စိတ်ချလုံခြုံတဲ့လူမှုအဝန်းအဝိုင်းကို ဖန်တီးဖို့ဆိုတာ Grab ရဲ့ကတိကဝတ်တစ်ခုပါ

ဒီရည်မှန်းချက်နဲ့အညီ Grab ဟာ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့နဲ့အတူ  နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Samaritan’s Purse နဲ့ ပူးပေါင်းပြီး စိတ်ချလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်နိုင်ဖို့ ပံ့ပိုးကူညီပေးနေပါတယ်။  Samaritan’s Purse နဲ့ ပူးပေါင်းပြီး အခုလို လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ အသိပညာဖြန့်ဝေမှု လုပ်ဆောင်တာဟာ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၄ ရက်နေ့က မိတ်ဖက်ယာဉ်မောင်း ၂၀၀ ကျော်နဲ့ ကျင်းပခဲ့တဲ့ Grab ရဲ့ မြန်မာနိုင်ငံတွင်း ဒုတိယနှစ်ပတ်လည်အခမ်းအနားက “နေ့စဉ် ပိုမိုဘေးကင်းလုံခြုံရေး” ပညာပေးဆွေးနွေးပွဲတစ်ခုမှာ အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါသေးတယ်။  အဲဒီပွဲအခမ်းအနားမှာ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နေတဲ့ Samaritan’s Purse Myanmar က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတတွေနဲ့ Grab မိတ်ဖက် ယာဉ်မောင်းများအနေနဲ့ လူကုန်ကူးမှု ဖြစ်ပွားနိုင်တဲ့ အခြေအနေများကို ဘယ်ပုံဘယ်နည်းနဲ့ ဆန်းစစ်သိရှိနိုင်ကြောင်း သင်ကြားပို့ချခဲ့သလို မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း အခြေခံရှေးဦးသူနာပြုနည်းနဲ့ အရေးပေါ် အသက်ကယ်နည်းလမ်းတွေကို သရုပ်ဖော်ပြသရင်း ဝေမျှပေးခဲ့ပါတယ်။

“Grab ရဲ့ နေ့စဉ်ပိုမိုဘေးကင်းလုံခြုံရေး” ဆိုတဲ့ကတိကဝတ်ကို အရှေ့တောင်အာရှနိုင်ငံတွေမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက စတင်အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာတော့ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မန္တလေးမြို့ရှိ မိတ်ဖက်ယာဉ်မောင်းများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံစွာ မောင်းနှင်ရေး ပညာပေးဆွေးနွေးပွဲနဲ့ စတင်ခဲ့တာပါ။

အခု လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီးက ကျင်းပတဲ့ “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ် ” အခမ်းအနားမှာ  တက်ရောက်မယ့် ကျောင်းသား၊ မိဘ၊ ဆရာနဲ့ မီဒီယာဧည့်သည်များအတွက် သက်သက်သာသာ သွားလာနိုင်ရေး  လျှော့ဈေးအစီအစဉ်၊   ဆုရကျောင်းသူကျောင်းသားများအတွက် ဆုများကို Grab က ပါဝင်ပံ့ပိုးပေးထားပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ..  ပေးထားတဲ့လင့်ကို နှိပ်ပြီး ဆက်လက်လေ့လာဒေါင်းလုတ်ရယူနိုင်ပါတယ်။

Brochure-for-web-final