Grab Driver App ၏ Home Screen အသစ်ပြောင်းလဲခြင်း

ယာဉ်မောင်းမိတ်ဆွေများ မင်္ဂလာပါ။ Grab အနေနဲ့ Grab Driver app ရဲ့ ဝင်ရောက်မှုအများဆုံး၊ အသုံးအများဆုံး နေရာတွေကို အလွယ်တကူဝင်ရောက်နိုင်မယ့် Home Screen အသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ Homescreen ပုံစံသစ်ကို ခံစားရယူနိုင်ဖို့အတွက် v5.43.0 (Android) နဲ့ v1.30.0 (iOS) သို့ အသီးသီး Version Update မြှင့်တင်ထား ဖို့လိုအပ်ပါတယ်။

Home Screen အသစ်မှာ ဘယ်လိုတွေ ပြောင်းလဲလာမလဲ?

အဓိကကတော့ ယခင် ဘယ်ဘက် အပေါ်ထောင့်မှာရှိတဲ့ “More” menu နဲ့အတူ “Home, Wallet, History” တို့ဟာ အောက်ခြေမှာ  အတူတကွထည့်သွင်း ထားတာကိုတွေ့နိုင်မှာပါ။

Home ကတော့ မြေပုံနဲ့တကွ၊ ယခင်အတိုင်း Home Screen ပဲ ဖြစ်ပါတယ်။

Wallet ထဲကိုဝင်ရောက်မယ်ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ Credit နဲ့ Cash Wallet တွေကို တွေ့နိုင်မှာပါ။

History မှာလည်း မိတ်ဆွေတို့ရဲ့ နေ့စဉ်နဲ့ တစ်ပတ်စာ ဝင်ငွေနဲ့ ခရီးစဉ်တွေကို ဖော်ပြထားတာကို တွေ့နိုင်မှာပါ။

ဘေးထောင့်ဆုံးမှာတော့ “More” ကိုတွေ့နိုင်မှာ ဖြစ်ပြီး မိမိရဲ့ Profile နဲ့အတူ အခြားကျန်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ယခင်အတိုင်း မပြောင်းလဲပဲ တွေ့နိုင်မှာပါ။

မျှားပြထားတဲ့အတိုင်း အပေါ်ကို ဆွဲတင်လိုက်ရင် မိတ်ဆွေတို့ရဲ့ Acceptance Rate, Driver Rate နဲ့ Cancellation Rate တွေကို ယခင်အတိုင်းတွေ့နိုင်မှာ ဖြစ်ပြီး ဖျောက်ထားလိုရင်တော့ မျှားအတိုင်း အောက်ကို ဆွဲချလိုက်ရုံပါပဲ။

ဒါကတော့ မြန်မာဘာသာစကားပြောင်းလဲထားတဲ့ မိတ်ဆွေတို့အတွက် Grab Driver App ရဲ့ Home ကိုမြင်ရတဲ့ ပုံစံပါ။