နှစ်သစ်ကာလ Grab ရဲ့ မိတ်ဆွေတို့အတွက် ကားရေဆေးခွင့်လက်ဆောင်

မင်္ဂလာနှစ်သစ်ပါ။ သင်္ကြန်ကာလအပြီး မိတ်ဆွေတို့အတွက် နှစ်သစ်လက်ဆောင်အနေနဲ့ ဧပြီလ ၁၃ရက်နေ့ကနေ ဧပြီလ ၁၇ရက်နေ့အတွင်း Grab နဲ့ ခရီးစဉ် ၁၀ ကြောင်းနဲ့အထက် ဆွဲခဲ့တဲ့ မိတ်ဆွေတို့ဟာ အခမဲ့ကားရေဆေးခွင့်ရရှိမှာပါ။ Grab ကနေသတ်မှတ်ထားတဲ့ Car Service သုံးခုရဲ့ အဆင်ပြေနိုင်တဲ့ Service မှာ ဧပြီလ ၁၈ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၉နာရီမှ ညနေ ၆နာရီအတွင်း အစီးရေ ၁၅၀၀ အထိလက်ခံ ဆေးကြောပေးသွားမှာပါ။ ဦးရာလူစနစ်နဲ့ သတ်မှတ်ဆေးကြောပေးမှာဖြစ်လို့ ဖော်ပြပါ Car Service တွေမှာ ဝင်ရောက်ဆေးကြောလိုက်တော့နော်။

 

Japan Car Service Spa (ကမာရွတ်မြို့နယ်)

ကမာရွတ်နဲ့ အနီးတဝိုက်ကမိတ်ဆွေတွေအနေနဲ့ နာနတ်တောလမ်းနဲ့ ကျွန်းတောလမ်းထောင့်မှာရှိတဲ့ Japan Car Service Center ကိုသွားရောက်နိုင်ပါတယ်။

 

Auto Mandalar Co.Ltd Car Sarvice (မင်္ဂလာတောင်ညွှန့်မြို့နယ်)

မင်္ဂလာတောင်ညွှန့်၊ တာမွေနားက မိတ်ဆွေတွေအနေနဲ့ကတော့ အထက်ပုဇွန်တောင်လမ်းပေါ်က စက်ရုံလမ်းဂုံးတားအနီးမှာရှိတဲ့ Auto Mandalar Car Service မှာ ဝင်ရောက် ဆေးကြောနိုင်ပါတယ်။

 

Lwin Car Polishing Service (အင်းစိန်မြို့နယ်)

အင်းစိန်မြို့နယ်အနီးက မိတ်ဆွေတို့အနေနဲ့ သွားရောက်နိုင်တဲ့ နေရာကတော့ ဗဟိုလမ်း၊ အင်းစိန်လိုင်စင်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ် အနီးမှာရှိတဲ့ Lwin Car Polishing Service ပဲဖြစ်ပါတယ်။