ကျွန်တော်တို့ရဲ့ မူဝါဒလမ်းစဉ်များ

သမာသမတ်ကျခြင်းနဲ့ စီးပွားရေးကျင့်ဝတ်များဟာ အားလုံးကို စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ဖြစ်တဲ့ Grab ရည်မှန်းချက်ရဲ့အခြေခံမူဖြစ်ပါတယ်။ ကျွန်တော်တို့ မိတ်ဖက်တွေနဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုရရှိရန်အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုများနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ ခိုင်မာတဲ့ အုပ်ချုပ်မှုနည်းစနစ်များ ချမှတ်ထားပြီး၊ လူအများအတွက် ဘေးကင်း၊ တရားမျှတပြီး ကျင့်ဝတ်နဲ့ညီတဲ့ ပလက်ဖောင်းတစ်ခုကို ဖန်တီးရန် ရည်ရွယ်ပါတယ်။

သုံးစွဲသူများ လုံခြုံရန်

ဆိုက်ဘာလုံခြုံရေးလုပ်ဆောင်ချက်

Grab မှာ ကျွန်တော်တို့ရဲ့ကွန်ရက်များ၊ စနစ်များနဲ့ အချက်အလက်များကို ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးနဲ့ ဒေတာကာကွယ်ရေးများကို အမြဲခိုင်မာအောင် လုပ်ထားသလို၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ချမှတ်ထားသော သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာဥပဒေများနဲ့ ကဏ္ဍအလိုက် သတ်မှတ်ချက်များကို လိုက်နာရန် လုပ်ဆောင်ထားပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ ဆိုက်ဘာလုံခြုံရေးကို ကျင့်သုံးဖို့ အမြဲနိုးဆော်နေပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းများနဲ့ ချိတ်ဆက်လုပ်ကိုင်နေသူများဟာလည်း ဆိုက်ဘာလုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးသင်တန်းများကို နှစ်စဉ်တက်ရောက်ရပါတယ်။

အချက်အလက် ကာကွယ်ခြင်း

Grab အနေနဲ့ 'Privacy by Design' မူဘောင်ကို လက်ခံပြီး - ကိုယ်ရေးကိုယ်တာနဲ့ ဒေတာကာကွယ်ရေးကို ဝန်ဆောင်မှုအသစ် သို့မဟုတ် လုပ်ဆောင်ချက်အသစ် စတင် ပုံဖော်တဲ့ ဒီဇိုင်းအဆင့်မှာ ထည့်သွင်းစဉ်းစားထားပြီး ပြီးဆုံးသည်အထိ တစ်ပါတည်း လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရုံးတွင်းစစ်ဆေးရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ အာမခံအဖွဲ့များက လိုအပ်တဲ့ စမ်းသပ်မှုများပြုလုပ်ပြီး ထိရောက်မှုရှိမရှိကို အကဲဖြတ်ပေးပါတယ်။

လှည့်ဖျားလိမ်လည်မှုများ ကာကွယ်ခြင်း

Grab အနေနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းနယ်ပယ်မှာ အမြဲရှိနေတတ်တဲ့ လိမ်လည်မှုအန္တရာယ်များကို ဂရုတစိုက် ကာကွယ်ပါတယ်။ ဒီအန္တရာယ်တွေထဲမှာ မိတ်ဖက် သို့မဟုတ် သုံးစွဲသူများရဲ့ အကောင့်ကို အလွဲသုံးစားလုပ်ခြင်း၊ အကောင့်သိမ်းယူခြင်း၊ တည်နေရာအတုအယောင်ဆော့ဖ်ဝဲအသုံးပြုခြင်း၊ စျေးကွက်မြှင့်တင်ရေး သို့မဟုတ် မက်လုံးပေးအလွဲသုံးစားလုပ်ခြင်းနဲ့ ငွေပေးချေမှု အန္တရာယ်တို့ ပါဝင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ လူဆိုးများ သို့မဟုတ် ရာဇ၀တ်ဂိုဏ်းများရဲ့ လိမ်လည်မှုအန္တရာယ်ကို အပြည့်အဝ မဖယ်ရှားနိုင်သော်လည်း ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာ ဖြစ်ပေါ်နေခြေရှိတဲ့ လိမ်လည်မှုတွေကို ကာကွယ်ရန်နဲ့ တိုက်ဖျက်ရန်အတွက် အထူးကြပ်မတ်စွာနဲ့ လုပ်ဆောင်ထားပါတယ်။

ကျင့်ဝတ်နဲ့ လိုက်နာရမယ့် အလေ့အကျင့်များကို စောင့်ထိန်းခြင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး

ကျွန်တော်တို့အနေနဲ့ မူဝါဒများနဲ့ လုပ်ထုံးလုပ်နည်းများအပါအဝင် လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမူဝါဒ (ABC)၊ အကျိုးစီးပွားဆန့်ကျင်ခြင်းမူဝါဒ၊ လှူဒါန်းမှုမူဝါဒ၊ လက်ဆောင်များ ဖျော်ဖြေရေးနဲ့ အစားအသောက်မူဝါဒ နဲ့ သတင်းပေးမှုမူဝါဒများကို အစုံအလင် ချမှတ်ထားရှိပါတယ်။ ဤမူဝါဒများဟာ ကျွန်တော်တို့ လိုက်နာကျင့်သုံးရမဲ့ စီမံခန့်ခွဲမှုစနစ်ရဲ့ ကျောရိုးဖြစ်ပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အမြဲ ထည့်သွင်းကျင့်သုံးပါတယ်။

လူမှုစီးပွားရေး အလေ့အကျင့်များ

ကျွန်တော်တို့ရဲ့ တရားဥပဒေနဲ့ ကျင့်ဝတ်များ လိုက်နာမှု အဖွဲ့တွေဟာ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး၊ ကိုယ်ရေးအချက်အလက်လုံခြုံမှု၊ အလုပ်အကိုင်၊ စျေးကွက်ရှာဖွေရေး အလေ့အကျင့်များ၊ ငွေကြေးဆိုင်ရာ အလေ့အကျင့်များ၊ မူပိုင်ခွင့်များ၊ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်သူများကို ငွေကြေးထောက်ပံ့မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပြင် ပြိုင်ဆိုင်မှုကျင့်ဝတ် တိုက်ဖျက်ရေးတို့လို လူမှုစီးပွားဆိုင်ရာပြဿနာများကို ခွဲခြားသတ်မှတ်ခြင်း၊ အကဲဖြတ်ခြင်းနဲ့ စီမံခန့်ခွဲခြင်းများကို ပြုလုပ်ကြပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြောင်းလဲနေတဲ့ဥပဒေများ၊ စည်းမျဉ်းများနဲ့ ကိုက်ညီစေရန် ကျွန်တော်တို့ရဲ့ ရုံးတွင်းပိုင်း အုပ်ချုပ်ရေးများကို စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာများ အမြဲသိရှိနေအောင် သက်ဆိုင်ရာဝန်ထမ်းများအား ပုံမှန်လေ့ကျင့်ပေးပါတယ်။

အားလုံးပါဝင်တဲ့ လုပ်ငန်းခွင်

Grab မှာ ရည်ရွယ်ချက်တူညီပြီး Grab Way ရဲ့လမ်းညွှန်မှုအတိုင်း လုပ်ဆောင်နေတဲ့ မတူကွဲပြားတဲ့ Grabber တွေဟာ ကျွန်တော်တို့တွေအတွက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အချင်းချင်းရဲ့ အမြင်နဲ့ အတွေ့အကြုံများကို လေးစားကာ မတူကွဲပြားတဲ့အဖွဲ့များ တည်ဆောက်ပြီး Grabber အားလုံး အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။

ကျွန်ပ်တို့အကြောင်း

ကျွန်ုပ်တို့ အရှေ့တောင်အာရှတိုးတက်ရေး လုပ်ဆောင်နေပုံကို ကြည့်ပါ

ပိုမိုသိရှိရန်

ပိုမိုသိရှိရန်