ခရီးသည်နဲ့ ဆက်သွယ်ရတာ လျင်မြန်လွယ်ကူလာစေမယ့် Voice Messaging လုပ်ဆောင်ချက်

.

မိတ်ဆွေတို့ကို ခရီးသည်နဲ့ ဆက်သွယ်ရာမှာ၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အကျဉ်းမြောင်းဆုံးနဲ့ အလျှင်မြန်ဆုံးဖြစ်အောင် Grab က လုပ်ဆောင်ပေးနေပါတယ်။ ဒီအတွက်လည်း ဘယ်အခြား ယာဉ်မောင်း App တွေနဲ့ မှမတူညီပဲ သုံးစွဲရတာ၊ အဆင်အပြေဆုံးနဲ့ ပြိုင်ဘက်ကင်းတဲ့ Driver App တစ်ခုအဖြစ် တည်ရှိနေပြီး ဒီပုံစံကိုပဲ ဆက်လက်ထိန်းသိမ်းထားဖို့လည်း Grab အနေနဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းနေတာပါ။

ဒီနေ့မှာတော့ Grab က မိတ်ဆွေတို့ကို ခရီးသည်နဲ့ ဆက်သွယ်ရာမှာ ပိုမိုအဆင်ပြေလာစေမယ့် “Voice Messaging” လုပ်ဆောင်ချက်ကို မိတ်ဆက်ပေးသွားတော့မှာပါ။ ဒီ “Voice Messaging” လုပ်ဆောင်ချက်ကို လုပ်ဆောင်ချက်ကိုရရှိနိုင်ဖို့အတွက် Grab Driver App ကို v-5.51.0 သို့ Update မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။

“Voice Messaging” လုပ်ဆောင်ချက်ဆိုတာ

Grab ရဲ့ “Voice Messaging” ကတော့ မိတ်ဆွေတို့အနေနဲ့ ခရီးစဉ်တစ်ခုအတွင်း၊ ခရီးသည်တွေကို ဆက်သွယ်တဲ့အခါမှာ ပိုမိုအဆင်ပြေစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး၊ ခရီးသည်ကို ဖုန်းဆက်မယ့်အစား အသံ Message ကို တိုက်ရိုက်ပေးပို့နိုင်မှာပါ။

ဥပမာ ခရီးစဉ်တစ်ခုရရှိပြီး “Pick-up” ကို သွားနေစဉ်မှာ၊ လက်ရှိပြုလုပ်နေတဲ့ Chat ကနေ စာပေးပို့တာ၊ ဖုန်းခေါ်တာတွေအပြင် မိတ်ဆွေတို့အနေနဲ့ “Voice Message” ပါပေးပို့နိုင်တော့မှာပါ။

ခရီးသည်ကို တိုက်ရိုက် “Voice Message” ပေးပို့နိုင်ဖို့ “Chat” ကိုနှိပ်လိုက်ပါ။

ယခုအခါ Microphone ပုံလေးကို လုပ်ဆောင်ချက်အသစ်အနေနဲ့တွေ့ရမှာပါ။

မိုက်ကရိုဖုန်း ပုံလေကိုနှိပ်လိုက်ရင်တော့ အခုလိုမျိုး Record လုပ်တဲ့ Screen ပေါ်လာပြီဆိုရင် မိမိပြောဆိုလိုတဲ့ အကြောင်းအရာကို ပြောဆိုပြီးရင် Send ဆိုတဲ့ အစိမ်းရောင်ခလုတ်ကိုနှိပ်ပြီး ပေးပို့နိုင်ပါတယ်။

မိတ်ဆွေပို့ခဲ့တာတွေကို အခုလိုမျိုး Chat Box မှာ ပြန်လည် တွေ့မြင်နိုင်ပါတယ်။ ခရီးသည်ဘက်က ပေးပို့တဲ့ “Voice Messaging” ကိုလည်း သင်က လက်ခံရယူနိုင်ပါတယ်။

ဒါဆိုရင်တော့ မိတ်ဆွေတို့ထံ မကြာမီရောက်လာတော့မယ့် “Voice Messaging” လုပ်ဆောင်ချက်ကို နားလည်သဘောပေါက်မယ်ထင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ မိတ်ဆွေနဲ့ ခရီးသည်တွေအကြား ဆက်သွယ်ရတာ ပိုမိုအဆင်ပြေ လွယ်ကူစေမှာ အသေအချာပါပဲ။ အောက်က ဗီဒီယိုမှာလည်း “Voice Messaging” လုပ်ဆောင်ချက်အကြောင်းကို ကြည့်ရှုနိုင်ပါတယ်။