Anthony နဲ့ Hooi Ling တို့ထံမှစာ




စီးပွားရေးတက္ကသိုလ်မှာ စတွေ့ခဲ့ကြတဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ Business at the Base of the Pyramid (BBOP) ဆိုတဲ့ ဘာသာရပ်ကို အတူသင်ယူခဲ့ရပြီး Lapdesk ရဲ့ ဇာတ်လမ်းလေးကို ကျွန်တော်တို့ များစွာ စိတ်ဝင်စားခဲ့ကြပါတယ်။ သူက အကျိုးအမြတ်အတွက် လူမှုရေးလုပ်ငန်း (FOPSE)အကြောင်း ဖြစ်ပြီး အစိုးရကျောင်းတွေမှာ စာသင်စားပွဲခုံ အလုံအလောက်မရှိတဲ့ပြဿနာကို အမြစ်ဖြတ်ဖြေရှင်းချင်တာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ BBOP ဘာသာရပ်က လုပ်ငန်းတွေဟာ အကျိုးရလဒ် ၂ ခုကို ပြိုင်တူဖန်တီးနိုင်တယ် - တစ်ချိန်တည်းမှာ အမြတ်အစွန်းလည်းရ လူမှုအကျိုးပြုတာလည်းဖြစ်စေနိုင်တယ်ဆိုတာ သိလိုက်ရပြီး ကျွန်တော်တို့အားလုံးရဲ့ အိမ်ဖြစ်တဲ့ အရှေ့တောင်အာရှအတွက် ကောင်းမွန်တဲ့ တွန်းအားဖြစ်စေတဲ့ လုပ်ငန်းတစ်ခုတည်ထောင်ဖို့ အိပ်မက်စမက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ ကားအငှားကုမ္ပဏီကနေ စတင်ခဲ့ပြီး ယာဉ်မောင်းတွေကို ဝင်ငွေရရှိအောင် ဖန်တီးပေးရင်းကနေ နေ့စဉ်သန်းပေါင်းများစွာသော စွန့်ဦးတီထွင်နေကြတဲ့ ဖနွမ်းပင်က တုတ်တုတ်ယာဉ်မောင်းကြီး၊ ဈေးထဲက ငါးသည်၊ ကျွန်တော်တို့ အနှစ် ၂၀ ကျော်သိကျွမ်းခဲ့တဲ့ တရုတ်တန်းက ကြက်ဆီထမင်းဆိုင်ရှင်ဦးလေးကြီး စသဖြင့် အများအပြားကို တွေ့မြင်ခွင့်ရခဲ့ပါတယ်၊

အရှေ့တောင်အာရှမှာရှိတဲ့ သန်း ၇၀ ကျော်သော အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ (SME) ကနေ လူပေါင်းသန်း ၁၄၀ ကျော်ကို အလုပ်အကိုင်များ ပေးနေတာဖြစ်ပြီး ဒေသတွင်းရှိ လုပ်ငန်းများရဲ့ ၉၉% မှာ SME များဖြစ်ကြပါတယ်။ ဒီလုပ်ငန်းရှင်များဟာ ကျွန်တော်တို့ စီးပွားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး Grab အနေနဲ့ ၎င်းရဲ့ ဝန်ဆောင်မှုတွေကို ဤသန်းပေါင်းများစွာသော လုပ်ငန်းရှင်များအတွက် superapp ဖြစ်လာဖို့ကို လုပ်ဆောင်ပေးရခြင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ လမ်းပြကြယ် Grab Way ကြောင့် သူတို့ကို ဝင်ငွေပိုမိုရရှိအောင် ကူညီပေးနိုင်ရုံသာမက ၎င်းတို့ရဲ့ ဘဝရွေးချယ်မှုနဲ့ မျှော်မှန်းချက်တွေကို ပိုမိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ အသက်မွေးဝမ်းကျောင်းပြုစေနိုင်ခဲ့ပါတယ်၊ မိသားစုနဲ့ အချိန်ပိုရှိနိုင်အောင်ဖြစ်ဖြစ်၊ ဆိုင်ပိုင်ရှင်ဖြစ်လာပြီး မိမိဘဝကို မိမိဖန်တီးနိုင်အောင်ဖြစ်ဖြစ်၊ အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မယ့် ပလက်ဖောင်း လုပ်ပေးတာဖြစ်ဖြစ် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါဟာ ဝင်ငွေဖန်တီးပေးရုံသတ်သတ် မဟုတ်ပါဘူး။ ဒါဟာ စီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်မှုပဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ အဝန်းအဝိုင်းအတွင်းမှာ အကျိုးရလဒ်များ တွေ့လာရပြီဖြစ်ပေမယ့်၊ သွားရမယ့်လမ်းက အရှည်ကြီးရှိပါသေးတယ်။ ပထမအချက်အနေနဲ့ ကျွန်တော်တို့က နေ့စဉ်လုပ်ငန်းရှင်များကို ကူညီရာမှာ တိုးတက်မှုများရှိနေပြီဆိုသော်လည်း၊ တော်တော်များများကတော့ အခုချိန်ထိ နေ့စဉ်စားဝတ်နေရေးအတွက်လောက်ပဲ အာရုံစိုက်နိုင်ပြီး ကျိန်းသေဖြစ်လာနိုင်တဲ့ စီးပွားရေးအကျပ်အတည်းအတွက် ဘာမှကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပါဘူး။

ဒုတိယအချက်အနေနဲ့ နည်းပညာတိုးတက်မှုဟာ အရှိန်အဟုန်လျင်မြန်စွာနဲ့ သွားနေပေမယ့် နေ့စဉ်လုပ်ငန်းရှင်များရဲ့ အစိတ်အပိုင်းအချို့ဟာ အမီလိုက်ဖို့ အတော်လေး ကြိုးစားနေကြတုန်းပါ။ ကူညီပေးမယ့်သူ မရှိပါက သူတို့ကို ကူညီပေးရမယ့် ဒီနည်းပညာတွေဟာ သူတို့ကို နောက်ကျကျန်ခဲ့အောင် လုပ်မယ့်အရာတွေဖြစ်လာပါလိမ့်မယ်။

ဒီအချက်နှစ်ခုစလုံးဟာ ဒီဒေသကြီးရဲ့ လူဦးရေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုလုံးကို နောက်ကျန်ရစ်ပြီး အများစုစီးပွားရေးနဲ့ ဆိုင်တဲ့အကြောင်းအရာတွေမှာ အားနည်းချည့်နှဲ့နေတာကို ပြသနေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ဟာ အရှေ့တောင်အာရှရဲ့ နေ့စဉ်လုပ်ငန်းရှင်တွေကို စီးပွားရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှိနေအောင်၊ ၎င်းတို့ကို သက်ဆိုင်ရာ နည်းပညာများနဲ့ အတတ်ပညာများ ပံ့ပိုးပေးပြီး ကျွန်တော်တို့ ဒေသတွင်းရဲ့ တွန်းအားအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးနိုင်ပါက ဆိုးရွားတဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ဒီတိုးတက်မှုတွေကို ၎င်းတို့သာမက ၎င်းတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူအများပါ ရရှိခံစားရမှာဖြစ်ပါတယ်။

အပေါ်ကပြောခဲ့တဲ့အတိုင်း ဆက်ဖြစ်တည်နေသေးသရွေ့ Grab ဟာ လူသားတိုင်း သူတို့စီးပွားရေးတိုးတက်ဖို့အတွက် လုပ်ဆောင်ဖို့ ရွေးချယ်မှုရှိသင့်တဲ့အတွက် လူတိုင်းအတွက် ကောင်းမွန်တဲ့ စီးပွားရေးကို ကူညီဖန်တီးပေးပြီး အရှေ့တောင်အာရှတစ်ခုလုံး တိုးတက်ဖို့ ဆောင်ရွက်ရန် ရည်ရွယ်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

Anthony နှင့် Hooi Ling

Grab မှာ ကျွန်တော်တို့ကို ဘယ်အရာက လှုံ့ဆော်ပေးတာလဲ။

"Grab Way အတိုင်း ကျွန်တော်တို့ရဲ့ ထူးချွန်တဲ့ Grabber တွေသာ အတူလုပ်ကြမယ်ဆိုရင် လူတိုင်းအတွက် စီးပွားရေး စွမ်းရည်မြှင့်တင်မှုတွေ ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး အရှေ့တောင်အာရှအတွက် ရေရှည်တည်တံ့မယ့် အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။"

ကျွန်ပ်တို့အကြောင်း

ကျွန်ုပ်တို့ အရှေ့တောင်အာရှတိုးတက်ရေး လုပ်ဆောင်နေပုံကို ကြည့်ပါ

ပိုမိုသိရှိရန်

ပိုမိုသိရှိရန်