ပြစ်မှု၊ လိမ်လည်မှုနှင် စည်းကမ်းဖောက်ဖျက်မှုများ | ဒဏ်ကြေးနှင့်ပြစ်ဒဏ် |
Grab မှအလုပ်လက်ခံနိုင်ရန် ပေးထားသည့်ဖုန်းအင်တာနက်အားမိမိကိုယ်ကျိုးအတွက် အလွန်အကျွံသုံးစွဲခြင်း။ | ကိုယ်ပိုင် အင်တာနက်ဖြင့်အသုံးရမည်။ |
ခရီးသို့မဟုတ် GRAB အားအကြောင်းမကြားဘဲနောက်ကျခြင်း | သတိပေးခြင်း |
ညစ်ပတ်၊ နံစော်သည့်ယာဉ် (ဆေးလိပ်အနံ့ အပါအဝင်) | သတိပေးခြင်း |
ခရီးသည်ကျန်သောပစ္စည်းကို၂၄ နာရီမှ ၇ ရက်အတွင်းလက်ဝယ်ထားရှိမှု | သတိပေးခြင်း |
ခရီးသည်အား သတ်မှတ်ပို့ဆောင်ပေးရမည်နေရာမဟုတ်သောနေရာတွင် ပို့ဆောင်ထားခြင်း | ၃ ရက် |
ယာဉ်မောင်း၏မဆင်မခြင်မောင်းနှင်မှုကို ခရီးသည်မှတိုင်ကြားခြင်း | ၃ ရက် |
PROMO codes အားဈေးလျှော့၍ ကောက်ခံမှုမပြုလုပ်ခြင်း | ၇ ရက် |
ခရီးစဉ်ပယ်ဖျက်သည့်နှုန်းများပြားခြင်း | ၇ ရက် |
ကားအတွင်းကျန်ခဲ့သောခရီသည်ပိုင်ပစ္စည်းကို ၇ ရက်ထက်ပိုပြီးထိန်းသိမ်းထားခြင်း | ၁ လ |
Customer Service ဝန်ထမ်းအားချိန်းခြောက်ခြင်း | ၁ လ |
အခကြေးပိုမိုကောက်ခံခြင်း | တားမြစ်ပိတ်ပင်မည် |
ခရီးသည်အားစွပ်စွဲခြင်း | တားမြစ်ပိတ်ပင်မည် |
ခရီးစဉ်များအား လိမ်လည်မှုများအတွက် ပြစ်ဒဏ်
ခရီးစဉ် ဥပမာများ
- မိမိကိုယ်တိုင် ခရီးစဉ်အား ခေါ်ဆိုမှု ပြုလုပ်ခြင်း
- ခရီးသည်အား ခေါ်ယူ၊ ပို့ဆောင်ခြင်းမရှိဘဲနှင့် ခရီးစဉ်အား ပြီးဆုံးအောင်ပြုလုပ်ခြင်း
- မိမိ၏ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း များမှအမှန်တကယ်မဟုတ်ဘဲ ခေါ်ဆိုမှုပြုလုပ်ခြင်း
- မိသားစုအသုံးပြုခြင်းအား ခရီးစဉ်အဖြစ် သတ်မှတ်ခြင်း
- ဖြစ်တန်စွမ်း မရှိသောခရီးစဉ်များကို ပြုလုပ်ခြင်
အထက်ပါ ဖော်ပြပါ လုပ်ရပ်များအား ပြုလုပ်ပါက Grab ၏အကျိုးတူမိတ်ဖက်အဖြစ်မှ ရပ်ဆိုင်းမည်ဖြစ်ပါသည်။ မရိုးသားမှုများအတွက် မည်သည့် ခံစားခွင့် နှင့် အပိုဆုကြေးများ လုံးဝပေးမည်မဟုတ်ပါ။