Menu

Driver Statement လုပ်ဆောင်ချက်ကို မိတ်ဆက်ခြင်း

မိတ်ဆွေတို့ကို Grab နဲ့လက်တွဲရတာ ပိုမိုအဆင်ပြေ လွယ်ကူစေဖို့ ကြိုးပမ်းလျက် ရှိနေတာနဲ့အညီ အခုအခါမှာ Grab ကနေပြီးတော့ မိမိရဲ့ ဝင်ငွေဘယ်လောက်ရရှိတယ်ဆိုတဲ့ ငွေကြေးလွဲပြောင်းမှု ဖော်ပြချက် (Driver Statement) ကို မိမိတို့ရဲ့ ယာဉ်မောင်း App ထဲမှာတင် စစ်ဆေးကြည့်ရှုနိုင်အောင် ပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ မိတ်ဆွေယာဉ်မောင်းတွေနဲ့ Grab ကြားက ငွေအလွဲအပြောင်းကိစ္စတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှု ခြေလှမ်းတစ်ရပ် ဖြစ်လာမှာပါ။

Driver Statement ဆိုတာ?

Driver Statement ဟာ မိတ်ဆွေယာဉ်မောင်းတို့ရဲ့ နေ့စဉ်နဲ့၊ အပတ်စဉ်ဝင်ငွေ ဖော်ပြမှုအနှစ်ချုပ်လို့ ပြောနိုင်ပါတယ်။ Driver Statement ဟာ တစ်ရက်ချင်းနဲ့၊ တစ်ပတ်စာအတွက် ခရီးစဉ်တစ်ကြောင်းစီရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးထားမှာ ဖြစ်တာကြောင့် မိတ်ဆွေတို့အနေနဲ့ မိမိထံ ရရှိရမယ့် Incentive ဝင်ငွေအသေးစိတ်ကို တိုက်ဆိုင်စစ်ဆေးနိုင်မှာပါ။

Driver Statement Feature ဟာ ယာဉ်မောင်းအားလုံးထံမှာ ရရှိနေပြီ ဖြစ်တာကြောင့် Play Store / App Store ကနေတစ်ဆင့် Grab Driver App ကို Latest Update လုပ်ထားကြဖို့ မမေ့ပါနဲ့နော်။

Driver Statement ကိုဘယ်လိုအသုံးပြု ကြည့်ရှုမလဲ?

Driver Statement ကို ဘယ်မှာ ကြည့်နိုင်မလဲ? ဒါကပထမအကျဆုံးမေးခွန်းပါ။ Driver Statement ကို သင့်အနေနဲ့ History Tab ထဲမှာ ကြည့်နိုင်ပါတယ်။ History ထဲမှာ သင့်အနေနဲ့ Day နဲ့ Week Tab နှစ်ခုကိုတွေ့ရမှာ ဖြစ်ပြီး ဒီအထဲက Week ထဲကို ဝင်ရောက်ရမှာပါ။

အပတ်စဉ်ဝင်ငွေတွေကိုဖော်ပြထားတဲ့ ‘Week’ ရဲ့ ဇယားအောက်ဖက်နားမှာ ရက်တွေနဲ့တကွ အဆိုပါရက်သတ္တပတ်အတွက် တစ်ရက်ချင်းဝင်ငွေကိုဖော်ပြထားတဲ့ ကြားထဲက ‘Partner Statement’ ဆိုတဲ့ Tab ကိုနှိပ်လိုက်ရင်…

တစ်ပတ်အတွင်းဝင်တဲ့ မိမိရဲ့ ကားခ၊ Incentive၊ Promotion တွေကို Earning အနေနဲ့ အပေါ်ဖက်မှာ တွေ့နိုင်မှာ ဖြစ်ပြီး အောက်ဖက်မှာတော့ Grab ရဲ့ ကော်မရှင်၊ စတဲ့ပြန်နှုတ်ငွေတွေကို ပြသထားတာကို တွေ့နိုင်မှာပါ။

တကယ်လို့ သင့်အနေနဲ့ အပြည့်အစုံထပ်မံသိချင်သေးတယ်ဆိုရင်တော့ အောက်ဆုံးက ‘View Complete Partner Statement’ ကိုနှိပ်လိုက်တာနဲ့ သင့်ရဲ့ တစ်ပတ်တာ ဝင်ငွေ၊ ထွက်ငွေ အသေးစိတ်အပြည့်အစုံ တစ်ရက်ချင်းစီရဲ့ ခရီးစဉ်တစ်ကြောင်းစီကိုဖော်ပြထားတဲ့ PDF file Statement ကိုဒေါင်းလုဒ်ဆွဲသွားတာ တွေ့ရမှာပါ။

ကဲဒီလောက် အသေးစိတ်ကျတဲ့ Driver Statement လုပ်ဆောင်ချက်ဟာ နောက်ဆုံးမှာတော့ မိတ်ဆွေယာဉ်မောင်းတို့ထံ တိုက်ရိုက် ရောက်ရှိလာတော့မှာပါ။ လတ်တလော မိတ်ဆွေတို့ရဲ့ History >> Week ထဲက Partner Statement ဟာ ဘာမှမပေါ်သေးတာ ဒါမှမဟုတ် နှိပ်လို့မရသေးတာဆိုရင်တော့ လုပ်ဆောင်ချက်က မရရှိသေးတာ ဖြစ်နိုင်ပြီး မိတ်ဆွေတို့ Driver App ဟာလည်း နောက်ဆုံး Latest Update ဖြစ်နေဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့နော်။