GrabChat Guidelines

GrabChat လမ်းညွှန်ချက်များ

 ကျွန်ုပ်တို့ရဲ့ Grab ကွန်ရက်ကို လေးစားမှုရှိပြီး ဘေးကင်းလုံခြုံစေမှုရှိစေရန်အလို့ငှာ ကျွန်ုပ်တို့ Grab အသိုင်း အဝိုင်းနှင့်သက်ဆိုင်သူများအားလုံးအတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ရန် လိုအပ်ပါတယ်။

ဒါကြောင့် အောက်ပါ Grab အသိုင်းအဝိုင်းနှင့်သက်ဆိုင်သူများအားလုံးအတွက်လမ်းညွှန်ချက်များကို လိုက်နာရန် လူကြီးမင်းအား ကျွန်ုပ်တို့အနေနဲ့ တိုက်တွန်းပါတယ်။

လူကြီးမင်းတို့အနေဖြင့်အောက်ဖော်ပြပါ လမ်းညွန်ချက်ထဲမှစည်းကမ်းချက် တစ်ခုခုကိုချိုး ဖောက်မိပါက  Grab မှ ၎င်း၏တစ်ဦးတည်းကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်

  • လူကြီးမင်း၏GrabChat အသုံးပြုမှုကို ရာသက်ပန် ကန့်သတ်ခြင်း သို့မဟုတ်
  • လူကြီးမင်း၏အကောင့်ကို ယာယီ (သို့) အပြီးအပိုင် ဆိုင်းငံ့ထားခြင်းဖြင့် စသည့်အရေးယူ ဆောင်ရွက်မှု များကိုပြုလုပ်မှာ ဖြစ်ပါတယ်။

GrabChat အသုံးပြုသူများသည် တရားမဝင်သော၊ မသင့်လျော်သော ထိလွယ်ရှလွယ် မက်ဆေ့ချ်များ နှင့် အကြောင်းအရာများကို လုံးဝ လုံးဝ မပို့သင့်ပါ။

  • ညစ်ညမ်းသော၊ အောက်တန်းကျသော၊ ရိုင်းစိုင်းသော၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော မဖွယ်မရာ အကြောင်းအရာများ
  • ကြမ်းတမ်းသော ခြိမ်းခြောက်ခြင်း သို့မဟုတ် နှောင့်ယှက်သည့် အကြောင်းအရာများ
  • မဟုတ်မမှန် မှားယွင်းသောအကြောင်းအရာများ
  • တရားမဝင်သော အကြောင်းအရာ သို့မဟုတ် တရားမဝင် ထုတ်ကုန်/လုပ်ရပ်များအတွက် ရည်ညွှန်း ချက်များ
  • ဘာသာရေး သို့မဟုတ် နိုင်ငံရေးအရ မထုတ်ဖော်သင့်တဲ့ အကြောင်းအရာများ
  • ဥပဒေကို ချိုးဖောက်နေသော အကြောင်းအရာများ
  • လိမ်လည်မှု သို့မဟုတ် ဖြားယောင်းသော ကြော်ငြာများ
  • ကိုယ်ရေးကိုယ်တာ အချက်အလက်များ

ဥပမာအချို့ကို အောက်တွင်ဖော်ပြထားသည် –

၁. ညစ်ညမ်းသော မဖွယ်မရာ အကြောင်းအရာများကို မမျှဝေပါနှင့်။

GrabChat တွင် သုံးစွဲသူများအား  မသင့်လျော်သော အကြောင်းအရာများကို မျှဝေခြင်းများအပြင် အခြားသူများထံမှ မြင်မကောင်း၊ ရှုမကောင်းသော မဖွယ်မရာပုံများတောင်းဆိုခြင်းကိုလည်း တားမြစ်ထားပါတယ်။

ဥပမာအချို့မှာ –

  • ညစ်ညမ်းသော သို့မဟုတ် မဖွယ်မရာစကားများ၊ အများအမြင်တွင် မသင့်လျော်သောအရာများ ပါဝင်သော မည်သည့်မီဒီယာမဆို (ပုံများ၊ GIFများ၊ ဗီဒီယိုများ၊ စသဖြင့်) ၊
  • ကိုယ်လုံးတည်း မဖွယ်မရာပုံများ သို့မဟုတ် အဖော်အချွတ်များပါဝင်သောပုံများ၊ မလျော်ကန်သော မဖွယ်မရာအကြောင်းအရာများဆီသို့ ဦးတည်သောပြင်ပလင့်ခ်များဖြစ်ပါတယ်။

လူမှုပတ်ဝန်းကျင်ရှိ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်သော အထက်ပါလုပ်ရပ်များကို ချိုးဖောက်ပါက Grab မှ ထိရောက်စွာ အရေးယူ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

၂. လိင်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်သော မဖွယ်မရာလုပ်ဆောင်ချက်များ နဲ့ ချိန်းတွေ့ခြင်းအတွက် ကမ်းလှမ်း/တောင်းဆိုခြင်း မပြုပါနှင့်။

လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုများ/ဝန်ဆောင်မှုများ၊ နှစ်ဉီးတည်း ချိန်းတွေ့ရန် တောင်းဆိုခြင်းများသည်

ရာဇ၀တ်မှုများကိုဦးတည်စေတဲ့အတွက် ထိုသို့သော တောင်းဆိုကမ်းလှမ်းမှုများကို

Grab မှ အပြင်းအထန် တားမြစ်ထားပါတယ်။ 

ဥပမာစကားများ-

” နောက်ထပ်တစ်ခု ထပ်လုပ်ပေးရင် မုန့်ဖိုးပေးမယ် “

“ကောင်မလေး/ ကောင်လေး ရှာနေတယ်” (ချိန်းတွေ့မယ့်လူကို ရှာနေတာ)

“Facebook သုံးလား” “ညကျ ဖုန်းဆက်လို့ရလား”(အခြားလူမှုရေးကွန် ရက်များနှင့် ချိန်းတွေ့သည့်        အက်ပ်များသို့ ဖိတ်ကြားခြင်း)နှင့်

ထိုသို့သော အခြားလုပ်ရပ်များကို Grab မှ မသင့်လျော်ဟု သတ်မှတ်ထားသည်။

၃. ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံးဝမမျှဝေပါနှင့်။  

GrabChat ကို အသုံးပြုသူများအားလုံးရဲ့  ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ဘေးကင်းသေချာမှုရှိစေရန်

ကိုယ်ပိုင်အချက်အလက်များကို မျှဝေခြင်းမှ ရှောင်ကြဉ်ရန် အရေးကြီးပါတယ်။

 Grab ရှိ ဝန်ထမ်းတိုင်းသည် ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကာကွယ်ရန် ခိုင်မာစွာကတိပြုထားပြီး လူတိုင်းအတွက် ဘေးကင်းသောအတွေ့အကြုံကို  စိတ်ချသေချာစေတာကြောင့် သင်၏ဆက်သွယ်ရေးလိုအပ်ချက်အားလုံးအတွက် GrabChat ကိုအသုံးပြုရန် အထူးတိုက်တွန်းပါသည်။

( GrabChat မှတစ်ဆင့် သို့မဟုတ် GrabChat ပြင်ပ) တွင် မျှဝေခြင်းမပြုသင့်သော ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ သက်ဆိုင်သော ဥပမာများမှာ –

  • ဖုန်းနံပါတ်များ
  • အိမ်လိပ်စာများ
  • မှတ်ပုံတင်နံပါတ် (ဥပမာ NRC, Passport, Pin နံပါတ်များ)
  • ငွေကြေးနှင့် ငွေပေးချေမှု အချက်အလက် (ဥပမာ။ ခရက်ဒစ်ကတ်အသေးစိတ်၊ ဘဏ်အကောင့် အချက်အလက်)
  • စကားဝှက်များ သို့မဟုတ် အကောင့်ဝင်ခြင်းဆိုင်ရာ အထောက်အထားများ
  • ကိုယ်ရေးကိုယ်တာအချက်အလက်များ မျှဝေရန် ခြိမ်းခြောက်အားပေးမှုများ၊ တစ်စုံတစ်ဦး၏အကောင့်ကို Hack ကာ လှည့်ဖြားမှုများ။

၄. ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းများ မပြုလုပ်ပါနှင့်။

Grab တွင် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းများနဲ့ ပတ်သက်ပြီး လုံးဝ လုံးဝ သည်းမခံနိုင်ပါ။

Grab ကို အသုံးပြုသူများအားလုံးအတွက် လေးစားဖွယ်ကောင်းပြီး ဘေးကင်းသောပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အမြဲတမ်းကြိုးစားလျက် ရှိပါတယ်။

ဒါကြောင့် ရန်လိုသောအပြုအမူများနှင့် အခြားသူများရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်သော

သို့မဟုတ် အခြားသူများကို စိတ်မသက်မသာဖြစ်စေသော ဘာသာစကားများအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

တားမြစ်ထားသော လုပ်ဆောင်ချက်များတွင်ပါဝင်သော ဥပမာများ –

  • ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု သို့မဟုတ် အကြမ်းဖက်ခြိမ်းခြောက်မှုများ ပါဝင်သည့် မက်ဆေ့ချ်များ ပေးပို့ခြင်း။
  • ရုန့်ရင်းကြမ်းတမ်းပြီး အောက်တန်းကျသော ဘာသာစကားများနဲ့

ရိုင်းစိုင်းပြီး မလျော်ကန်သော မက်ဆေ့ချ်များ ပေးပို့ခြင်း။

  • လူတစ်ဦး၏ လူမျိုး၊၊ ကျား/မ ဖြစ်တည်မှု၊ ကိုးကွယ်ရာဘာသာများနဲ့ အခြားအချက်များကို ပစ်မှတ်ထား၍ ညစ်ညမ်းသောဘာသာစကားဖြင့် ဆဲဆိုပုတ်ခတ်ခြင်း။
  • လူတစ်ဦး၏ အသွင်အပြင်အပေါ် မှတ်ချက်ပေးသည့် အကြံပြုစာများ၊ မက်ဆေ့ချ်များ ပေးပို့ခြင်း။
  • အများသူငါ စိတ်အနှောင့်အယှက်ဖြစ်စေရန်၊ နှောင့်ယှက်ရန်၊ ညှင်းပန်းနှိပ်စက်ရန် ခြိမ်းခြောက်သော သဘောထားရှိသည့် ဘာသာစကားကို အသုံးပြုခြင်း။

၅.  အနှောင့်အယှက်ပေးသော အွန်လိုင်း မတ်ဆေ့ချ်များ/Spam  သို့မဟုတ် အလိမ်အညာ Scam အကြောင်းအရာများကို မပို့ပါနှင့်။

မိမိရနိုင်မဲ့ ငွေကြေးအမြတ်အစွန်းအတွက် အခြားသူများကို လိမ်လည်လှည့်ဖြားရန် ဖန်တီးထားသော စာတိုများ ၊ ထပ်ခါတလဲလဲတောင်းဆိုသော မက်ဆေ့ချ်များပေးပို့ခြင်းမှ ရှောင်ကြဉ်ပါ။

ထိုသို့သော လိမ်လည်မှု အကြောင်းအရာ နမူနာများမှာ –

  • မိမိရဲ့ အကျိုးစီးပွားအတွက် လိမ်လည်လှည့်ဖြားသော ကြော်ငြာများ
  • မသမာသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ
  • ဖြားယောင်းမှုများ
  • ကြော်ငြာ/အရောင်းမြှင့်တင်ရေး အကြောင်းအရာများ

ထို့ကြောင့် မည်သည့်အကြောင်းအရာ သို့မဟုတ် မည်သည့် မက်ဆေ့ချ်ကိုမဆို အထက်ပါ လမ်းညွှန်ချက်များ/ ဥပဒေများ/ စည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိမရှိ ဆုံးဖြတ်ရန် Grab သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။

နောက်ဆုံးအနေဖြင့် Grab သည် စိတ်ချလုံခြုံသောပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် ကျွန်ုပ်တို့ ကတိပြုပါသည်။

တစ်စုံတစ်ဦးသည် ဤလမ်းညွှန်ချက်များကို ချိုးဖောက်နေသည်ကို တွေ့ရှိပါက၊ ၎င်းအား သင့်လျော်သော အရေးယူဆောင်ရွက်နိုင်ရန် Grab အကူအညီဌာနGrab Help Center သို့ ချက်ချင်းသတင်းပို့ပေးပါ။

 ကျွန်ုပ်တို့၏ Grab မိသားစုဝင်အချင်းချင်း လေးလေးစားစားဆက်ဆံရင်း အားကိုးအားထားဖွယ် အဖွဲ့အစည်း တစ်ခုကို လက်တွဲရယူကြပါစို့။

Grab သည် ပတ်ဝန်းကျင်ရှိ မိတ်ဆွေတိုင်းအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို အတူတကွဖော် ဆောင်ဖို့  ကြိုဆိုလျက်ရှိပါတယ်။ ။