၂၀၂၆ ခုနှစ် “မိတ်ဖက်အကူအညီ ရန်ပုံငွေ” ရယူနိုင်ဖို့ သတ်မှတ်ချက်အသစ်များ

မိတ်ဖက်တွေရဲ့ နေ့စဉ် ဖြတ်သန်းမှုမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်စေရေးအတွက် မိတ်ဖက်အကူအညီရန်ပုံငွေကို  ၂၀၂၂ ခုနှစ် ဩဂုတ်လ က စတင်ပြီး နှစ်စဉ် ပံ့ပိုးပေးလာခဲ့တာ အခု   ၅ နှစ်နီးပါး ရှိခဲ့ပါပြီ။ 

Grab ပလက်ဖောင်းပေါ်မှာ အမှီပြုလုပ်ကိုင်နေကြတဲ့ မိတ်ဖက်တွေ တစ်နေ့တစ်ခြား များပြားလာတဲ့အလျောက် အမှန်တကယ် တစ်စိုက်မတ်မတ် မောင်းနှင်ပို့ဆောင်နေကြတဲ့ မိတ်ဖက်တွေအတွက် ရန်ပုံငွေကို ပိုမို ထိရောက်စွာ ပံ့ပိုးပေးနိုင်ဖို့ Grab Myanmar အနေနဲ့  အခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စပြီး မိတ်ဖက်အကူအညီရန်ပုံငွေလျှောက်ထားနိုင်မယ့် သတ်မှတ်ချက်တွေကို အောက်ပါအတိုင်း ပြင်ဆင်ထားပါတယ်။ တစ်ဦးချင်းစီ လျှောက်ထားနိုင်တဲ့ ရန်ပုံငွေပမာဏကတော့ အပြောင်းအလဲမရှိဘဲ အများဆုံး  ၁၀၀,၀၀၀ ကျပ်အထိ ရယူနိုင်မှာပါ။

✔️ ဘယ်သူတွေ လျှောက်ထားနိုင်မလဲ

ပလက်ဖောင်းပေါ် လက်ရှိမောင်းနှင်နေတဲ့ မိတ်ဖက်များအားလုံး ( ယာဉ်မောင်း နဲ့ ပို့ဆောင်သူများ )ထဲက  

ပြီးခဲ့တဲ့ ၆ လအတွင်း တစ်လကို အနည်းဆုံး ခရီးစဉ် (သို့) အော်ဒါ ၁၅ ကြောင်းစီ ပြည့်မီသူများ

✔️ဘယ် အချိန်မှာ လျှောက်ထားနိုင်မလဲ 

  • ဖြစ်စဉ်က လျှောက်ထားချိန်နဲ့ ၃ လအတွင်းဖြစ်ရပါမယ်။  ( ဉပမာ_   မတ်လအတွင်း ကိစ္စရပ်တွေအတွက် ဇွန်လအထိ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်) 
  • ပြက္ခဒိန်နှစ်အလိုက် တစ်နှစ်မှာ တစ်ကြိမ် လျှောက်ထားနိုင်ပါတယ်။

✔️လျှောက်ထားနိုင်မယ့် အကြောင်းကိစ္စရပ်များ

🙌 ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ

🙌 ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် – ဇနီးနဲ့ သားသမီး)

🙌 အသက်ဆုံးပါးမှုနဲ့ နာတာရှည်မသန်စွမ်းမှုများ ( ယာဉ်မောင်းကိုယ်တိုင်)

🙌 သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ

🙌 အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု

🙌 အသက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)

လျှောက်ထားမှုတိုင်းအတွက် ပြည့်စုံတဲ့ စာရွက်စာတမ်းတွေ လိုအပ်မှာပါ။  

အလုပ်လုပ်နေချိန် Grab ခရီးစဉ်အတွင်း ဖြစ်တဲ့ ကိစ္စရပ်တွေအတွက် မတော်တဆထိခိုက်မှုအာမခံကိုလည်း ပုံမှန်အတိုင်း ဆက်လက်ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။

မိတ်ဖက်တို့အနေနဲ့ အကူအညီ ရန်ပုံငွေ လိုအပ်လာပြီဆိုရင် အောက်က Help Center လင့်ခ်ကနေတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ပါတယ်။

မိတ်ဖက် အကူအညီ ရန်ပုံငွေလျှောက်ထားလိုတဲ့အခါ လိုအပ်တဲ့ အထောက်အထားများ

ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ

  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် (ဇနီးနဲ့ သားသမီး)
ကိုယ်တိုင်

  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

ဇနီးနှင့် သားသမီးအတွက် 

  • အိမ်ထောင်စုစာရင်း
  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

အသက်ဆုံးပါးမှု  ( မိတ်ဖက်ယာဉ်မောင်း သာ)

  • နာရေးဖိတ်စာ (သို့မဟုတ်) သေစာရင်း

နာတာရှည်မသန်စွမ်းမှုများ  (( မိတ်ဖက်ယာဉ်မောင်း သာ)

  • လူနာ နာမည်ပါသော ဆေးစာအုပ်ပုံ
  • ဆေးမှတ်တမ်း
  • ဘောက်ချာ (ဆေးခန်း/ဆေးရုံ နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ

  • ဘောက်ချာ ( Workshop ဆိုင်နာမည်၊ လိပ်စာပါသောဘောက်ချာ သို့မဟုတ် ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု

  • ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် ကားပုံ ( ကားနံပါတ် သို့မဟုတ် City Taxi နံပါတ်ပေါ်အောင်ရိုက်ထားသည့်ပုံ)
  • ဘောက်ချာ ( Workshop ဆိုင်နာမည်၊ လိပ်စာပါသောဘောက်ချာ သို့မဟုတ် ဆိုင်တံဆိပ်တုံးပါသော ဘောက်ချာ)

သက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)
ကိုယ်တိုင်

  • ဘောက်ချာ (သင်တန်း နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) သင်တန်းတံဆိပ်တုံးပါသော ဘောက်ချာနှင့် သင်တန်းပြီးစီးကြောင်း အထောက်အထား)

သားသမီး

  • အိမ်ထောင်စုစာရင်း
  • ဘောက်ချာ (သင်တန်း နာမည်၊ လိပ်စာပါသော ဘောက်ချာ (သို့မဟုတ်) သင်တန်းတံဆိပ်တုံးပါသော ဘောက်ချာ နှင့် သင်တန်းပြီးစီးကြောင်း အထောက်အထား)

စီးတီးတက်စီ လိုင်စင်လျှောက်ခြင်းနဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) အသင်းဝင်ခြင်း ကုန်ကျစရိတ်

  • ကုန်ကျစရိတ်ဘောက်ချာ လိုအပ်ပါတယ်။

အမေးများသောမေးခွန်းများ 

မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေအစီအစဉ်တွင် တစ်ဦးလျှင် ပမာဏဘယ်လောက် လျှောက်ထားနိုင်ပါသလဲ။ 

တစ်ဦးကို အများဆုံး ငွေ ၁၀၀,၀၀၀ ကျပ်ထိ လျှောက်ထားနိုင်ပါတယ်။ 

မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေအတွက် ယာဉ်မောင်း/ အစားအသောက်ပို့ဆောင်သူအား ငွေဘယ်လိုလွှဲပေးမှာလဲ။ 

 သက်ဆိုင်ရာ အထောက်အထားများ တင်ပြီး Grab မှ ပြန်လည်ဆက်သွယ်သည့်အချိန်မှစ၍ တစ်ပတ်အတွင်း Cash Wallet က တစ်ဆင့် လွှဲပေးမှာပါ။ 

မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို ဘယ်နှစ်ကြိမ်လျှောက်ထားနိုင်ပါသလဲ။ 

တစ်ဦးလျှင် ပြက္ခဒိန် တစ်နှစ်အတွင်း တစ်ကြိမ်သာ လျှောက်ထားနိုင်ပါတယ်။ 

ယာဉ်မောင်း/ အစားအသောက်ပို့ဆောင်သူမှ စကားမပြောနိုင်ပါက မိသားစုဝင်မှ ကိုယ်စားလျှောက်ထားနိုင်ပါသလား။ 

လျှောက်ထားနိုင်ပါတယ်။ 

လွန်ခဲ့သော ၆ လအတွင်း တစ်လလျှင် Grab ခရီးစဉ် / အော်ဒါ ၁၅ ကြောင်း ရှိရမည့်သတ်မှတ်ချက်နှင့်မကိုက်ညီသူများအတွက် အခြားအစီအစဉ်ရှိပါသလား။

ယခုသတ်မှတ်ချက်နှင့် ကိုက်ညီမှသာ မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အစီအစဉ်တွေရှိခဲ့ရင် အကြောင်းကြားပေးသွားပါမယ်။

ဘာကြောင့် သတ်မှတ်ချက်ကို တိုးမြှင့်လိုက်တာလဲ။

Grab ပလက်ဖောင်းပေါ်မှာ မိတ်ဖက်တွေ များပြားလာတာနဲ့အမျှ အမှန်တကယ်မောင်းနှင်နေတဲ့ မိတ်ဖက်တွေကို ပိုမိုထိရောက်စွာ အကူအညီပေးနိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ သားသမီး ၂ ယောက်ရှိပါတယ်။  ၂ ယောက်စလုံးရဲ့ ပညာရေးအတွက် လျှောက်ထားနိုင်ပါသလား။ 

မိတ်ဖက်တစ်ဦးလျှင် တစ်နှစ်အတွင်း တစ်ကြိမ်သာ လျှောက်ထားခွင့်ရှိပြီး သက်မွေးဝမ်းကျောင်းသင်တန်းအတွက် ပံ့ပိုးပေးတာဖြစ်ပါတယ်။

ယာဉ်တိုက်မှုမှာ ပျက်စီးသွားတဲ့ ကားပြင်စရိတ်အတွက် လျှောက်ထားနိုင်တယ်ဆိုတော့ ဘယ်လိုအထောက်အထားပြရမှာလဲ။ 

ကားဝပ်ရှော့မှ ပြေစာအား ပြသလျှောက်ထားနိုင်ပါတယ်။

တစ်ဦးချင်း သတ်မှတ်ပမာဏ ၁ သိန်းထက် ပိုကုန်ကျတယ်ဆိုရင် ဘယ်လိုလုပ်ပေးမလဲ။

ယခုအစီအစဉ်မှာ ရန်ပုံငွေလျှောက်ထားမှုအတွက် ငွေကျပ် ၁ သိန်းအထိပဲ အများဆုံး သတ်မှတ်ထားပါတယ်။

လျှောက်ထားဖို့ အတွက် မည်သည့် စာရွက်စာတမ်းများ လိုအပ်ပါသလဲ။ 

လျှောက်ထားသူရဲ့  မှတ်ပုံတင် (မိတ္တူ)၊ သန်းခေါင်စာရင်း (မိတ္တူ)၊ လျှောက်ထားမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် ကုန်ကျစရိတ်ဘောက်ချာများ၊  ဥပမာ ဆေးရုံ/ ဆေးခန်းပြမှုအတွက် လျှောက်ထားမည်ဆိုပါက ဆေးရုံ/ ဆေးခန်းဆိုင်ရာ အထောက်အထားများနဲ့ ကုန်ကျစရိတ်ဘောက်ချာများ လိုအပ်ပါတယ်။

မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေကို ဘယ်လို လျှောက်ရမလဲ။

မိတ်ဖက်အကူအညီ ရန်ပုံငွေကို ဖော်ပြပါ Help Center မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။