Grab နဲ့မျှဝေ ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေ – Kyi Kyi

Kyi Kyi
Grab နဲ့မျှဝေ ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေ
 

Happy Father’s Day ပါဖေဖေ

ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေက ရင်နဲ့အမျှပါ ဖေဖေ 🤗🥲🙏

ဖေဖေသည်သာလျှင် ဘဝရဲ့ ပဲ့ကိုင်ရှင်၊ hero ကြီးဆိုလည်း မမှားပါဘူးနော် 💪🥰

မလိမ္မာတဲ့ သမီးကို လိမ္မာစေ၊ ယဉ်ကျေးစေခဲ့တာပါ ဖေဖေပါ 🫶

လူ့လောကအလယ် လျှောက်ရမယ့်လမ်း လမ်းမှန်‌ကိုရောက်၊ ရဲရဲရပ်တည်နိုင်အောင် သင်ကြားပြသပေးခဲ့တာ ဖေဖေပါ 🥰🤗

ဖေဖေ မစွမ်းနိုင်တဲ့ အချိန်၊ ဖေဖေ ဖောက်ခဲ့တဲ့လမ်း ဆက်လျှောက်ရင်းနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အပတ်တကုတ်၊ ကြိုးစားလုပ်ကိုင် နေထိုင်ပါမယ် ဖေဖေ 💪🫶🥰

ဖေဖေ့ကို အရမ်းချစ်ပါတယ် 🫶🫶🫶