Hotel Booking Rewards Terms

စည်းကမ်း သတ်မှတ်ချက်များ

၁။ ၁ ရက်၊ ဧပြီ လ၊၂၀၂၂ မှစတင်၍ Grab အသုံးပြုသူများ ကို “ဟော်တယ် GrabRewards ပွိုင့် များ ထုတ် ပေး ခြင်းအစီအစဥ်” တွင် ဟိုတယ်များ၌အရည်အချင်းပြည့်မီသောအသုံးပြုမှုများ အတွက် GrabRewards ပွိုင့်များ ကို”ထပ်တိုး” ချီးမြှင့်ပေးမှြစ်ပါတယ်။

၂။ ဟိုတယ်အသုံးပြုမှုကနေ GrabRewards ပွိုင့်များ ရရှိရန်အတွက်၊ အသုံးပြုသူများသည် –

က) Grab အကောင့်ရှိပြီး GrabRewards ပွိုင့်‌ wallet အသုံးပြုနေသေးသည့် အသင်း
ခ) ဟိုတယ်များနဲ့ ချိတ်ဆက်ခြင်း မပြုလုပ်ခင်မှာ Agoda သို့မဟုတ် Booking.com (မိတ်ဖက်) များထံသို့ အချက်အလက်များပေးပို့ခြင်းကို လက်ခံရပါမယ်၊
ဂ) မည်သည့်မိတ်ဖက်၏ ဝန်ဆောင်မှုအတွက်မဆို Grab app ကို အသုံးပြုပြီးတော့သာ ဘွတ်ကင်တင်ခြင်းကိစ္စ အဝဝကို ပြီးဆုံးအောင် လုပ်ဆောင်ရပါမယ်၊
ဃ) တည်းခိုမှုနှင့် ပေးချေမှုတို့သည် သုံးစွဲသူ၏ နာမည်အတိုင်းသာ ဖြစ်ရမှာဖြစ်ပြီး အခန်းပြန်အပ်ခြင်းနှင့် ငွေပေးချေသည့်အခါတွင် မိတ်ဖက်မှနေ၍ စိစစ်သွားပါမယ်။

၃။ ယခုအစီအစဉ်သည် Grab တွင် အင်ဒိုနီးရှား(+၆၂) ဖုန်းခေါ်ဆိုနံပါတ်များနှင့် မှတ်ပုံတင်ထားသော အသုံးပြုသူများအကျုံးမ၀င်ပါ။

၃။ ဟိုတယ်တည်းခိုသည့်အခါတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါက အပိုထပ်ပေါင်းပေးမည့် ပွိုင့်များမှာ သုံးစွဲသူရွေးချယ်သည့်ငွေ‌ကြေးအပေါ်မူတည်၍အောက်ပါအတိုင်း ဖြစ်ပြီး ၁ ဧပြီလ ၂၀၂၂ မှ ၃၁ ဇူလိုင်လ ၂၀၂၂ ကာလအတွင်း၊ ၃၁ ဇူလိုင်လ ၂၀၂၂ မတိုင်မီ/၎င်းနေ့တွင် အခန်းထွက် သူများအတွက် အကျုံးဝင်မှာဖြစ်ပါတယ် –

က) SG – ၄ ပွိုင့် ကို SGD ၁
ခ) PH – ၆ ပွိုင့် ကို PHP ၁၀၀
ဂ) MY – ၁.၅ ပွိုင့် ကို MYR ၁
ဃ) ID – ၂ ပွိုင့် ကို IDR ၁၀,၀၀၀
င) VN:၂ ပွိုင့် ကို VDN ၁၀,၀၀၀
စ) TH: ၂ ပွိုင့် ကို THB ၁၆
ဆ) KH: ၂ ပွိုင့် ကို KHR ၃,၀၀၀
ဇ) MM: ၂ ပွိုင့် ကို MMK ၁,၀၀၀
စျ) အခြား: ၅ ပွိုင့် ကို USD ၁

၄။ ဟိုတယ်တည်းခိုသည့်အခါတွင် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါက အပိုထပ်ပေါင်းပေးမည့် ပွိုင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်၊ ၁ သြဂုတ်လ ၂၀၂၂ မှစတင်၍ အကျုံးဝင်မှာဖြစ်ပါတယ် –

က) SG – ၄ ပွိုင့် ကို SGD ၁
ခ) PH – ၆ ပွိုင့် ကို PHP ၁၀၀
ဂ) MY – ၁.၅ ပွိုင့် ကို MYR ၁
ဃ) ID: ၁ ပွိုင့် ကို IDR ၁၀, ၀၀၀
င) VN:၂ ပွိုင့် ကို VDN ၁၀,၀၀၀
စ) TH: ၂ ပွိုင့် ကို THB ၁၆
ဆ) KH: ၂ ပွိုင့် ကို KHR ၃,၀၀၀
ဇ) MM: ၂ ပွိုင့် ကို MMK ၁,၀၀၀
စျ) အခြား: ၂ ပွိုင့် ကို USD ၁

၆။ အသုံးပြုသည့်ငွေလဲလှယ်နှုန်းမှာ လက်ရှိဘဏ်နှုန်းထားများနှင့် ဘွတ်ကင်တင်သည့် နေ့တွင် ကျွန်ုပ်တို့၏ မိတ်ဖက်(များ) မှ တွက်ချက်ထားသော နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်တွင် အခြေခံပြီး ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်ပါတယ်။

၇။ Grab မှ ကြိုတင်အကြောင်းကြားမှု မပြုလုပ်ဘဲ သို့မဟုတ် အကျိုးခံစားခွင့်ကို ငွေသား သို့မဟုတ် အခြားနည်းဖြင့် ပေးခြင်းများ မပြုလုပ်ဘဲ အောက်ပါတို့ကို လုပ်ပိုင်ခွင့်အပြည့်အဝ ရှိပါတယ် –

က) တည်းခိုနေထိုင်ပြီး ငွေပေးချေမှုပြုလုပ်ပြီးနောက် ကျွန်ပ်တို့၏ မိတ်ဖက်(များ)က စီစစ်ပြီးမှသာ GrabRewards ပွိုင့်များကို ထည့်ပေးခြင်း၊
ခ) တည်းခိုနေထိုင်ခြင်း နှင့်/ သို့မဟုတ် ငွေပေးချေခြင်းတို့သည် ခံစားခွင့်ရှိသူ၏ နာမည်အတိုင်း ဟုတ်မနေခြင်း သို့မဟုတ်၎င်းသုံးစွဲသူသည် စည်းကမ်းသတ်မှတ်ချက်များကြောင့်သော်လည်းကောင်း Grab မှ မသင့်တော်ဟုသတ်မှတ်သော သို့မဟုတ် လက်မခံနိုင်သော အပြုအမူများကို ပြုလုပ်၍သော်လည်းကောင်း အရည်အချင်းမပြည့်မီဟု သတ်မှတ်သောသူများကို ငြင်းပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊
ဂ) GrabRewards ပွိုင့်များ ပေးခြင်းနည်းစနစ်ကို အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲခြင်း၊
ဃ) ဤပွိုင့်ပေးသော အစီအစဉ်တွင် မည်သည့်မိတ်ဖက်ကိုမဆို ထည့်ခြင်း ဖယ်ရှားခြင်း၊
င) ဤပွိုင့်ပေးသော အစီအစဉ်၏ စည်းကမ်းများပြောင်းခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း။

၈။ ဤ “ထပ်ပေါင်း” ပွိုင့်များပေးသော အစီအစဉ်မှ ပေးသော GrabRewards ပွိုင့်များသည် GrabPay Wallet သို့မဟုတ် Mastercard (အသုံးပြုလို့ရရှိနိုင်သည့်နေရာများတွင် GrabPay T&Cတွင်ကြည့်ပါ) တို့ကို အသုံးပြုခြင်းကြောင့် ရရှိသော “ပုံမှန်” GrabRewards ပွိုင့်များ အပြင် ထပ်ဆောင်းပေးခြင်း ဖြစ်ပါတယ်။ ဤ “ထပ်ပေါင်း” ပွိုင့်များကို အခန်းထွက်ပြီး သည့်နေ့မှ ခန့်မှန်းခြေ ရက်ပေါင်း ၇၀ တွင် ဖြည့်သွင်းပေးမှာ ဖြစ်ပါတယ် (ဥပမာ – အခန်းထွက်သည့်နေ့သည် ၁ ဧပြီ ဖြစ်ပါက၊ ထပ်ပေါင်းသော ပွိုင့်များကို ၁၀ ဇွန် မှာ ရရှိမှာ ဖြစ်ပါတယ်)။

ရ။ ဤပွိုင့်ပေးသော အစီအစဉ်မှ ရရှိသော GrabRewards ပွိုင့်များကို အသင်းဝင်အဆင့် သတ်မှတ်ချက်အတွက် ထည့်သွင်းတွက်ချက်မည် မဟုတ်ပါ။

၈။ Grab အနေနဲ့ မည်သည့် သုံးစွဲသူ၊ မိတ်ဖက် သို့မဟုတ် အခြားသူတစ်စုံတစ်ဦးမှ ပျက်စီးဆုံးရှုံးမှုများ ရှိပါတယ်ဟု ‌တောင်းဆိုမှုအပေါ် ‌ဖြေရှင်းပေးရန် တာဝန်မရှိပါ။