ဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များ

သုံးစွဲသူ ခရီးသည်ရော ယာဉ်မောင်းပါ ဘေးကင်းလုံခြုံမှု ရှိဖို့ဟာ Grab အလေးထားတဲ့အရာဖြစ်ပါတယ်။

မိမိရဲ့ ဘေးကင်းလုံခြုံမှုအတွက် ခရီးစဉ်အတွင်း Grab အက်ပလီကေးရှင်းပါ  လုံခြုံရေးလုပ်ဆောင်ချက်တွေကို မဖြစ်မနေ အသုံးပြုစေလိုပါတယ်။

Share My Ride

ခရီးစဉ်အတွင်း  မိမိသွားနေတဲ့လမ်းကြောင်းတစ်လျှောက်ကို မိဘ၊ မောင်နှမ၊ သူငယ်ချင်းနဲ့ ချစ်ရသူတွေဆီ လှမ်းပို့ထားပြီး live မြင်နေရအောင် လုပ်ဆောင်ပေးထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။  ခရီးစဉ်တစ်လျှောက် အချိန်နဲ့တစ်ပြေးညီ မြင်နေရတဲ့အပြင် စီးလာတဲ့ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည် စတာတွေကိုပါ တစ်ပါတည်း သိရှိနိုင်မှာပါ။

Emergency Button အရေးပေါ်ခလုတ်

ဒါကတော့ Grab အက်ပလီကေးရှင်းထဲမှာပဲ ပရိုဖိုင်းကတစ်ဆင့် Emergency ထဲမှာ ရဲဌာနဆီ အကြောင်းကြားမလား၊  မိမိ ဆက်သွယ်ပေးစေလိုတဲ့ အရေးပေါ် ဖုန်းနံပါတ်တွေ ပေးထားမလား ၊ နှစ်မျိုး လုပ်ဆောင်လို့ ရပါတယ်။ အရေးပေါ် ဖုန်းနံပါတ် ၂ ခုအထိ ထည့်ထားလို့ ရပြီး အရေးကိစ္စတစ်စုံတစ်ရာ ကြုံလာတဲ့အခါ App က အဲဒီဖုန်းနံပါတ်တွေဆီ SMS ပေးပို့သတိပေးမှာ ဖြစ်ပါတယ်။

မတော်တဆ ထိခိုက်မှုနဲ့ ကြုံရရင်

မတော်တဆထိခိုက်မှုထဲ သင်ရောက်နေပြီဆိုရင် အရင်ဆုံး သင်ရော သင့်ယာဉ်မောင်းပါ ဘေးလွတ်ရာနေရာတစ်နေရာကို ရွှေ့ပါ။

ပြီးတာနဲ့ Grab ရဲ့ သုံးစွဲသူဝန်ဆောင်မှု hotline ၀၉၇၇၀၅၅၀၈၈၈ နဲ့ ရဲဌာနဆီ ချက်ချင်းအကြောင်းကြားပါ။

Grab app ထဲက Emergency Button ကတစ်ဆင့် ရဲဌာနကို ဖုန်းခေါ်လည်း ရပါတယ်။ ဒါ့အပြင်

Grab ရဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာဟာ နံနက် ၇နာရီ မှ ည ၁၂ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်လို့ လိုအပ်တဲ့အကူအညီပေးနိုင်ဖို့ အဆင်သင့်ရှိနေပါတယ်။

အဲဒီလိုအကြောင်းကြားတဲ့အခါ မတော်တဆထိခိုက်မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့ သေချာအောင် မေးမြန်းမှာဖြစ်ပါတယ်။ ( ဘယ်သူ၊ ဘယ်မှာ၊ ဘာဖြစ်၊ ဘာကြောင့်နဲ့ ဘယ်လို စသဖြင့် ) ဖြစ်ရပ်အသေးစိတ်ကို ဖြေကြားပေးဖို့ မေတ္တာရပ်ခံပါရစေ။

ခရီးသည် ထိခိုက်မှုအနည်းငယ်ရှိရင် နီးစပ်ရာ ဆေးခန်းပို့ပေးပါ။ အတတ်နိုင်ဆုံး အကူအညီပေးပါ။

ယာဉ်မောင်းတစ်စုံတစ်ရာဖြစ်ရင်လည်း ခရီးသည်အနေနဲ့ အတတ်နိုင်ဆုံး အကူအညီပေးပါ။

ဆေးခန်းမှာ ကုန်ကျတဲ့စရိတ်စကအားလုံးအတွက် လက်ခံဖြတ်ပိုင်းကို ရယူသိမ်းဆည်းထားပေးပါ။ (အာမခံကြေးငွေ ပြန်လည်ထုတ်တဲ့အခါ လက်ခံဖြတ်ပိုင်းတွေက အရေးကြီးပါတယ်။

ထိခိုက်မှုများရင်

ရန်ကုန်ဆေးရုံကြီးကို အလျင်မြန်ဆုံးသွားရောက်နိုင်ဖို့ ဘေးပတ်ဝန်းကျင်မှ အကူအညီရယူပါ။

Grab ရဲ့ သုံးစွဲသူဝန်ဆောင်မှု hotline ၀၉၇၇၀၅၅၀၈၈၈ နဲ့ ရဲဌာနဆီ ချက်ချင်းအကြောင်းကြားပါ။

Grab ဘက်မှ Safety တာဝန်ခံက အခင်းဖြစ်ပွားရာဆီလည်းကောင်း၊  ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း အမြန်ဆုံး လာရောက်ကြည့်ရှုကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေထိခိုက်မှုအာမခံ

တစ်ကိုယ်ရေထိခိုက်မှုအာမခံကို ယာဉ်မောင်းအတွက်ရော၊ ခရီးသည်အတွက်ပါ Grab က စီစဉ်ပေးထားတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မတော်တဆထိခိုက်မှုတွေအတွက် ဆေးကုသမှုခံယူတဲ့အခါ လိုအပ်တဲ့ကုန်ကျစရိတ်တိုင်းအတွက် လက်ခံဖြတ်ပိုင်းတွေကို ရယူသိမ်းဆည်းထားပေးပါ။ Grab ဘက်မှ သတ်မှတ် တစ်ကိုယ်ရေထိခိုက်မှုအာမခံလျော်ကြေးကို ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။  တစ်ကိုယ်ရေထိခိုက်မှုအာမခံတွေအတွက် လျော်ကြေးကို ပြင်းထန်မှုအလိုက် လျော်ကြေးငွေပမာဏ သတ်မှတ်ထားပါတယ်။

မတော်တဆထိခိုက်မှုတွေအတွက် အာမခံကြေး ဘယ်လိုတောင်းခံမလဲ

သင်၏ ယာဉ်မတော်တဆမှုဖြစ်စဉ်ကို Grab ထံသို့တင်ပြပေးပါ။

ဆေးကုသစရိတ် တောင်းခံခြင်းအတွက် Grab က သင့်ကို အကူအညီပေးမှာ ဖြစ်ပါတယ်။

အမေးများသော မေးခွန်းများ

Grab ခရီးစဉ်မှာ မိမိကိုယ်တိုင်စီးနင်းခဲ့ခြင်းမဟုတ်ဘဲ မိမိ၏သူငယ်ချင်းစီးနင်းရန်အတွက် Booking တင်ထားခြင်းဖြစ်သည့်အတွက် မိမိ၏သူငယ်ချင်းသည် ခရီးသွားအာမခံအကာအကွယ်ရရှိနိုင်မည်လား။

ရနိုင်ပါတယ်။  ယခု ခရီးသွားအာမခံအကာအကွယ်ဟာ Grab ခရီးစဉ်မှာ စီးနင်းတဲ့ ခရီးသည်များအတွက် အမည်အတိအကျသတ်မှတ်ထားခြင်းမရှိတဲ့ ပေါ်လစီတစ်ခုဖြစ်တာကြောင့် သင့်သူငယ်ချင်းဟာလည်း အာမခံအကာအကွယ်ရရှိမှာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ စီးနင်းတဲ့ Grab ခရီးစဉ်များအတွက် ခရီးသွားအာမခံ အကာအကွယ်ရရှိနိုင်မည်လား။

Grab ဝန်ဆောင်မှု အသုံးပြုနိုင်တဲ့နိုင်ငံတိုင်းမှာ ခရီးသွားအာမခံအကာအကွယ် ရရှိမှာဖြစ်ပါတယ်။

ယခု ခရီးသွားအာမခံအကာအကွယ်မှာ ဆေးဝါးကုသမှုများအတွက် Grab မှ သတ်မှတ်ထားသော ဆေးရုံဆေးခန်းများအပြင် အခြားဆေးရုံဆေးခန်းများတွင် ကုသခြင်းက အကျုံးဝင်ပါသလား။

မည်သည့် ဆေးရုံ/ ဆေးခန်းမှာမဆို ကုသနိုင်ပါသည်။ အာမခံမှ သတ်မှတ်ထားသော ငွေပမာဏအတွင်း ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။  (ဆေးကုသမှုမှတ်တမ်းများနဲ့ ကျသင့်ငွေဘောက်ချာများ ရှိရန်လိုအပ်ပါတယ်။)

မိမိရဲ့ ဆေးကုသမှုစရိတ်အတွက် Grab ရဲ့အာမခံနှင့် မိမိကိုယ်ပိုင်အာမခံ နှစ်ခုစလုံးမှာ တစ်ချိန်တည်း ပြန်လည်တောင်းခံနိင်မည်လား။

မရနိုင်ပါ၊ သင်ရဲ့ ဆေးဝါးကုသစားရိတ်ကျသင့်ငွေအား အာမခံပေါ်လစီများထံမှ တစ်ကြိမ်တည်းသာ ပြန်လည်တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းဆေးကုသမှုနှင့် အခြားတိုင်းရင်း အကြောပြင်ကုသမှုများ အတွက် ကုသစရိတ်များကို ပြန်လည်တောင်းခံနိုင်မည်လား။

မရနိုင်ပါ။ သင့်အနေနှင့် ဆေးဝါကုသမှုအတွက် တရားဝင်ဆေးကုသမှုလက်မှတ်ရရှိထားသောဆရာဝန်နှင့် ကုသထားသည့်မှတ်တမ်းများ တင်ပြရဖို့ လိုအပ်ပါတယ်။

မိမိရဲ့ယာဉ်မတော်တဆဖြစ်မှုကို Grab ထံသို့ မည်သည့်အချိန်အတွင်း တင်ပြရမည်နည်း။

ဆေးရုံတက်ရောက်ကုသရန် မလိုအပ်ခဲ့ပါက ၂၄ နာရီအတွင်း တင်ပြရန်လိုအပ်ပါတယ်။ နောက်ကျတဲ့ ကုသစရိတ်တောင်းခံမှှုများအတွက် အခြေခံမှစ၍ တစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အကယ်၍ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါက ကျေးဇူးပြု၍ Grab ထံသို့ ဆေးဝါကုသမှုအတွက် အချိန်စောစီးစွာ အသိပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။ ရက် (၃၀) ကျော်လွန်သော တောင်းခံမှုများအတွက် အာမခံနှင့် အကျူံးဝင်မည် မဟုတ်ပါ။

ပိုမိုသိရှိလိုပါက  https://help.grab.com/passenger/my-mm/1

အခြားသိလိုသည်များရှိပါက Grab app အတွင်းရှိ Help Center ကတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။