Grab နဲ့ဝေမျှ မေမေနဲ့အမှတ်တရ – Thaw Tar

Thaw Tar
Grab နဲ့ဝေမျှ မေမေနဲ့အမှတ်တရ
 

သို့ 

ဒီနေ့က မေမေ ကွယ်လွန်ခြင်း ၂နှစ်နဲ့၁၁လပြည့်တဲ့နေ့ 💔
ပြန်မရနိုင်တော့တဲ့ မေမေ့ကိုလွမ်းတိုင်း မျက်ရည်အစား “ကုသိုလ်”နဲ့ပဲ ဖြေပါတယ် မေမေ

တချို့ကတော့ သမီးကို ထင်ကောင်းထင်မယ် မေမေ့ နာရေးချတဲ့နေ့က ဒီကောင်မလေး မငိုပါလားပေါ့ ရွှေတောင်ကြီး ပြိုသွားမှတော့ ငိုချင်တာပေါ့ မေမေရယ်…

ဒါပေမဲ့ အမေဆုံးသွားတဲ့ညက ဆေးရုံကို တူတူလိုက်လာတဲ့ ကလေးတစ်ယောက်ကပြောတယ် “အမ မငိုရဘူးနော် အန်တီ့ဝိညာဉ်က သိတယ်တဲ့” အဲ့လိုပြောတော့ သမီးမှာ ကျမယ့်မျက်ရည်တွေကိုထိန်းပြီး အတောင့်လိုက်ကြီး မေမေ့ကို ကြည့်နေခဲ့ရတာ 😞

အဲ့ညကတည်းက မေမေ့ရုပ်အလောင်းနားမှာ မငိုရက်တော့တာပဲ

အဲ့အချိန်မှာ သမီးသိတာတစ်ခုက မေမေကောင်းကောင်းမွန်မွန်စိတ်ချပြီး ထွက်သွားနိုင်ရမယ်ဆိုတာပဲ

အဲ့ဒါကြောင့် မေမေ့နားသွားပြီး စိတ်ချနော် ရှေ့လျှောက် သမီးဘယ်လိုလုပ်မယ်ဆိုတာတွေပဲ ပြောပြောနေမိတယ်

မီးသဂြိုဟ်တော့လည်း မေမေ စိတ်မချဘဲ ဖြောင့်ဖြောင့်တန်းတန်းမသွားနိုင်မှာစိုးလို့ သမီးမငိုရဲဘူး ဘေးနားမှာ ငိုနေတဲ့ မေမေ့ညီမကိုတောင် စိတ်တိုသွားမိသေးတယ် မေမေ နောက်ဆံတင်းတော့မှာပဲ ဆိုပြီး..

မေမေ အသက်ရှင်စဉ်တုန်းကလည်း အကောင်းဆုံးဆိုတာတွေပဲ ဖြည့်ဆည်းပေးနိုင်ခဲ့လို့ နောင်တလည်း ကင်းပါတယ်

သူငယ်ချင်းတွေကြားမှာတော့ သမီးကို ကပ်စေးနည်းကြီးလို့ ထင်ကြပါလိမ့်မယ်။ တစ်ခုခုဆို ငါမလုပ်ပေးလိုက်ရလေခြင်းဆိုတဲ့ နောင်တမရှိရအောင် သမီး အဖေတို့အမေတို့အတွက် စုထားတာ သူတို့မှ မသိတာကိုး…

အခု မေမေမရှိတော့တဲ့နောက်ပိုင်းလည်း တစ်ရက်မပျက်ပြုလုပ်ပေးနေတဲ့ ကုသိုလ်တွေက မေမေ့ဆီရောက်လို့ သမီးဘယ်လောက်ချစ်လဲဆိုတာ သိပြီမလား မေမေ…

လွမ်းတယ်နော် သတိလည်း ရတယ်…
ဒီနေ့လည်း မေမေ သမီးတို့နားက ထွက်ခွာသွားတာ ၂နှစ်နဲ့၁၁လတောင်ပြည့်ခဲ့ပြီမို့ ကုသိုလ်အနေနဲ့ မနက်ခင်းဆွမ်းတန်းကုသိုလ်ပြုပြီးတော့ လမ်းဘေးခွေးလေးတွေကိုလည်း သမီးတို့ အစာကျွေးပေးခဲ့သေးတယ်…

နေ့စဉ် သမီးပြုသမျှ ကုသိုလ်ကောင်းမှု့အစုစုတို့သည် မေမေ့အတွက် နိဗ္ဗာန်ကုသိုလ်အထောက်အပံ့ ဖြစ်ပါစေ 🙏

ခွဲခွာသွားတာ ၂နှစ်၁၁လ ပြည့်ခဲ့ပေမယ့် တစ်ရက်မှ မမေ့ခဲ့ပါဘူး မေမေ 💔

မေမေရောက်ချင်တဲ့ နိဗ္ဗာန်ကို ရောက်နေပြီမှန်းသိပေမယ့် နောက်ဘဝတွေများ ရေစက်ကြုံလို့ တွေ့ခွင့်ရရင် မေမေ့သမီးပဲ ဖြစ်ပါရစေ 🙏

အဲ့ဒီအချိန်ကျရင်တော့ သမီးနဲ့အကြာကြီး တူတူနေပေးနော် …

   သတိရခြင်းများစွာဖြင့်
  မေမေ့ရဲ့ သမီးအငယ်ဆုံးလေး