Cancellation Rate ကို ဘယ်လိုတွက်ချက်လဲ? Cancellation ကို မှန်မှန်ကန်ကန် အသုံးပြုပုံများ

 

Cancellation Rate ကိုမပြောခင်မှာ Cancellation အကြောင်းကို ပြောပြချင်ပါတယ်။ အရင်ဆုံး Cancellation ဆိုတာဟာ ယာဉ်မောင်းဘက်ကနေ ခရီးစဉ်ကို စတင်ဖျက်သိမ်းလိုက်တာကို ဆိုလိုတာပါ။ Cancellation လုပ်တယ်ဆိုတဲ့နေရာမှာ ခရီးစဉ်တစ်ကြောင်းမှာ ခရီးသည်က Pin Point နေရာမှာ ရှိမနေတာ၊ ဖုန်းခေါ်ဆိုလို့မရတာ၊ ခေါ်ဆိုတဲ့အခါမှာလည်း ဖုန်းပိတ်ထားတာ၊ ဖုန်းမကိုင်တာ စတဲ့ အချက်အလက်တွေ ဖြစ်ပေါ်လာရင် ယာဉ်မောင်းဘက်ကနေ ခရီးစဉ်ကို ဖျက်သိမ်း (Cancel) လုပ်ခွင့်ရှိပါတယ်။

 

ဒီနေရာမှာ ယာဉ်မောင်းတွေအနေနဲ့ ခရီးစဉ်အားလုံးကို လက်ခံပြီး Cancel လုပ်ခွင့်မရှိဘူးလို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ သင်္ချာနည်းအရ ပြောရမယ်ဆိုရင် ခရီးစဉ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းအထိ Cancel လုပ်မှုကို Grab က လက်ခံထားပါတယ်။ အလွယ်ဆိုရင်တော့ “၁၀ ကြောင်းဆွဲပြီးရင် ၁ကြောင်း Cancel လုပ်နိုင်တာမျိုးပါ”

 

Cancellation Rate တွက်ချက်ပုံကတော့ သီတင်းပတ်တစ်ပတ်ရဲ့အစ ဖြစ်တဲ့ တနင်္လာနေ့ 00:00 AM အချိန်မှာ Cancellation Rate ဟာ အလိုအလျောက် “0%” ဖြစ်သွားမှာဖြစ်ပြီး အဆိုပါ Rating ဟာ သီတင်းပတ်အကုန်ဖြစ်တဲ့ တနင်္ဂနွေနေ့ည 11:59 PM အထိ ရှိနေမှာပါ။ ဒီအတောအတွင်း ဥပမာ တစ်ပတ်တာ အကြောင်း ၆၀ ဆွဲထားပြီး သင့်အနေနဲ့ ၆ ကြောင်း Cancel လုပ်ထားတယ်ဆိုရင် Cancellation Rating ဟာ 10% ရှိမှာ ဖြစ်တာကြောင့် Grab ပေးထားတဲ့ ခွင့်ပြု Cancel လုပ်နှုန်းနဲ့ ကိုက်ညီတယ်လို့ ပြောရမှာပါ။

 

တချို့ ယာဉ်မောင်းတွေက ခရီးစဉ်အားလုံး လက်ခံပြီးတဲ့အခါမှာ အထက်ကဖော်ပြထားတဲ့ ပြဿနာ (ခရီးသည်ပေါ်မလာတာ၊ ဖုန်းမကိုင်တာ) ဖြစ်တဲ့အခါမှာ Pick-Up လုပ်၊ Drop-Off တန်းနှိပ်ပြီး ပြဿနာကို ဖြေရှင်းလိုက်တော့ ယာဉ်မောင်းနှင်ခွင့်အပိတ်ခံရတာ၊ ရရှိမယ့် အပိုဆုကြေးတွေ ထိခိုက်တာတွေ ဖြစ်လာနိုင်တာကြောင့် မိတ်ဆွေတို့အနေနဲ့ အခုလို တိုက်ရိုက် Pick-Up, Drop-Off တန်းနှိပ်တာကို အထူးရှောင်ကျဉ်ကြဖို့ အသိပေးအပ်ပါတယ်။