ဘိုကင်လက်ခံပြီး ၈ မိနစ်အကျော်မှာ ခရီးစဉ်ပယ်ဖျက်ခံရရင်
လျော်ကြေးငွေ ၁၀၀၀ ကျပ် ရရှိမှာပါ

မိတ်ဖက်ယာဉ်မောင်းများအနေနဲ့  ခရီးစဉ် ဘိုကင်လက်ခံပြီး သတ်မှတ်နေရာဆီ သွားရောက်စဉ် ၈ မိနစ်အကျော်မှာ ခရီးသည်ဘက်က ခရီးစဉ်ပယ်ဖျက်ပါက လျော်ကြေးငွေ ၁၀၀၀ ကျပ်ကို ရရှိမှာ ဖြစ်ပါတယ်။  ခရီးသည်ဘက်က ခရီးစဉ်ပယ်ဖျက်အပြီး လျော်ကြေးငွေကို Credit Wallet ကတစ်ဆင့်  ချက်ချင်း ရရှိမှာဖြစ်တဲ့အတွက် နောင် ခရီးသည်သွားကြိုနေစဉ်အတွင်း ခရီးစဉ်ပယ်ဖျက်ခံရမှုအပေါ်  စိတ်ပူစရာမလိုတော့တာမို့ စိတ်လက်ချမ်းသာစွာ မောင်းနှင်နိုင်ပါပြီ။ 

ခရီးသည်ဘက်က အရင် ခရီးစဉ်အတွင်း နောက်ကျကြေးပေးရန် အကြွေးကျန်နေပါက လက်ရှိခရီးစဉ်အပြီးမှာ  အက်ပ်မှာ ဖော်ပြတဲ့အတိုင်း မိတ်ဆွေ ရရှိမဲ့ခရီးစဉ်ကြေးအပြင် ကြွေးကျန် နောက်ကျကြေးကိုပါ ကောက်ခံထားလိုက်ရမှာပါ။ Grab က ခရီးစဉ်ကြေးကော်မရှင်နဲ့အတူ နောက်ကျကြေးကိုပါ မိတ်ဆွေရဲ့  Credit Wallet ထဲက နှုတ်ယူလိုက်မှာ ဖြစ်ပါတယ်။

အကယ်၍ ခရီးသည်ဘက်က နောက်ကျကြေးပေးဖို့ ငြင်းပယ်ပါက Grab ယာဉ်မောင်းအက်ပ်ထဲရှိ Help Center ကတစ်ဆင့် Live Chat သုံးကာ ဆက်သွယ်ပေးစေလိုပါတယ်။  နှုတ်ယူလိုက်တဲ့ပမာဏကို ၂ ရက်အတွင်း မိတ်ဆွေရဲ့ Cash Wallet ထဲ ပြန်လည်ထည့်သွင်းပေးမှာပါ။ 

 ၈

အမေးများတဲ့ မေးခွန်းများ

 မေး – ခရီးသည်​ Cancel ပြုလုပ်တဲ့ လျော်ကြေးငွေကို ဘယ်လိုရရှိမှာလဲ။ 

ဖြေ –  ယာဉ်မောင်းအနေနဲ့ ခရီးစဉ်လက်ခံပြီးတာနဲ့ သတ်မှတ်နေရာကို သွားရောက်စဉ်  ၈ မိနစ်အကျော်မှာ ခရီးသည်က ခရီးစဥ်ပယ်ဖျက်ပြီးတာနဲ့ချက်ချင်း မိတ်ဆွေရဲ့ Cash Wallet ထဲသို့ လျော်ကြေးငွေ ရောက်ရှိမှာဖြစ်ပါတယ်။ ခရီးသည်ရဲ့ငွေပေးချေမှုနည်းလမ်းသည် ငွေသားဖြစ်စေ ၊  ငွေသားမဲ့ဖြစ်စေ မိတ်ဆွေအနေနဲ့ လျော်ကြေးငွေကို ချက်ချင်းရရှိမှာဖြစ်ပါတယ်။

မေး –  စီးနင်းမှုအပြီးမှာ ခရီးသည်ဆီက လျော်ကြေးငွေကောက်ခံဖို့ ဘာကြောင့်လိုအပ်တာလဲ။ 

ဖြေ –  ခရီးသည်ရဲ့ ယခင် ငွေသားခရီးစဉ်မှာ ဘိုကင်တင်ပြီး ၈ မိနစ်အကျော်တွင် ခရီးစဉ် ပယ်ဖျက်ထားတဲ့အတွက် လျော်ကြေးငွေ ပေးဆောင်ရလို့ ယခုအကြိမ်စီးနင်းမှုမှာ ကောက်ခံခြင်းဖြစ်ပါတယ်။ စီးနင်းမှုအဆုံးမှာ လျော်ကြေးငွေအပါအဝင် ဖော်ပြထားတဲ့ ပမာဏကို ကောက်ခံရမှာဖြစ်ပါတယ်။ လျော်ကြေးငွေကို Grab က မိတ်ဆွေရဲ့  Credit Wallet မှ အလိုအလျောက် ဖြတ်သွားမှာဖြစ်ပါတယ်။ 

မေး- ခရီးသည်ဆီက လျော်ကြေးငွေ ကောက်ခံဖို့ မေ့သွားရင် ဘယ်လိုလုပ်မလဲ။ ကောက်ခံဖို့မေ့သွားတဲ့ ခရီးစဉ်ကြေးထဲမှာ လျော်ကြေးငွေ ကို Credit Wallet ကနေ ဖြတ်နေဦးမှာလား။

ဖြေ- Credit Wallet ထဲကနေ ပုံမှန်အတိုင်း လျော်ကြေးငွေဖြတ်မှာပါ။ စနစ်မှ အလိုအလျောက်နှုတ်ယူတာဖြစ်တဲ့အတွက် စီးနင်းမှုအပြီးမှာ  Grab Driver အက်ပ်မှာ ဖော်ပြထားတဲ့ ပမာဏအပြည့်အစုံကို ခရီးသည်ဆီက ရယူရမှာဖြစ်ပါတယ်။ 

မေး-  လျော်ကြေးငွေကောက်ခံလို့ ခရီးသည်က နိမ့်တဲ့ Rating ပေးသွားရင် ဘယ်လိုလုပ်မလဲ။

ဖြေ – ခရီးသည်ဆီက လျော်ကြေးငွေကောက်ခံတဲ့ ငွေသားစီးနင်းမှုများအတွက် Rating သတ်မှတ်ချက်များကို သင့်ရဲ့ ယာဉ်မောင်းအဆင့်သတ်မှတ်ချက် (Driver Rating) မှာ ထည့်သွင်းတွက်ချက်မှာမဟုတ်ပါ။

မေး –  ကြိုရမဲ့ နေရာကို ရောက်လာပြီး ၈ မိနစ်အတွင်း ခရီးသည်က ခရီးစဉ်ပယ်ဖျက်တဲ့အခါ လျော်ကြေးငွေ ရရှိမှာလား။

ဖြေ – မရရှိပါ။ သတ်မှတ်ချိန်ဖြစ်တဲ့ ၈ မိနစ်အကျော် ခရီးသည်က ခရီးစဉ်ပယ်ဖျက်တဲ့အခါမှသာ လျော်ကြေးငွေ ရရှိမှာဖြစ်ပါတယ်။  

မေး- ခရီးသည်က လျော်ကြေးငွေ ပေးဆောင်ဖို့ ငြင်းဆိုရင် ဘာဖြစ်မလဲ။

ဖြေ- ကျေးဇူးပြုပြီး Grab Support Team ထံ ဆက်သွယ်ပေးပါ။ ဤပမာဏကို ၂ ရက်အတွင်း မိတ်ဆွေရဲ့ Cash Wallet ထဲသို့ ပြန်လည်ထည့်သွင်းပေးမှာပါ။