Grab နဲ့မျှဝေ ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေ – Nay Win Aung

Nay Win Aung
Grab နဲ့မျှဝေ ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေ
 

Happy Father’s Day ပါ ချစ်ရတဲ့ဖေဖေရယ်

ပျော်ရွှင်စရာ အဖေများနေ့လေး ဖြစ်ပါစေလို့ သားဆုတောင်းလိုက်ပါတယ်နော်။ ဘဝမှာ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ၊ သားတွေ ပြည့်စုံဖို့အတွက် အမြဲတမ်းကြိုးစားပေးတဲ့အဖေဟာ သားဘဝရဲ့သူရဲကောင်းကြီးပါ။

မနက်တိုင်း စက်ဘီးရှေ့ခြင်းလေးထဲမှာထည့်ပြီး ငါ့သားလေးကွဆိုပြီး သွားလေရာခေါ်သွားတတ်တဲ့ဖေဖေ၊ လက်ဖက်ရည်သောက်ရင် ပန်းကန်ပြားလေးထဲ ထည့်မှုတ်တိုက်တတ်တာ ပွဲစျေးလျှောက်ရင် ပျောက်မှာစိုးတာရယ် ပွဲစျေးပတ်လည်မြင်စေချင်တာရယ်ကြောင့် ပခုံးပေါ်ထမ်းတင်လျှောက်တတ်တဲ့ ဖေဖေဟာ ကလေးဘဝကတည်းက သားကိုမြတ်နိုးစွာ ချစ်ခဲ့တဲ့ အချစ်ဆုံးဖေဖေပါပဲ။

အဖေရဲ့မေတ္တာတွေက လုံခြုံမှုတွေ

အမြဲတမ်းပေးနေခဲ့ပြီး သားတို့ရဲ့ ထာဝရမေတ္တာ ဖေဖေရယ်ပါ။

ချစ်ခင်လေးစားရတဲ့

ကမ္ဘာပေါ်ရှိ အဖေများအားလုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်😍