Grab App ထဲကတစ်ဆင့် ကမ္ဘာ့ထိပ်တန်းဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက်တွေကနေ ဟိုတယ်အခန်းတွေကို အထူးလျှော့ဈေးနဲ့ ဘွတ်ကင်တင်နိုင်ပြီ

ခရီးသွားချစ်သူများအတွက်  Grab app ထဲကတစ်ဆင့် ဟိုတယ်အခန်းငှားနိုင်တဲ့ လုပ်ဆောင်ချက်အသစ်ကို Grab က  Booking.com နဲ့ Agoda တို့နဲ့ ပူးပေါင်းပြီး မိတ်ဆက်လိုက်ပါပြီ။

Grab app ထဲကနေ ကားငှားရုံတင် မကတော့ဘဲ Hotels ဆိုတဲ့ အက်ပလီကေးရှင်းတွင်း လုပ်ဆောင်ချက်ကတစ်ဆင့် ခရီးသွားပါတနာဝက်ဘ်ဆိုက်တွေထဲက  ဈေးနှုန်းအစားစားနဲ့ ဟိုတယ်ခန်း နှစ်သန်းကျော်ကို  ဝင်ရောက်ကြည့်ရူပြီး ကိုယ့်ဘတ်ဂျက်အလိုက် စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ… ။  Grab အက်ပလီကေးရှင်းထဲကတစ်ဆင့်  ဝင်ရောက် ဘွတ်ကင်တင်တဲ့အတွက် ခရီးသွားချစ်သူတွေဟာ အထူးလျှော့ဈေးကို ခံစားရမှာဖြစ်ပါတယ်။

Grab ရဲ့ Hotels ဘွတ်ကင်ဝန်ဆောင်မှုက အသုံးပြုသူတွေကို လာမယ့်ပိတ်ရက်ခရီးအတွက်ပဲဖြစ်ဖြစ်၊ staycation နေပြီး နားချင်လို့ပဲ ဖြစ်ဖြစ် ဟိုတယ်တစ်ခုခုမှာ ဘွတ်ကင်တင်တဲ့အခါ ပိုပြီးစိတ်ကျေနပ်မှုရစေမှာပါ။ ဒီဝန်ဆောင်မှုက ပိတ်ရက်တွေမှာ မကြာခဏခရီးထွက်တတ်တဲ့ လုပ်ငန်းခွင်က လူငယ်တွေ၊ မိသားစုခရီးထွက်ဖို့ ဈေးအတန်ဆုံးတည်းခိုစရာ နေရာရှာချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ Hotels ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်းဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ ဘတ်ဂျက်တွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာ ဖြစ်တဲ့အပြင် Grab သုံးစွဲသူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း ရရှိခံစားရစေမှာပါ.။

Grab သုံးစွဲသူတွေအတွက် Hotels ဘွတ်ကင်ဝန်ဆောင်မှုကတစ်ဆင့် ရရှိမယ့် အကျိုးကျေးဇူးများ

  • Agoda – Grab ရဲ့ ပလက်တီနမ်အဆင့် အသုံးပြုသူများမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ အသုံးပြုမှုတိုင်းအတွက်  Grab App မှတစ်ဆင့် ဟိုတယ်ဘွတ်ကင်ပြုလုပ်တဲ့အခါ အမေရိကန်ဒေါ်လာ (၁၀) အထိ ပြန်လည်ရရှိနိုင်တဲ့ ဘောက်ချာများ ပေးအပ်သွားမှာ ဖြစ်ပြီး  ရွှေနဲ့ ငွေအဆင့် အသုံးပြုသူများမှာ အမေရိကန်ဒေါ်လာ  ဒေါ်လာအထိ ရရှိနိုင်မှာပါ။  ဒီအထူးအစီအစဉ်ကို ကမ္ဘာတစ်ဝန်းရှိ ဘယ်နေရာကို မဆို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ မတိုင်မီ တည်းခိုဖို့  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း ကြိုတင်ပြုလုပ်ထားတဲ့ ဘွတ်ကင်တွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတစ်ဦးဟာ  တစ်ကြိမ်သာ အထူးအစီအစဉ်မှာ ပါဝင်ခွင့်ရရှိမှာပါ။
  • Booking.com – Grab အသုံးပြုသူအားလုံး Booking.com အတွင်းရှိ သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ Grab App မှတစ်ဆင့် ဘွတ်ကင်ပြုလုပ်ပါက ကုန်ကျစရိတ်ရဲ့ ၁၀% ကို Cashback အနေနဲ့ ငွေသားပြန်အမ်းပေးမှာ ဖြစ်ပါတယ်  ဒီအထူးအစီအစဉ်ကို ကမ္ဘာတစ်ဝန်းရှိ ဘယ်နေရာကိုမဆို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ မတိုင်မီ တည်းခိုနိုင်ဖို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ကြိုတင်ပြုလုပ်ထားတဲ့ ဘွတ်ကင်တွေအတွက် အသုံးပြုနိုင်မှာပါ။  (Grab App တွင်းကတစ်ဆင့် Book.com တွင်း  ဟိုတယ်ခန်းများ ငှားရမ်းမှုနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေကို ဒီလင့်မှာ ဖော်ပြပေးထားပါတယ်)

သုံးစွဲပုံ အဆင့်ဆင့်

ဟိုတယ်ဘွတ်ကင်ယူဖို့ Grab app ထဲက ပင်မစာမျက်နှာမှာ ရှိတဲ့ “Hotels” ဆိုတဲ့ ပုံလေးကို နှိပ်ပါ။

ကြိုက်ရာ ဟိုတယ်ဘွတ်ကင်ဝက်ဘ်ဆိုက်ပါတနာကို ရွေးပြီး သင့်ခရီးစဉ်အတွက် နေချင်တဲ့ ဟိုတယ်ကို ဘွတ်ကင်လုပ်ရုံပါပဲ။

သင်ရဲ့ Grab အဖွဲ့ဝင်အဆင့်အလိုက် အလိုအလျောက် သင့်အတွက် အထူးလျှော့ဈေးကို ပြပေးသွားမှာပါ။