ရောင်းအားတက်ချင်ပါသလား၊  ကြော်ငြာတွေကတစ်ဆင့်
သင့်ကို မှာယူသူတွေ ပိုရှာတွေ့အောင် လုပ်ဆောင်နိုင်ပါတယ်

သင့်ဆိုင်က အော်ဒါတွေ သိပ်မတက်ဘူး ဖြစ်နေတယ်ဆိုရင် ရိုးရှင်းတဲ့ အကြောင်းရင်းတစ်ခုကတော့ ဝယ်သူတွေက သင့်ဆိုင်ကို မမြင်ကြလို့ ဖြစ်နိုင်ပါတယ်။

Grab သုံးစွဲသူတွေက သူတို့ စားချင်တာတွေ၊ ဝယ်ချင်တာတွေကိုပဲ ရှာဖွေတတ်ကြသူတွေမို့ သူတို့တကယ်လိုအပ်နေတဲ့အချိန်မှာ ကိုယ့်ဆိုင်ကို မြင်အောင်ပြထားနိုင်ဖို့က အရေးကြီးပါတယ်။

ဒီအတွက် GrabAds က ကူညီပေးနိုင်ပါတယ်။

သူတို့ကြိုက်တဲ့ အစားအသောက်ကို ရှာဖွေနေတဲ့သူတွေရှေ့ သင့်ဆိုင်ကို အရောက်ပြပေးနိုင်ဖို့ GrabAds က ကူညီပေးမှာပါ။ လူတိုင်းကို လျှောက်ပြပေးနေတာမျိုး မဟုတ်ဘဲ တကယ်ဝယ်ဖို့ အသင့်ဖြစ်နေတဲ့သူတွေနဲ့ ချိတ်ဆက်ပေးမှာမို့ သင့်ဆိုင်ကို လူမြင်သွားရုံလောက်တင်မဟုတ်ဘဲ အော်ဒါတကယ်တက်လာအောင် လုပ်ပေးနိုင်ပါတယ်။

ဒါဆို သင့်ဆိုင် လူသိများလာဖို့အတွက်ရော GrabAds က ဘယ်လို ကူညီပေးနိုင်မလဲ။

GrabAds မှာ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ တကယ် အော်ဒါရမှ ငွေပေးချေရမယ့် (Cost-per-order) စနစ်ကလည်း ပါသေးတာဆိုတော့ အဆင်ပြေတာပေါ့။ ကဲ.. ဒါဆို ဘယ်လို ကူညီပေးထားလဲ ကြည့်ရအောင်။

  •   Search Ads: ဝယ်ယူသူတွေက သူတို့စားချင်တာကို ရှာဖွေတဲ့အခါ သင့်ဆိုင်က သူတို့ရှေ့မှာ ပေါ်လာမှာမို့ ဝယ်ဖို့ အသင့်ဖြစ်နေသူတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ပါတယ်။
  •       Image Ads: လူကြည့်များတဲ့ GrabFood ရဲ့ ပင်မစာမျက်နှာလို နေရာမျိုးမှာ လှပတဲ့ပုံရိပ်တွေနဲ့ သင့်ဆိုင်ကို ပေါ်လွင်အောင် ပြသပေးတာမို့ လူတွေပိုပြီး စိတ်ဝင်တစားနဲ့ ဝင်ကြည့်လာကြမှာပါ။

 လူမြင်များခြင်းမှသည် အော်ဒါတိုးလာစေဖို့ 

ကိုယ့်ဆိုင်ကို မြင်တဲ့သူ ပိုများလာလေ အော်ဒါတက်ဖို့ အခွင့်အလမ်း ပိုများလာလေပါပဲ။ GrabAds က အစားအသောက် ရှာနေသူတွေရဲ့ ရှေ့မှာ သင့်ဆိုင်ကို ပေါ်အောင် လုပ်ပေးသလို ကြော်ငြာတွေရဲ့ ရလဒ်ကိုလည်း အလွယ်တကူ ပြန်ကြည့်လို့ ရတာမို့ ဘာက အလုပ်ဖြစ်နေလဲ၊ ဘယ်လိုလုပ်ရင် အော်ဒါပိုတက်စေနိုင်လဲဆိုတာကိုလည်း သိနိုင်ပါတယ်။

လူသိပိုများမယ်၊ ဖောက်သည်ပိုတိုးမယ်၊ အော်ဒါတွေလည်း ပိုတက်မယ်။ သတင်းအချက်အလက်သစ်တွေကို ပိုသိရဖို့ ကျွန်တော်တို့ ဆိုရှယ်မီဒီယာ ချန်နယ်လ်တွေနဲ့ GrabMerchant Website ကို စောင့်ကြည့်ပေးဖို့လည်း မမေ့နဲ့နော်။ လုပ်ငန်းတိုးတက်အောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုတော့ သင့်ရဲ့ Merchant App ထဲက AI Assistant မှာ မေးမြန်းလေ့လာလိုက်ပါ။။