ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မေလ ၂၂ ရက်နေ့ – Grab Myanmar သည် COVID-19 ကူးစက်ရောဂါကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန် အများပြည်သူအတွက် ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် YBS ယာဉ်မောင်း (၁,၀၀၀) အတွက် မေ ၂၁ ရက်နေ့နှင့် ၂၂ ရက်အတွင်း ဆန်အထောက်အပံ့များ လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။
Grab Myanmar အနေနှင့် ယာဉ်လိုင်းဂိတ်မှုးများမှတစ်ဆင့် လက်ရှိ ယာဉ်ပြေးဆွဲလျက်ရှိနေသော ယာဉ်အရေအတွက်စာရင်းကို ကောက်ယူပြီး ဆန်အထောက်အပံ့ပစ္စည်းများကို ဂိတ်တစ်ခုချင်းတွင် သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ Grab Myanmar သည် ထိုပေးဝေမှုကို ဒဂုံဧရာ လှိုင်သာယာကားဝင်းအတွင်းရှိ ယာဉ်လိုင်းများ၊ သခင်မြပန်းခြံဝန်းကျင်ရှိ ယာဉ်လိုင်း ၂၂၊ ၂၃၊ ၄၀၊ ၅၇၊ ၅၈၊ ၅၉ ဂိတ်များ၊ စံပြဈေး ကားကြီးဂိတ် နှင့် ပါရမီဝင်းထဲရှိ ဗန္ဓုလကားဝင်းထဲရှိ ယာဉ်လိုင်း ၁၂၊ ၁၃၊ ၁၄၊ ၂၅၊ ၃၀၊၃၈၊ ၅၅ နှင့် ဒဂုံအရှေ့ပိုင်းတွင်း ယာဉ်လိုင်း ၁၂၊ ၂၄ နှင့် ၂၈ အသီးသီးမှ ဂိတ်မှုးများနှင့် စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း YBS ယာဉ်များအနေနှင့် ပုံမှန်ခရီးသည်အရေအတွက်ထက် လျှော့ချပြီး တင်ဆောင်ရခြင်း၊ ရုံးသွားရုံးပြန်မှ လွဲ၍ ကျန်အချိန်များတွင် YBS ယာဉ်အသုံးပြုသည့် ခရီးသည်အရေအတွက် နည်းပါးလာသည့်အတွက် ခရီးစဉ်အခေါက်ရေကျဆင်းသွားခြင်းတို့ကို ရင်ဆိုင်နေရသည့် YBS ယာဉ်မောင်းများအနေနှင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် အများနည်းတူ အိမ်တွင် မနေနိုင်ဘဲ ၎င်းတို့၏မိသားစုစားဝတ်နေရေးနှင့် ခရီးသွားပြည်သူများ သွားလာနိုင်မှုအဆင်ပြေရေးတို့အတွက် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည်ကို ကျေးဇူးတင်စာနာသောအနေဖြင့် ယခုကဲ့သို့ ဆန်အထောက်အပံ့များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
“မကြာခင်ကပဲ Grab အနေနဲ့ မိတ်ဖက်အကူအညီရန်ပုံငွေ USD (40,000) ကို မတည်ပြီး ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကြေးတွေအပြင် Grab ပလက်ဖောင်းပေါ်က မိတ်ဖက်ယာဉ်မောင်းတွေနဲ့ အစားအသောက်ပို့ဆောင်သူတွေ အတွက် ဆန်နဲ့ နှာခေါင်းစည်းတွေ ပါဝင်တဲ့ အထောက်အပံ့ပစ္စည်းတွေ ဝေပေးခဲ့ပြီးပါပြီ။ ဒီ Transportation sector ကို တိုးတက်ဖွံဖြိုးအောင် ပံ့ပိုးကူညီဖို့ ဆိုတာ ကျွန်မတို့ လုပ်ဆောင်ပံ့ပိုးရမယ့်အရာလို့ ခံယူထားတဲ့အတိုင်း ဒီသွားလာဆက်သွယ်ရေးနယ်ပယ်မှာ YBS ယာဉ်မောင်းတွေဟာ COVID-19 ရဲ့ ရိုက်ခတ်မှုကို အပြင်းထန်ဆုံးခံရတဲ့ သူတွေထဲ အပါအဝင်ဖြစ်တာကို ကျွန်မတို့ သိပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ မိတ်ဖက်အကူအညီပေးရေး အစီအစဉ်တွေထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar