Grab ရဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ၊ မိတ်ဖက်တွေနဲ့ လူမှုအ၀န်းအ၀ိုင်းတစ်ခုလုံးအတွက် ပိုမိုဘေးကင်းလုံခြုံတဲ့နေ့ရက်တွေကို ဖန်တီးပုံဖော်ပေးဖို့ပါပဲ။

နေ့စဉ်သုံး အက်ပလီကေးရှင်း။ နေ့စဉ် ဘေးကင်းလုံခြုံမှု။

သင်တို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးနေတဲ့ နေ့စဉ်သုံးအက်ပလီကေးရှင်းတစ်ခုအဖြစ် မိတ်ဆွေတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ Grab နဲ့ ဆက်စပ်အတွေ့အကြုံတိုင်းမှာ စိတ်ချလုံခြုမှုရှိနေတာ သေချာစေဖို့က ကျွန်တော်တို့ရဲ့ အဓိကအရေးကြီးဆုံးအရာပါ။


ကျွန်တော်တို့ ယုံကြည်ထားတဲ့အရာတွေ

ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်း ၅ ခု

ကျွန်တော်တို့ ရှင်သန်လျှောက်လှမ်းရာမှာ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းအချို့ ရှိပါတယ်။ မဖြစ်မနေပေါ့။ ဒီဘေးကင်းလုံခြုံရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ၅ ခုဟာ နေ့ရက်တိုင်း ပိုပြီး ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်အနေအထားကို ဖန်တီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကျင့်သုံးတဲ့ အခြေခံကျတဲ့ အချက်တွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတိုင်းမှာ စိတ်ချယုံကြည်မှုနဲ့ ဘေးကင်းလုံခြုံမှုကို ဘယ်လို အလေးထားတယ်ဆိုတာ ဒီမှာ ဆက်ဖတ်ကြည့်ရင် သိနိုင်မှာပါ။

အပြုအမူပိုင်းဆိုင်ရာ ကျင့်ဝတ်

ကျွန်တော်တို့ မိတ်ဖက်ယာဉ်မောင်းတွေဆီက ရလာဖို့ မျှော်လင့်ထားတဲ့ ဥပဒေထုံးတမ်းတွေကို လိုက်နာမှု၊ ဘေးကင်းမှု၊ စိတ်ချလုံခြုံမှုနဲ့ ဝန်ဆောင်မှုအဆင့်အတန်း။

အသေးစိတ်လေ့လာရန် >
ကိုယ်ရေး အချက်အလက်များ ထိန်းသိမ်းမှု

သင်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အကြောင်းအရာတွေကို စိတ်ချလုံခြုံစေရဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိ။

အသေးစိတ်လေ့လာရန် >
အချက်အလက်များ လုံခြုံမှု

သင်တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကျွန်တော်တို့ရဲ့ နည်းစနစ်တွေအရ လုံခြုံမှုရှိအောင် အသေအချာ ကာကွယ်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိက၀တ်။

အသေးစိတ်လေ့လာရန် >
ထိပါးနှောင့်ယှက်မှုများအပေါ် ဆန့်ကျင်မှု

ကောင်းမွန်သင့်တင့်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်ဖို့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေအပေါ် လုံးဝသည်းခံမှုမပြုတဲ့ စည်းကမ်း။

အသေးစိတ်လေ့လာရန် >
ဝန်ဆောင်မှုလုပ်ထုံးလုပ်နည်းများ

Grab ၏ မည့်သည့်ဝန်ဆောင်မှုအတွက်ဆို အကျုံးဝင်သည့်အခြေအနေများ

ယာဉ်မောင်းများအတွက် > ခရီးသည်များအတွက် >

ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်းရှိ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှာ အရည်အသွေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ ပထမဆုံးသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက

ကျွန်တော်တို့ ပြုလုပ်တဲ့အရာတွေ

ဆန်းသစ်တီထွင်တယ်၊ ဆန်းသစ်တီထွင်မှု ပြုတယ်

ဒီလုပ်ငန်းနယ်ပယ်မှာ အရာအားလုံးဟာ အချိန်တိုင်း ပြောင်းလဲနေတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချိန်တိုင်း အဆင်သင့်ဖြစ်နေဖို့ ကိုယ့်ကိုယ်ကို အမြဲ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ဟာ ကြိုတင်ကာကွယ်တာ၊ အကာအကွယ်ပေးတာနဲ့ အကောင်အထည်ဖော်လုပ်ဆောင်တာတွေဟာ အရေးကြီးတယ်လို့ ယုံကြည်ကြပါတယ်။ ဒီစံနှုန်းတွေကို ပြည့်မီဖို့အတွက် အစီအစဉ်အသစ်တွေ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်ဖို့ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။

ကျွန်တော်တို့ဟာ တတိယပါတီ Vendor တွေ အများကြီးနဲ့ အချိန်တိုင်းလိုလိုမှာ တွဲပြီး အလုပ်လုပ်နေရပါတယ်။ သူတို့နဲ့လည်း ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေ ဝေမျှပေးရပါတယ်။ သင်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သူတစ်ပါးတွေ အလွဲသုံးစားမပြုရလေအောင် ပရိုဂရမ်တစ်ခု ဖန်တီးထားပါတယ်။ ဒါက သင့်အချက်အလက်တွေရဲ့ လုံခြုံမှုနဲ့ ကိုယ်ရေးလွတ်လပ်ခွင့်တို့ကို ထိခိုက်စေမှု ရှိသလားဆိုတာ စိစစ်ပေးပါတယ်။

ကျွန်တော်တို့ရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေဟာ တရားမ၀င် apps တွေနဲ့ သံသယဖြစ်ဖွယ် စက်ပစ္စည်းတွေ ဒါမှမဟုတ် သုံးစွဲသူတွေရဲ့ အကောင့်တွေကို တိုက်ခိုက်လုယူဖို့နဲ့ လိမ်ညာမှုတွေအတွက် သုံးလေ့ရှိတဲ့အကောင့်တွေကို ပိတ်ဆို့တားဆီးပေးနိုင်ပါတယ်။

သင့်ရဲ့ အကောင့်ထဲ ၀င်ရောက်တဲ့ လှုပ်ရှားမှုတွေမှာ မသမာမှုတွေ ပါမလာစေဖို့ ကာကွယ်ပေးနိုင်တဲ့စနစ် ထည့်သွင်းထားပါတယ်။ မတော်တဆဖြစ်စေ၊ ရည်ရွယ်ပြီးဖြစ်စေ အကောင့်ကို ဖောက်ဝင်တာမျိုး လျှော့ချနိုင်ဖို့အတွက် သင့်အကောင့်ထဲ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့သူဟာ သင်ကိုယ်တိုင်ဟုတ်မဟုတ် ဒီစနစ်က အတည်ပြုစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

ခရီးစဉ်တစ်ခုအတွင်း ဘယ်အချိန်မှာမဆို ခရီးသည်တွေဟာ Grab app ထဲက အရေးပေါ် ခလုတ်ကို နှိပ်လိုက်တာနဲ့ ဒေသတွင်း ပြည်သူ့ရဲစခန်း ဒါမှမဟုတ် သူတို့ရဲ့ အရေးပေါ် ဆက်သွယ်ရမယ့်သူတွေဆီ အချက်ပြပေးပို့ပေးမှာ ဖြစ်ပါတယ်။

သင့်သူငယ်ချင်းတွေ (သို့) ချစ်ရတဲ့သူတွေဆီ သင် ရောက်ရှိနေတဲ့ ခရီးစဉ်အချက်အလက်အသေးစိတ်နဲ့ နေရာအတိအကျကို အချိန်နဲ့တစ်ပြေးညီ ပေးပို့ထားနိုင်တဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ခရီးသည်တွေအတွက်ရော ယာဉ်မောင်းတွေအတွက်ပါ တစ်ကိုယ်ရေ အာမခံထားရှိပေးတဲ့ ပထမဦးဆုံးသော အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ app နဲ့ ထားသိုတဲ့စနစ်တွေမှာ သုံးစွဲသူတွေရဲ့ အကောင့်တွေ၊ ခရီးစဉ်အချက်အလက်တွေ၊ e-wallet နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပိုမိုလုံခြုံမှုရှိအောင် ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးဆိုတဲ့ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တွေကို စီမံထားပါတယ်။

ယာဉ်မောင်းတွေနဲ့ ခရီးသည် နှစ်ဖက်စလုံးဟာ သူတို့ရဲ့ ခရီးစဉ်အတွေ့အကြုံတွေအပေါ် သုံးသပ်ပြီး အဆင့်သတ်မှတ်ပေးနိုင်ကြပါတယ်။ ဒါက မကောင်းမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ရင် စစ်ဆေးဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့ကို အကူအညီပေးပါတယ်။

ကျွန်တော်တို့ ယာဉ်မောင်းတွေရဲ့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာရင် စုံစမ်းဖော်ထုတ်နိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်အကဲဖြတ်နေတဲ့ အဖွဲ့ ထားရှိထားပါတယ်။

အကူအညီတစ်စုံတစ်ရာလိုအပ်လာတဲ့အခါ ကျွန်တော်တို့ရဲ့ သုံးစွဲသူ ၀န်ဆောင်မှုအဖွဲ့က တစ်နေ့တာ ၂၄ နာရီပတ်လုံး၊ ရက်သတ္တပတ်တစ်ပတ်တာ ၇ ရက်လုံး သင့်ကို အကူအညီပေးဖို့ အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အရာတွေ

ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအ၀ိုင်းဆိုင်ရာ စည်းမျဉ်း

လူမှုအသိုင်းအဝိုင်းတစ်ခုဟာ အဲဒီအဝန်းအ၀ိုင်းက လူတွေ အင်အားရှိသလောက်ပဲ အားကောင်းနိုင်တာပါ။ ယာဉ်မောင်းပဲဖြစ်ဖြစ်၊ ခရီးသည်ပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့စိတ်ရှိတာ၊ ပရော်ဖက်ရှင်ပီသတာနဲ့ လေးစားလောက်ဖွယ်ရှိတာတွေဟာ တကယ်အခြေခံကျတဲ့ လိုအပ်ချက်တွေပါ။ Grab မှာ ကျွန်တော်တို့အားလုံးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဘေးကင်းလုံခြုံမှုရှိတဲ့လူမှုအဝန်းအ၀ိုင်းတစ်ခု ဖန်တီးနိုင်ဖို့ အတူတကွလုပ်ဆောင်နေကြတဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို အမြဲလိုက်နာစောင့်ထိန်းစေချင်တဲ့ အခြေခံစည်းမျဉ်းလေးအနည်းငယ်ရှိပါတယ်။

လူမှုအသိုင်းအ၀ိုင်းဆိုင်ရာစည်းမျဉ်းများ

လက်ကိုင်ထားနိုင်တဲ့ အကြံပြုချက်များ

အချိန်တိုင်း တစ်ခုတည်းကိုပဲ အာရုံစိုက်နေဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဘေးကင်းလုံခြုံတဲ့ အလေ့အကျင့်တွေကို ပျိုးထောင်တာက ကောင်းတဲ့အလုပ်ပါ။ သင့်ကိုယ်သင် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဘယ်လို ရပ်တည်ရမယ်ဆိုတဲ့ အသုံးဝင်တဲ့ အကြုံပြုချက်တချို့ကို ဒီမှာ ဖော်ပြပေးထားပါတယ်။

ခရီးစဉ်လမ်းညွှန် သင့်အကောင့်နဲ့ ဖုန်း လုံခြုံမှုရှိစေဖို့

ပြဿနာတွေ၊ အတိမ်းအစောင်းတွေ ဖြစ်လာတဲ့အခါ ဘာတွေ လုပ်မလဲ။

ပြဿနာတွေ၊ အတိမ်းအစောင်းတစ်ခုခု ဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ သင်တို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ အကူအညီပေးဖို့ အမြဲအသင့်ရှိနေမယ်ဆိုတာ အသိပေးပါရစေ။

ပိုမိုလေ့လာနိုင်ဖို့ ကျွန်တော်တို့ရဲ့ Help Centreကို ၀င်ရောက်ဖတ်ရှုလိုက်ပါ။