စည်းကမ်းသတ်မှတ်ချက်များ
အသုံးပြုသူတစ်ဦးချင်းစီအတွက် သီးသန့်ဒီဇိုင်းထုတ်ထားသော Rewards လက်ဆောင်ကို မည်သူတစ်ဦးတစ်ယောက်နဲ့မှ မျှဝေအသုံးပြုခွင့်မပြုပါ။ အကြောင်းတစ်ခုခုကြောင့် ပါဝင်သူများရဲ့ Rewards လက်ဆောင် အသုံးပြုခွင့်ကို ကန့်သတ် သတ်မှတ်ရန် Grab မှ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
ကမ်ပိန်းကာလမှာ၂၀၂၆၊ ဇွန်လ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ။
သတ်မှတ်ထားသော Combo Menu များကို မှာယူပေးရမှာ ဖြစ်ပါတယ်။
Rewards လက်ဆောင်များကို MLBB ဂိမ်းအတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်သာ MSL Legend Combo ကို မှာယူနိုင်သည်။ မြန်မာနိုင်ငံပြင်ပမှ ပြုလုပ်သော ပေးချေမှာယူမှုများအတွက် အကျုံးမဝင်ပါ။
သတ်မှတ်ကာလအတွင်း သတ်မှတ်ချက်အတိုင်း GrabFood မှာယူမှုအော်ဒါများဖြင့်သာ အကျုံးဝင်ပါသည်။
Grab ဘက်မှ MSL Legend Combo မှာယူသူများကို သက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်မှသာ နောက်ဆုံးအနေနဲ့ ဆုလက်ဆောင် ထုတ်ပေးမည်ဖြစ်သည်
MSL Legend Combo အော်ဒါမှာယူမှု လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးမှသာ Rewards လက်ဆောင်ကို ရယူနိုင်မှာ ဖြစ်ပါတယ်။
သတ်မှတ်ချိန်ကုန်ဆုံးသွားသည့်အခါ Combo ကို ဆက်လက်မှာယူနိုင်မှာ မဟုတ်သလို ဆုလက်ဆောင်ကန့်သတ်ချက်ကိုကျော်သွားတဲ့အခါမှာလည်း အစီအစဉ်မှာ သတ်မှတ်ချိန်ထက် အချိန်စော၍ပြီးဆုံးနိုင်ကြောင်းကိုလည်း အတည်ပြုလက်ခံပေးပါရန်။
မိမိပိုင်ဆိုင်ပြီးသား Skin ကို ထပ်မံရရှိခဲ့ပါက၊ Mobile Legends: Bang Bang (MLBB) ၏ စံသတ်မှတ်ချက်များအတိုင်း အဆိုပါ Skin ကို Rare Skin Fragments သို့မဟုတ် အခြားသော ဂိမ်းတွင်းသုံးပစ္စည်း (in-game currency) အဖြစ်သို့ အလိုအလျောက် ပြောင်းလဲပေးသွားမည် ဖြစ်ပါသည်။
Rewards Code များ ပျောက်ဆုံးခြင်း၊ အသုံးပြုသူမှ အများမြင်သာအောင် မျှဝေခြင်း (publicly shared) သို့မဟုတ် ဂိမ်းအကောင့်မှားယွင်းစွာ ထည့်သွင်းအသုံးပြုခြင်းများအတွက် Grab အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
ခွင့်ပြုချက်မရှိသော နည်းလမ်းများ၊ လှည့်ဖြားမှုများ သို့မဟုတ် မသမာသောလုပ်ဆောင်မှုများမှ ရရှိသည်ဟု တွေ့ရှိရသော Code များကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
Rewards Code အသုံးပြုရာတွင် နည်းပညာဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက support@mslesports.gg သို့ အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
MLBB Game ID၊ Server ID နှင့် အသုံးပြုရန်ကြိုးစားနေသော Code တို့ကို အီးမေးလ်တွင် တိကျစွာ ထည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။