယ်ဖျက်ပြီးတဲ့အခါ ပို့‌ဆောင်သူအနေနဲ့ အဆိုပါအော်ဒါအတွက် ဆိုင်ကို သွားခဲ့တဲ့  ခရီးစဉ်အကွာအဝေးက မီတာ ၂၀၀  အထက်ရှိပါက သွားရောက်ခ အနေနဲ့ ကျသင့်ငွေကို Credit Wallet ထဲ ပြန်လည် ထည့်ပေးသွားမှာ ဖြစ်ပါတယ်။ 

ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ Grab Chatbot အသုံးပြုလိုက်ပါ။