အမျိုးသမီးများ ရှေးရိုးစွဲယူဆချက်များထဲမှ ဖောက်ထွက်နိုင်လာကြပါပြီ

Grab နှင့် ချိတ်ဆက်ပြီး တက္ကစီမောင်းနှင်ခြင်းသည် မိမိ၏ နေထိုင်မှုပုံစံ၊ ပေးနိုင်သော အချိန်ပေါ် မူတည်ပြီး လိုက်လျောညီထွေ အလုပ်လုပ်နိုင်သည့် အတွက် မြန်မာနိုင်ငံရှိ အမျိုးသမီးထုအနေဖြင့် ကိုယ်ပိုင်ဝင်ငွေရှာရန်၊ အလုပ်နှင့် ဘဝနေထိုင်မှုအကြား  အဆင်တပြေ ထိန်းညှိနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းအသစ်တစ်ခု ရရှိလာပြီဖြစ်သည်။ အမျိုးသမီးများအနေနှင့် ၎င်းတို့၏မိသားစုအတွက် ဝင်ငွေရရှိရန်၊ စီးပွားရေး ခိုင်မာတောင့်တင်းစေရန်  ယာဉ်မောင်းခြင်းအားဖြင့် ကူညီဖန်တီးနိုင်ပြီဖြစ်သည်။ ထိုသို့လုပ်ကိုင်ရင်းနှင့်ပင် အမျိုးသမီးများသည် ကျားမခွဲခြားမှုရှေးရိုးစွဲယူဆချက်များကို စိန်ခေါ်လျက် ရှိသည်။ Grab ၏အမျိုးသမီးယာဉ်မောင်းများသည် ၎င်းတို့၏ဘဝကို မည်သို့စီမံဆောင်ရွက်နေကြောင်း လေ့လာကြမည်ဆိုလျှင်..။

ကား၊ စက်ဘီး၊ ဘတ်စ်ကား၊ ရထား (သို့) လေယာဉ် မည်သည့်ယာဉ်အမျိုးအစားအတွက်ဖြစ်စေ အမျိုးသမီးများအနေဖြင့်လည်း ယာဉ်မောင်းကျွမ်းကျင်သူများဖြစ်နိုင်သည်ဆိုသည့်အချက်ကို သိရှိထားပြီးဖြစ်သည်။ ဤသည်မှာ သမားရိုးကျဖြစ်စဉ်များထက် ထူးခြားနေသည်။ ယခုအခါ Grab သည် ဒေသတစ်ဝန်း အလွှာပေါင်းစုံမှ အမျိုးသမီးထောင်ပေါင်းများစွာကို ယာဉ်မောင်းကျွမ်းကျင်သူများဖြစ်လာနိုင်စေရန်အတွက် ကူညီပေးလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်အတွင်း အရှေ့တောင်အာရှဒေသတွင် Grab အမျိုးသမီးယာဉ်မောင်းအရေအတွက်သည် ၂၃၀% အထိ တိုးတက်လာခဲ့သည်။ ဆိုလိုသည်မှာ ထောင်ပေါင်းများစွာသော အမျိုးသမီးများသည် ၎င်းတို့၏ဘဝနေထိုင်မှုပုံစံနှင့်ကိုက်ညီ၍ စိတ်ကျေနပ်ဖွယ်ကောင်းကာ လိုက်လျောညီထွေရှိသည့် လုပ်ငန်းကို ရွေးချယ်နိုင်သည်အထိ စွမ်းဆောင်ရည်တိုးတက်လာကြခြင်းဖြစ်သည်။ ထို့အပြင် Grab အမျိုးသမီးယာဉ်မောင်းများသည် ယခုအခါ ပိုမို၍များပြားသော ခရီးအကွာအဝေးများကို မောင်းနှင်လာနိုင်ကြပြီဖြစ်ကာ၊ ယခုနှစ် ဇန်နဝါရီလနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်း သွားခဲ့သော ခရီးစဉ်အကွာအဝေးတို့ကို နှိုင်းယှဉ်ကြည့်ပါက  ၅၇၀% ထက်ပို၍ မောင်းနှင်ခဲ့ပြီးဖြစ်သည်။

အမျိုးသမီးများအနေဖြင့် Grab ကို ရွေးချယ်မောင်းနှင်ရသည့် အကြောင်းရင်းများစွာ ရှိပါသည်။ တချို့အမျိုးသမီးများအတွက် မိမိ၏ငွေရေးကြေးရေးကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။ တချို့အတွက်မူ ဘဝနေထိုင်မှုပုံစံနှင့် မိသားစုအတွက်ဖြစ်စေ၊ တစ်ကိုယ်တည်းရပ်တည်နိုင်ရေးအတွက်ဖြစ်စေ မိမိ၏ပုဂ္ဂိုလ်ရေးဆိုင်ရာဦးစားပေးမှုတို့နှင့်ကိုက်ညီသည့် စိတ်ကျေနပ်ဖွယ်ရာအလုပ်ကို ရရှိနိုင်ခြင်းကြောင့်ဖြစ်သည်။

“Grab ကြောင့် ကျွန်မရဲ့ သွားရေးလာရေးနဲ့ ကိုယ်ပိုင်အသုံးစရိတ်တွေကို ကာမိစေပါတယ်။ အရင်က အပိုဆုကြေးတွေ ရပြီဆိုရင် ကျွန်မက ခရီးသွားဖြစ်တယ်။ အခုတော့ Grab ကပေးတဲ့အပိုဆုကြေးရရင် စုထားပြီး အိမ်ငှားခနဲ့ တခြားအသုံးစရိတ်တွေအတွက် သုံးပါတယ်။” – ဟေဇယ်မေ့ချ်၊ ဖိလစ်ပိုင်

“ဒီအလုပ်က ကျွန်မလိုမျိုး ဘွဲ့မရထားတဲ့သူတွေအတွက် အခုလို ပိုက်ဆံများများရအောင်ရှာနိုင်ဖို့ ကူညီပေးနိုင်တာကြောင့် နှစ်သက်မိပါတယ်။ ကိုယ်ပိုင်အလုပ်လိုဖြစ်လာတဲ့အတွက် အချိန်ကို ကိုယ့်စိတ်ကြိုက် အပြည့်အဝထိန်းချုပ်နိုင်ပါ တယ်။” – ဂျင်တာနာကီပန်ဖ၊ ထိုင်းနိုင်ငံ

“ငယ်ငယ်လေးကတည်းက ကားမောင်းရတာကို ကြိုက်ပါတယ်။ ဒါကြောင့် စာရင်းကိုင်အလုပ်ကနေတောင် ထွက်ပြီး GrabCar ကိုမောင်းခဲ့တာပါ။ Grab နဲ့ မောင်းရတာ ကျွန်မအတွက် လိုက်လျောညီထွေရှိပြီး လွတ်လပ်မှုရှိပါတယ်။ ကျွန်မရဲ့ သမီးလေးတွေကိုလည်း ဂရုစိုက်နိုင်ပြီး၊ သူတို့အတွက် အရသာကောင်းမွန်တဲ့ဟင်းတွေလည်း ချက်ကျွေးနိုင်သလို၊ မိသားစုဝင်ငွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။” – ကွက်ကင်မ်ကွီယမ်၊ ဗီယက်နမ်

နည်းပညာ နှင့် အဆင်ပြေမှု

Grab ၏နည်းပညာသည် အမျိုးသမီးများ၏ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန် စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သည်။ ယာဉ်မောင်းများအားလုံး၊ အထူးသဖြင့် အမျိုးသမီးယာဉ်မောင်းများအတွက် Grab ၏မိုဘိုင်းလ်နည်းပညာသည် လိုက်လျောညီထွေရှိစေခြင်းသာမက စိတ်အေးချမ်းမှုလည်းရှိစေပါသည်။

“အရင်တုန်းက ဂျာကာတာရဲ့လမ်းတွေနဲ့မရင်းနှီးသေးတော့ လမ်းပျောက်သွားမှာ စိုးရိမ်ခဲ့ရပါတယ်။ ဒီလို အဆင့်မြင့်နည်းပညာတွေရဲ့ကျေးဇူးကြောင့် Grab အက်ပလီကေးရှင်းမှာ GPS ကို သုံးပြီး လမ်းကြောင်းရှာနိုင်သွားပါပြီ။” – ဆိုလီဟက်တီနာဝတီ၊ အင်ဒိုနီးရှား

“အက်ပလီကေးရှင်းမှာပါတဲ့ အချိန်နဲ့တပြေးညီ ခြေရာခံပေးနိုင်တဲ့လုပ်ဆောင်ချက်ကို သဘောကျပါတယ်။ ခရီးသည်တွေရော ကျွန်မတို့လို ယာဉ်မောင်းတွေအတွက်ပါ လုံခြုံမှုရှိစေတယ်လေ။” – ရာနူဆီရီချွန်ပူး၊ ထိုင်းနိုင်ငံ

ဘေးကင်းလုံခြုံရေးနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများရှိလာကြသည့်အလျောက် Grab နှင့်လက်တွဲဆောင်ရွက်လာကြသော အမျိုးသမီးယာဉ်မောင်းများလည်း များပြားလာသည်။ ခရီးသည်၊ ယာဉ်မောင်းနှင့် ခရီးစဉ်အားလုံးကို အချိန်နှင့်တပြေးညီ အွန်လိုင်းမှ စောင့်ကြည့်နိုင်စေသည့် Grab ၏နည်းပညာကြောင့်သာမက လူ့အဖွဲ့အစည်းတစ်ခုလုံး၏စွမ်းအားကြောင့်ပါ ဒေသတွင်းရှိ Grab အမျိုးသမီးယာဉ်မောင်းများသည် စိတ်အေးလက်အေးပင် အလုပ်လုပ်နိုင်ကြောင်း ပြောဆိုလာကြသည်။

“ကိုယ့်စားဝတ်နေရေးအတွက် ဘာလုပ်ရမှန်းမသိဖြစ်နေရင် တက္ကစီမောင်းဖို့သာရွေးချယ်လိုက်ပါ။ ကျွန်မတို့ အမျိုးသမီးယာဉ်မောင်းတွေက ကူညီဖို့ အမြဲအသင့်ပါ။” – ခိုင်စံပယ်ဖြူ၊ ၊ မြန်မာ

“ခရီးသည်အတော်များများက ကျွန်မ ဒီလိုယာဉ်မောင်းအဖြစ် လုပ်ကိုင်ရဲတဲ့ သတ္တိကို ချီးကျူးကြပါတယ်။ ပြီးတော့ အမျိုးသမီးယာဉ်မောင်းနဲ့စီးရတာ ပိုလုံခြုံတယ်လို့ ခံစားရကြောင်းလည်း ပြောကြပါတယ်။” – မအိအိဟန်၊ မြန်မာ

“ကျွန်မအနေနဲ့  Grab နဲ့ သူ့ရဲ့အရေးပေါ်အခြေအနေစီမံရေးအဖွဲ့အပေါ် ယုံကြည်မှုရှိပါတယ်။ GPS ဖွင့်လိုက်တာနဲ့ ခရီးသည်ရော၊ ယာဉ်မောင်းရောအတွက် လုံခြုံမှုရှိအောင် ခရီးစဉ်တစ်ခုလုံးကို Grab ရဲ့ လူတစ်ယောက်က စောင့်ကြည့်နေမယ် ဆိုတာ သိထားပါတယ်။” – ငုရင်သီဟုမ်ထရမ်၊ ဗီယက်နမ်

လွတ်လပ်စွာ ရွေးချယ်နိုင်ခြင်း

Grab ကို အမျိုးသမီးများ ပိုမိုရွေးချယ်ရခြင်း၏အဓိကအကြောင်းရင်းမှာ လွတ်လပ်မှုကြောင့်ဖြစ်သည်။ သင်သည် မိသားစုနှင့် အခြားအလုပ်များအကြား စီမံခန့်ခွဲရသောအခါ လိုက်လျောညီထွေရှိရေးမှာ အရေးကြီးလှသည်။ ထို့ကြောင့် ဒေသတစ်ဝန်း အမျိုးသမီးယာဉ်မောင်းများအနေဖြင့် အမျိုးသားယာဉ်မောင်းများနှင့်စာလျှင် အကွာအဝေးအားဖြင့် ၂၄% ၊ ကားမောင်းချိန် ၁၄% လျော့နည်းနေသည်မှာ အံ့သြဖွယ်ရာမဟုတ်ပေ။

“ကျွန်မ ကားမောင်းချင်ရင် မောင်းချင်တဲ့ အချိန် ဒါမှမဟုတ် အချိန်ရရင် ရသလို မောင်းလို့ရပါတယ်။ ဒီလိုမျိုးဆိုတော့ စိတ်ဖိစီးမှုလည်း မရှိပါဘူး။ ဒါ့ကြောင့်မို့လည်း အချိန်ပိုင်းအလုပ်လုပ်ဖို့ Grab ကို ရွေးချယ်လိုက်တာပါ။ ကျွန်မရဲ့ အလုပ်ချိန်ဇယားနဲ့လိုက်ပြီး စီစဉ်လို့ ရလို့ပါ။” – ဒက်ဒူအန်ဖိုဖရွန်၊ ထိုင်းနိုင်ငံ

အမျိုးသားနှင့် အမျိုးသမီးများအကြား ဘဝနေထိုင်မှုပုံစံ ကွဲပြားခြားနားသော်လည်း ကားမောင်းနှင်မှုပုံစံမှာမူ ကွာခြားမှုကြီးကြီးမားမားမရှိကြောင်း အမျိုးသမီးယာဉ်မောင်းများက ဆိုသည်။ Grab အမျိုးသမီးယာဉ်မောင်းအများစုသည် အမျိုးသားများထက် ပို၍ တည်ငြိမ်စွာ၊ သတိကြီးစွာ မောင်းနှင်နိုင်ခြင်းကြောင့် ဂုဏ်ယူကြောင်း ဆိုကြသော်လည်း၊ မည်သူက ပိုကောင်းသည့်ယာဉ်မောင်းဖြစ်သည်ဟူ၍ မရှိကြောင်း လက်ခံထားကြသည်။ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခြင်းသာ အရေးအကြီးဆုံးဖြစ်ပါသည်။

“အမျိုးသားတွေ လုပ်နိုင်တဲ့အရာမှန်သမျှကို ကျွန်မတို့အမျိုးသမီးတွေလည်း လုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။” – မအိအိဟန်၊ မြန်မာ

“ကျွန်မတို့အမျိုးသမီးယာဉ်မောင်းတွေဟာ ကျွမ်းကျင်တဲ့ယာဉ်မောင်းတွေဖြစ်ပါတယ်။ အမျိုးသားတွေလုပ်နိုင်သမျှကို လုပ်နိုင်ပေမယ့် လုံခြုံမှုကို အရာအားလုံးထက်ပိုပြီး ဂရုစိုက်တတ်တဲ့သူတွေပါ။” – ရက်ဂီရိုဘယ်လ်စ်၊ ဖိလစ်ပိုင်

Grab ခရီးသည်များ၏ အဆင့်သတ်မှတ်ပေးချက်သည် ညီတူညီမျှဖြစ်စေမှုကို အထောက်အကူပေးလျက်ရှိသည်။ ဒေသတွင်း Grab ဝန်ဆောင်မှုရှိသောနိုင်ငံများတွင် အမျိုးသားယာဉ်မောင်းနှင့် အမျိုးသမီးယာဉ်မောင်းများအကြား အဆင့်သတ်မှတ်ပေးချက် ကွာခြားမှုများသည် ၅% အောက်တွင်သာ ရှိနေသည်။ ဆိုရလျှင် အမျိုးသမီးများကပင် အဆင့်သက်မှတ်ချက် အနည်းငယ်ပိုကောင်းနေတတ်သည်။

“ကျွန်မအတွက်ကတော့ ခရီးသည်ဆီက အဆင့်သတ်မှတ်ချက်ကောင်းကောင်းရနိုင်ဖို့ ပထမဆုံးလုပ်ရတဲ့အချက်က ခရီးသည်နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ပါပဲ။ ကျွန်မကတော့ ခရီးသည်တွေ ကားပေါ်တက်လာတာနဲ့ အပြုံးနဲ့နှုတ်ဆက်ပြီး စကားပြော စနောက်လေ့ရှိပါတယ်။ – လီယူသီကူသောင်အို

ညီအစ်မများသည် မိမိတို့ကိုယ်တိုင်အတွက် … ထို့နောက် ၎င်းတို့ ချစ်ခင်ရသူများအတွက် လုပ်ဆောင်နေကြသည်

Grab အမျိုးသမီးယာဉ်မောင်းများသည် စိတ်ရောလူပါ တက်တက်ကြွကြွဆောင်ရွက်လုပ်ကိုင်တတ်ကြသည်။ ရည်မှန်းချက်ရှိခြင်းနှင့် စိတ်အားထက်သန်မှုသည် အောင်မြင်မှုအတွက် အဓိကသော့ချက်များဖြစ်သည်။

“Grab ကပေးတဲ့ အပိုဆုကြေးတွေက ကျွန်မအတွက် အပိုဝင်ငွေပါပဲ။ အဲဒီအပိုဝင်ငွေတွေကို ကျွန်မကတော့ ဘဏ်အကောင့်ထဲ ထည့်စုထားလိုက်တာပဲ။ အဲဒီငွေတွေကို ပရဟိတအဖွဲ့တွေနဲ့ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းဖို့ စိတ်ကူးထားပါတယ်။” – ခိုင်စံပယ်ဖြူ၊ မြန်မာ

“ကျွန်မက အသက် ၆၀ ရှိနေပါပြီ။ ဒီအလုပ်ကတော့ ကျွန်မ အကြိုက်ဆုံးအလုပ်ပါပဲ။ ဒီမှာက တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းကြပါတယ်။ တစ်ရက်က ခရီးသည်တစ်ယောက်ဆို ကျွန်မကို ဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းပါတယ်။ သူ့ရဲ့ညီလေးတွေကိုပြပြီး အလုပ်ကြိုးစားဖို့ ဘယ်တော့မှ နောက်မကျပါဘူးဆိုတဲ့အကြောင်း ပြောပြချင်လို့လို့ ပြောပါတယ်။” – ဒန်သီသန်သူ။ ဗီယက်နမ်

Grab အမျိုးသမီးယာဉ်မောင်းများအနေဖြင့် လိုက်လျောညီထွေရှိမှု၊ ဝင်ငွေရရှိမှုစသည့် အကြောင်းအရင်းများကြောင့် Grab နှင့်လက်တွဲလုပ်ကိုင်နေကြသော်လည်း ၎င်းတို့ကို ပျော်ရွှင်စေသော အခြားအကြောင်းတစ်ခုမှာ ခရီးသည်များနှင့် ရင်းနှီးသောဆက်ဆံရေးထားနိုင်ခြင်းပင်ဖြစ်သည်။

“ကျွန်မရဲ့အားသာချက်တစ်ခုက သင်ယူဖို့ အခွင့်အရေးရလာတိုင်း အမိအရ ဖမ်းဆုပ်တတ်တဲ့ ပြင်းပြတဲ့ သင်ယူလိုစိတ်ပဲ ဖြစ်ပါတယ်။” – ဒေါ်နီနီရှိန်း၊ မြန်မာ

အရှေ့တောင်အာရှရှိ အမျိုးသမီးထောင်ပေါင်းများစွာသည် Grab နှင့်လက်တွဲဆောင်ရွက်ကာ ဘဝနေထိုင်မှုပုံစံကို ထိန်းညှိနေနိုင်ကြပြီဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ မိသားစုနှင့် ဘဝ၊ ရည်မှန်းချက်နှင့် ဘဝနေထိုင်မှုပုံစံတို့ကို ထိန်းညှိနေကြသည်။ ထို့အပြင် ၎င်းတို့သည် ကူညီလိုစိတ်ရှိကြသည်။ မြန်မာနိုင်ငံမှ Grab အမျိုးသမီးယာဉ်မောင်းဖြစ်သူ ဒေါ်နီနီရှိန် ပြောကြားသည်မှာ –

“ဒီမှာ ရှိတဲ့ အမျိုးသမီးအားလုံးကို အားပေးချင်ပါတယ်။ လူတိုင်းမှာ အခက်အခဲဆိုတာရှိတတ်ပြီး၊ ကျွန်မတို့အပေါ် ကျရောက်လာနိုင်တဲ့ ကံဆိုးမှုတွေကို ရှောင်ရှားလို့မရပါဘူး။ ဒါကြောင့် ဒီအခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ကျော်လွှားသွားကြရမှာပါ။ ဘယ်အရာမှ မတည်မြဲပါဘူး။ အလွယ်တကူ အလျှော့မပေးလိုက်ပါနဲ့။ အခုကစပြီး Grab နဲ့ လက်တွဲကြည့်လိုက်ပါ။”