မိတ်ဆွေ ဟာ ခရီးသည်ကို Rating သတ်မှတ်ပေးလို့ရပြီနော်

မိတ်ဆွေတို့ ခရီးစဉ်တိုင်းရဲ့ အခက်အခဲများကို

Grab မှ အချိန်နဲ့တပြေးညီသိရှိနိုင်ရန်အတွက်ဖြစ်ပါတယ်ခင်ဗျာ။

ခရီးသည်ကို Rating သတ်မှတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?

ခရီးစဉ်ပြီးဆုံးတဲ့အခါ ခရီးသည်က မိတ်ဆွေကို

( 5 Star Rating ) ကြယ် သတ်မှတ်ပေးသကဲ့သို့

မိတ်ဆွေကလည်းခရီးသည်ကို Rating ကြယ် ပြန်လည်သတ်မှတ်ပေးလို့ရတဲ့လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။ ဉပမာ –

  • ကားငှားပြီး ကားဆီလာဖို့နောက်ကျနေတဲ့ခရီးသည်
  • ခရီးစဉ်ကြေး အပြည့်မပေးသွားသည့်ခရီးသည်
  • ဆက်သွယ်လို့မရတဲ့ခရီးသည်

အမျိုးမျိူးသော ခရီးစဉ်နှင့်ပက်သက်သော အဆင်မပြေမှုများကို ခရီးစဉ်ပြီးဆုံးတဲ့အခါ မှတ်ချက်ပေးလို့ရမှာဖြစ်ပါတယ် ခင်ဗျာ။

မကြာခင် အချိန်တိုအတွင်းမှာ မိတ်ဆွေတို့အားလုံး

အသုံးပြုနိုင်တော့မှာပါ။

မိတ်ဆွေ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ရန်အတွက်

မိတ်ဆွေရဲ့ Grab Driver အက်ပလီကေးရှင်းဟာ

Update ဖြစ်ဖို့လိုအပ်ပါတယ်