Grab စီးနင်းမှုအကြောင်းရေ ၂ ဘီလီယံအတွက် မှတ်တမ်းတင်ခြင်း – ပထမ တစ်ဘီလီယံ ပြည့်မီပြီး ကိုးလအကြာ

စီးနင်းမှုခရီးစဉ်အကြောင်းရေ  ၁ ဘီလီယံပြည့်ဖို့အတွက် အချိန် ၅ နှစ်ကျော်ကြာခဲ့ပေမယ့် နောက်ထပ် ၁ ဘီလီယံ ပြည့်ဖို့တော့ ကိုးလတောင်မကြာခဲ့ပါဘူး။ ရိုးရိုးလေးပြောရရင် ပြီးခဲ့တဲ့ကိုးလအတွင်းမှာ ကျွန်တော်တို့ဟာ ပထမငါးနှစ်တွင်းက ပေးခဲ့တဲ့ ဝန်ဆောင်မှုနဲ့တန်းတူ ပေးနိုင်ခဲ့ပါတယ်။

Grab ဟာ ၂၀၁၂ ခုနှစ်မှာ အမျိုးသမီးတွေအတွက် ပိုပြီးလုံခြုံစွာ သွားလာနိုင်ဖို့ဆိုတဲ့ ရိုးရှင်းတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အရှေ့တောင်အာရှတစ်ခွင်လုံးမှာ လွယ်ကူပြီး အဆင်ပြေချောမွေ့တဲ့  သယ်ယူပို့ဆောင်ရေးစနစ်ကို ပံ့ပိုးပေးနိုင်နေပါပြီ။

ပြီးခဲ့တဲ့ စီးနင်းမှုခရီးစဉ်အကြောင်းရေ ၁ ဘီလီယံ ပြည့်မီခဲ့တဲ့အချိန်မှာကတည်းက ကျွန်တော်တို့ဟာ ကီလိုမီတာ  ၆ ဘီလီယံကျော်သွားလာခဲ့ပြီး ဖြစ်နေပါပြီ။ ဒါဟာ ကမ္ဘာကို အကြိမ်ပေါင်း ၁၅၀,၀၀၀ ပတ်တာလောက်နီးပါး ရှိပါတယ်။ တချို့လူတွေက “လကမ္ဘာကို အသွားအပြန်လုပ်သလောက် မင်းကို ချစ်တယ်” လို့ပြောကြတဲ့အချိန်မှာ ကျွန်တော်တို့ Grab ရဲ့ ခရီးမိုင်ပေါင်းကတော့ သင်နဲ့အတူ နေမင်းကြီးဆီကို အသွားအပြန် ၂၂ ကြိမ်လုပ်သလောက်ရှိပြီး ဖြစ်နေပါပြီ။

ကမ္ဘာမြေကြီးပေါ်က ယာဉ်စီးနင်းမှုခရီးစဉ်တွေအားလုံးဟာ မတူညီကြပါဘူး။ စင်္ကာပူဟာ ဒေသတခွင်မှာ အသေးငယ်ဆုံးနိုင်ငံဖြစ်နေပေမယ့် ခရီးစဉ်တစ်ခုချင်းစီရဲ့ ပျမ်းမျှအကွာအဝေးဟာ အရှည်ဆုံးဖြစ်ပါတယ်။ သူ့ ခရီးစဉ်တစ်ခုရဲ့ ၁၁ ကီလိုမီတာမှာ ကမ္ဘောဒီးယားရဲ့  ခရီးစဉ်တစ်ခုထက် သုံးဆနီးပါးလောက် ပိုပြီး ကွာဝေးပါတယ်။

စင်္ကာပူဟာ ခရီးအကွာအဝေးအရှည်ဆုံးသွားရုံတင်မကပဲ GrabPay သုံးစွဲမှုမှာ ဘုရင်တစ်ပါးလည်းဖြစ်ပါတယ်။ အဲဒီနိုင်ငံတွင်း စီးနင်းမှုခရီးစဉ်အားလုံးရဲ့ လေးပုံသုံးပုံကျော်မှာ ငွေသားကို အသုံးမပြုဘဲ Grab ရဲ့ e-wallet ၊ GrabPay တို့နဲ့ပေးချေထားတာ တွေ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ခရီးစဉ်တစ်ခုရဲ့ ပျမ်းမျှအကွာအဝေးဟာ ၅ ကီလိုမီတာရှိပြီး ဒေသတစ်ခွင်မှာ ဒုတိယ အတိုဆုံး ခရီးစဉ်လို့ ပြောလို့ ရပေမယ့် ကျွန်းစုအတွင်းမှာရှိတဲ့ အသုံးပြုသူတွေနဲ့ ယာဉ်မောင်းတွေဟာ အချင်းချင်း ပြောဆိုဆက်ဆံမှုအများဆုံးဖြစ်ပြီး ခရီးစဉ်တစ်ခုအတွင်းမှာ  in-app chat ကို အသုံးပြုပြီး ဆက်သွယ်ပြောဆိုထားတဲ့ မက်ဆေ့ချ်ပျမ်းမျှ ၅ ခုလောက်ရှိတာ တွေ့ရပါတယ်။

၂ ဘီလီယံ ကာလ

ဇူလိုင်လ ၇ ရက်၊ စနေနေ့မှာ ကျွန်တော်တို့ဟာ ၂ ဘီလီယံ ပြည့်မီတဲ့အခိုက်အတန့်ကို ဖြတ်ကျော်ခဲ့ပါတယ်။ ကျွန်တော်တို့ကို သမိုင်းမှတ်တိုင်အသစ်ဆီ ခေါ်ဆောင်သွားတဲ့အချိန်ဟာ အတိအကျအားဖြင့် ၁၀း၁၉း၄၄ (ဂရင်းနစ်အချိန် +၈) မှာဖြစ်ပြီး နိုင်ငံပေါင်း ၇ နိုင်ငံရှိ မြို့ ပေါင်း ၂၁ မြို့ထဲမှာ ခရီးစဉ်ပေါင်း ၁၀၂ ကြောင်းကို စတင်နေခဲ့တဲ့အချိန်ဖြစ်ပါတယ်။ ဒီစုစုပေါင်း စီးနင်းမှုခရီးစဉ်အားလုံးရဲ့ ထက်ဝက်ခန့်ဟာ ဂျာကာတာမြို့ တစ်မြို့ တည်းတွင်းက ဖြစ်နေပါတယ်။

အဲဒီစက္ကန့်ပိုင်းမှာပဲ  အများနဲ့ ယာဉ်မျှဝေစီးနင်းတဲ့ တစ်ခုတည်းသော ခရီးစဉ်မှာ ခရီးသည်သူစိမ်းနှစ်ယောက်ဟာ စင်္ကာပူမှ Marina Square ဆီ ဦးတည်သွားနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ မလေးရှားနိုင်ငံမြောက်ပိုင်း Klang Valley မှာ

Grab ရဲ့ သက်တမ်းကြာ မိတ်ဆွေခရီးသည်တွေထဲက တစ်ယောက်ဟာ သူ့ရဲ့  ၈၇၈ ကြိမ်မြောက် ခရီးစဉ်ကို စီးနင်းနေခဲ့ပါတယ်။ ၃ ကီလိုမီတာအကွာအဝေးမှာတော့ Grab နဲ့ လက်တွဲတာ လေးရက်သာရှိသေးတဲ့ ယာဉ်မောင်းအသစ်ဟာ သူမောင်းနှင်တဲ့ GrabCar မှာ အဲဒီတစ်နေ့တာရဲ့ဒုတိယခရီးစဉ်အတွက် ယာဉ်မောင်းခကို ရယူပြီးဖြစ်နေပါပြီ။  

“ ပထမတစ်ကြိမ် စီးနင်းမှုခရီးစဉ်အကြောင်းရေ တစ်ဘီလီယံပြည့်ဖို့ ခရီးစဉ်ဟာ အရမ်းကြာညောင်းသလို ခံစားခဲ့ရတယ်။ ဒါပေမယ့် နောက်ကိုးလအတွင်းမှာပဲ ကျွန်တော်တို့ဟာ ခရီးစဉ်အကြောင်းရေ ၂ ဘီလီယံကို ကျော်ဖြတ်နိုင်ခဲ့တယ်” လို့ Grab ရဲ့ Group CEO နဲ့ ပူးပေါင်းတည်ထောင်သူ Anthony Tan က ပြောခဲ့ပါတယ်။ “ ဒီအောင်မြင်မှုတွေဟာ နိုင်ငံပေါင်း ရှစ်နိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၂၂၅ မြို့မှာ လုပ်ငန်းစတင်လည်ပတ်နိုင်အောင်၊ လူအများ နှစ်ခြိုက်သုံးစွဲကြတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်လာအောင် ကြိုးစားလုပ်ကိုင်ကြတဲ့  အဖွဲ့သားတွေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေကြောင့်သာ ရလာတာဖြစ်ပါတယ်။ နောက်ထပ် ခရီးစဉ်ကြောင်းရေ ၁ ဘီလီယံပြည့်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ သူက ဆိုပါတယ်။