သင့်အကောင့် အချက်အလက်များကို အခြားသူများကို မပြောပြပါနှင့်! လိမ်လည်လှည့်ဖြားခံရခြင်းများမှ သင့်ကိုယ်သင် ကာကွယ်ပါ

သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မေးမြန်းသည့် မသင်္ကာစရာကောင်းသော အီးမေးလ်များ၊ စာတိုများ သို့မဟုတ် ဖုန်းခေါ်ခြင်းများကို သတိထားပါ


လုံခြုံရေးကို Grabသည် အထူးအလေးအနက်ထားပြီး သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို စိတ်ချလုံခြုံစွာ ထိန်းသိမ်းထားနိုင်အောင် အစဉ်အမြဲ ကြိုးစားနေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် သင့်အကောင့်ထဲဝင်ဖို့ လိုအပ်သည့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မည်သည့်အခါမျိုးတွင်မှ တောင်းခံမည် မဟုတ်ပါ။

သင့်အနေဖြင့် မသင်္ကာစရာကောင်းသော အီးမေးလ်များ၊ စာတိုများ သို့မဟုတ် ဖုန်းခေါ်ခြင်းများကို လက်ခံရရှိသည်ဟု ယူဆပါက သင်၏ Grab Driver အကောင့် ဘေးကင်းလုံခြုံမှုရှိနေအောင် အောက်ပါအတိုင်း လုပ်ဆောင်ဖို့အတွက် အထူးတိုက်တွန်းလိုပါသည်။




ခဏ နေပါအုံး

မည်သူဆီကဖြစ်စေ သင့်အကောင့်ထဲဝင်ဖို့ လိုအပ်သည့် အချက်အလက်များကို မေးမြန်းထားသော ဖိုင်များ လင့်များပါသည့် စာတိုများ အီးမေးလ်များကို ဖွင့်ခြင်း ပြန်လည်ဖြေကြားခြင်းများ မလုပ်ပါနှင့်။

သင့်အကောင့်ကို သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူမျှ ဝင်ရောက်ကြည့်ရှုခွင့် မရှိပါ။ Grab အပါအဝင် သင်၏မိသားစု နှင့် အရင်းနှီးဆုံး မိတ်ဆွေများပါ ကြည့်ရှုခွင့် မရှိပါ။

စစ်ဆေးပါ

သင့်အကောင့်ထဲဝင်ဖို့ လိုအပ်သည့် အချက်အလက်များကို https://www.grab.com သို့မဟုတ် Grab Driver appတို့တွင်သာ ရေးသားဖြည့်သွင်းရမှာ ဖြစ်ပါသည်။.

သင့်အနေဖြင့် လက်ခံရရှိသော အီးမေးလ်များ၊ ဖုန်းခေါ်ခြင်းများ သို့မဟုတ် စာတိုများကို သင်္ကာမကင်းဖြစ်နေပါက ကျွန်ုပ်တို့ဆီတွင် အကြံဉာဏ်များ အချိန်မရွေး တောင်းခံလို့ ရပါသည်။

ကျွနု်ပ်တို့ကို ပြောပြပါ

Grab အနေဖြင့် မသင်္ကာစရာကောင်းသော ကိစ္စများကို အမြဲတစေ စောင့်ကြည့်စုံစမ်း နေပါသည်။ သင်၏အကောင့်ကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်အောင် သင့်အနေဖြင့် မသင်္ကာစရာ တစ်ခုခုကို တွေ့လိုက် ကြားလိုက်ပါက ကျွနု်ပ်တို့ကို ချက်ချင်း အကြောင်းကြား ဆက်သွယ်ပေးပါ။